ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၃

ရဲ့အနားစွန်းနှစ်ဖက်ဟာ ရှည်ရှည်ဆွဲလေ ပိုဝေးလေဖြစ်တယ်။ ဘယ်တော့မှပေါင်းဆုံ နိုင်မှာမဟုတ်ဘူး။ အဲဒါဟာ စစ်တပ်နဲ့ဒီမိုတွေဖြစ်နေတဲ့အခြေအနေပဲ။ ငါတို့က Y လိုမျိုး အဲ ဒီမပေါင်းဆုံတာကို ဆွဲယူပြီး လမ်းကြောင်းတခုတည်းဖြစ်အောင်လုပ်မယ်”အထက်ပါစကားစုဟာ ကျွန်တော်မြန်မာပြည်ပြန်သွားတုန်းက တတိယအုပ်စုလို့ ကိုယ့် ကိုယ်ကို ခံယူတဲ့ သူငယ်ချင်းတယောက်ရဲ့စကားဖြစ်ပါတယ်။

ကျွန်တော့်သူငယ်ချင်းနဲ့ နိုင် ငံရေးအကြောင်းကို သူ့အမြင်ကိုယ့်အမြင် တော်တော်လေးဖလှယ်ဖြစ်ခဲ့ပါတယ်။ အစပိုင်း မှာ သူကကျွန်တော့်ကို အစွန်းရောက်တဲ့ သဘောထားတင်းမာတဲ့လူလို့ထင်နေပါတယ်။ ပြောဆိုငြင်းခုန်ရင်းနဲ့ နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ သူမသိထားတဲ့ သူမသိ လိုက်ရတဲ့ အချက်အလက်တွေအများကြီးရှိနေသေးတယ်လို့ ၀န်ခံပါတယ်။

ဘာကြောင့်လဲ ဆိုတော့ မျက်စိပိတ်နားပိတ်ခံနေရတဲ့ အနေအထားမှာ သူ့အနေနဲ့ ထိတွေ့ခွင့်ရတဲ့ ပြည် တွင်းမီဒီယာက အချက်အလက်တွေကိုအခြေခံပြီး လမ်းကြောင်းရှာထားရလို့ပဲဖြစ်ပါတယ်။သူ့အမြင်ရဲ့အကျဉ်းချုပ်ကတော့ စိတ်ရှည်သည်းခံပြီး ကိုယ်လိုချင်တဲ့လမ်းကြောင်းပေါ်ကို တဖြေးဖြေးနဲ့ဆွဲဆောင်သွားရမယ် ဆိုတာပါပဲ။ ကျွန်တော်က မင်းရဲ့ယုံကြည်ချက်တွေ အကောင်အထည်ဖေါ်ဖို့ အချိန်ဘယ်လောက်ကြာမလဲလို့ မေးတဲ့အခါ သူတိတိကျကျ မပြောနိုင်ပါဘူး။ အနဲဆုံးတော့ အနှစ်၂၀ လောက်ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ပြောပါတယ်။

ဒါက တတိယအုပ်စုလို့ခံယူနေတဲ့သူတွေထဲက တယောက်ရဲ့အတွေးအမြင်တွေပါ။ အဲဒီတတိယအုပ်စုလို့ခံယူနေကြသူတွေထဲမှာလဲ ပုံစံကွဲတွေအမျိုးမျိုးရှိပါတယ်။ ကျွန်တော် မြင်သလောက်ဆို အကြမ်းဖျင်းအရ သုံးမျိုးလောက်ရှိပါတယ်။ အဖြူထည်အုပ်စု၊ ရောင်စုံ အုပ်စုနဲ့ ၀ါဒဖြန့်အုပ်စုတို့ပါပဲ။ အဖြူထည်အုပ်စုဆိုတာက ခုနကကျွန်တော့်သူငယ်ချင်းလို တိုင်းပြည်ကိုတိုးတက်စေချင်တဲ့ စေတနာအရင်းခံအုပ်စုပါ။ သူတို့တွေထဲမှာ ပညာတတ်လူ ငယ်တွေ ဘာသာရေးကိုစိတ်ဝင်စားတဲ့လူတွေအများစုပါဝင်ပြီး အရာရာကိုငြိမ်းချမ်းစွာနဲ့ ဖြေရှင်းဖို့ လိုလားပါတယ်။


နောက်ပြီး ဒီမိုအရေးလှုပ်ရှားနေသူတွေကို သိပ်အယုံကြည်မရှိ တဲ့လူတွေများပါတယ်(များဆို...ဆရာသမားတွေကလဲ နှစ်နှစ်ဆယ်ကြာတာတောင် ဘာမှ လောက်လောက်လားလားမလုပ်နိုင်ခဲ့ဘူးမဟုတ်လား) ။ရောင်စုံအုပ်စုကတော့ လူကောင်းနည်းပြီး လူခပ်ရှုပ်ရှုပ်တွေများပါတယ်။ ဒီအုပ်စုထဲမှာ ငါးမင်းဆွေတို့အေးလွင်တို့လို ဒီမိုထွက်တွေကအစ ပညာရှင်ယောင်ယောင်လူတွေအဆုံး အမျိုးမျိုးပါဝင်နေကြပြီး စစ်တပ်နဲ့ပေါင်းလုပ်ဖို့ကို တော်တော်လေးစိတ်အားထက်သန်ပါ တယ်။

(အထူးသဖြင့် စီးပွါးရေးတွေမှာပေါ့လေ) သူတို့က ဒီမိုသမိုင်းကြောင်းတွေရှိနေတော့ စစ်တပ်က သူတို့ကိုယုံအောင် ဒေါ်စုနဲ့ဒီချုပ်ကို အဓိကထားတိုက်ခိုက်ပြနေကြတယ်။ သူတို့ ကသာလျှင် တိုင်းပြည်ငြိမ်းချမ်းဖို့တိုးတက်ဖို့ လုပ်ဆောင်နိုင်သလိုလိုအပေါက်မျိုးချိုးကြပါ တယ်။ သူတို့အုပ်စုထဲမှာ တိုင်းပြည်အပေါ်စေတနာထားတာထက် ကိုယ့်အတ္တကို တည်ဆောက်နေသူက အများစုလို့ယူဆပါတယ်။ ဒါကြောင့်လည်း သူတို့အုပ်စုက နည်း နည်းရင်း များများမြတ်နိုင်တဲ့ လမ်းကြောင်းကိုရှာနေတာပါ။

လောလောဆယ်တော့၂၀၁၀ ရွေးကောက်ပွဲပေါ့လေ။နောက်တအုပ်စုဖြစ်တဲ့ ၀ါဒဖြန့်အုပ်စုကိုတော့ အထူးပြောစရာမရှိပါဘူး နဂိုကတည်းက စစ် တပ်အတွက်ဝါဒဖြန့်နေတာပါ။ သူတို့မှာ ခံယူချက်တွေ ယုံကြည်ချက်တွေ ဘာမှလောက် လောက်လားလားမရှိပါဘူး။ စားကောင်းသောက်ကောင်းအောင် ထထအော်နေတာသာဖြစ် ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုအုပ်စုတွေခွဲပြီးတဲ့နောက်မှာ နောက်ထပ် သူတို့နဲ့ ပတ်သက်လို့ မြင်သလောက်ပြောရမယ်ဆိုရင် ပထမဆုံးအဖြူထည်အုပ်စုကို အရင်ဆုံး ပြောချင်တာက မြန်မာ့နိုင်ငံရေးဟာ နက်ရှိုင်းရှုပ်ထွေးပါတယ်။

စာအုပ်ကြီးတွေထဲက ပုံသေ နည်းတွေ နှိုင်းယှဉ်ချက်တွေကို တရားသေသုံးလို့မရပါဘူး။ အထူးသဖြင့် မျိုးဆက်သစ်လူ ငယ်တွေဟာ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ဘာမှမသိကြသေးတာ များပါတယ်။ တိုင်း ရင်းသားတွေဟာ ဗမာတွေကို ဘယ်လိုသဘောထားတယ်၊ သူတို့ဘာကိုလိုချင်သလဲ၊ ဘယ်လိုဖြေရှင်းရမလဲ အစရှိတဲ့ စိန်ခေါ်မှုတွေကို ရှင်းနိုင်ဖို့လိုအပ်ပါတယ်။

နောက်တခုကတော့ ဒီအဖြူထည်အုပ်စုက အာဏာရှင်တွေရဲ့ယုံကြည်မှုကို ရလိမ့်မယ်လို့ သူတို့မျှော်မှန်းနေပါတယ်။ တကယ်တော့ အာဏာရှင်ဆိုတာ ကိုယ့်ကိုယ်ကိုကလွဲရင် ဘယ်သူ့ကိုမှ မယုံကြည်တတ်ပါဘူး။ တခြားလူဆိုတာခဏထား အမြဲတမ်းလက်တွဲလာတဲ့ ကိုယ်လုပ်ဖေါ်ကိုင်ဖက်ကိုတောင် မယုံကြည်ပါဘူး။ ယုံနေသလိုဟန်ဆောင်တာပဲရှိပါတယ်။ ဒါကြောင့်လည်း အဏာရှင်ရယ်လို့ဖြစ်နေတာပါ။ အာဏာရှင်စနစ်ကိုချုပ်ငြိမ်းစေချင်ရင် အာဏာရှင်ကိုဖြုတ်ချရပါမယ်။

အဲဒီလိုမှမဟုတ် ပေါင်းလုပ်ရင်းနဲ့တဖြေးဖြေးပြောင်းယူမယ် ဆိုတာက မြန်မာ့နိုင်ငံရေးလမ်းဟောင်းကြီးကို လိုက်နေတာပဲဖြစ်ပါတယ်။ ဘိုနေ၀င်းအာ ဏာသိမ်းထားတုန်းကလည်း အဲဒီခေတ်က ပုဂ္ဂိုလ်တော်တော်များများလုပ်ခဲ့ဖူးပါတယ်။ သူတို့က ဘိုနေ၀င်းကို သိမ်းသွင်းဖို့ဆိုတာထက် သူတို့ကို ဘိုနေ၀င်းကပဲ သိမ်းသွင်းပြီး အသုံးချတာတွေ ကန်ထုတ်တာတွေခံလိုက်ရပါတယ်။ နာမည်ကြီးခဲ့တဲ့ကြွေးကြော်သံတခု တောင်ကျန်ခဲ့ပါသေးတယ်။

ဘာတဲ့ ဆိုရှယ်လစ်စနစ်တည်ဆောက်မယ်ဆိုရင် ခွေးကတက် ကပဲနေရနေရပူးပေါင်းပါဝင်မယ် ဆိုတာပါပဲ။ အဖြူထည်အုပ်စုတော်တော်များများဟာ လူလတ်တန်းစားပညာတတ်အများစုဖြစ်ပါတယ်။ အတွေးအခေါ်ရှိတဲ့လူတွေဆိုတော့ တိုင်းပြည်ကိုတခုခုလုပ်ပေးချင်တဲ့စိတ်တွေရှိပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာက ကောင်းတာလုပ်ဖို့မလွယ်ပါဘူး (ဘုန်းကြီးတရားဟော တာတောင် ၀န်ခံချက်လက်မှတ်ထိုးရတယ်မဟုတ်လား)။ ဒီတော့ ကောင်းတာလုပ်တဲ့သူ တွေဟာ ခက်ခက်ခဲခဲလုပ်ရမယ်၊ ပြဿနာတွေတက်နိုင်တယ်ဆိုတာ သူတို့သိထားပါတယ်။

မလုပ်ပဲနေဖို့ကလည်း စဉ်းစားဥာဏ်ရှိတဲ့လူတွေဖြစ်တော့ ကိုယ့်လိပ်ပြာကိုယ်မလုံဘူးပေါ့ လေ။ဒါနဲ့ပဲ ကိုယ့်လိပ်ပြာလည်းလုံ ပြဿနာလည်းမတက်နိုင်တဲ့ ၂၀၁၀ကြီးကိုရွေးပြီး ဒါဟာလက်တွေ့ကျတယ် ဘာတယ်ညာတယ်ပေါ့လေ ထအော်ကြတာပဲလို့မြင်ပါတယ်။ ကိုယ့်လူတွေကို အာမနာတမ်းပြောရရင် သားသမီးလည်းရချင်တယ် ဟ၀ှာပြုရမှာလည်း ကြောက်တယ်ဆိုတဲ့ အပျိုကြီးတွေလိုပဲလို့ မြင်ပါတယ်။ စစ်တပ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင် ပြည်သူတွေ သေကျေပျက်စီးတာတွေ ဘာတွေဖြစ်မှာ ဘာညာနဲ့လည်းပြောတတ်ကြပါ တယ်။

အခုလည်းဘာထူးလို့တုန်း လူတွေမသေသေးတာကလွဲရင် ကျေပြီးပျက်စီးနေကြ တာပဲမဟုတ်လား။စစ်တပ်ကလိုက်လျောမှုတွေ ပူးပေါင်းမှုတွေရဖို့ဆိုရင် သူတို့လေးစား(သို့)ကြောက်နိုင် လောက်တဲ့ အနေအထားမျိုး ကိုယ့်ဖက်မှာရှိဖို့လိုပါတယ်။ အထူးသဖြင့် မြန်မာအာဏာရှင် တွေဟာ လေးစားတယ်ဆိုတဲ့ဝေါဟာရ သူတို့မှာမရှိပါဘူး။ သူတို့မှာကြောက်တာပဲရှိပါ တယ်။ သူတို့ရပ်တည်ချက်ကို ကိုင်လှုပ်နိုင်မယ့်သူမျိုးသာ သူတို့ကပူးပေါင်းဖို့ လိုက်လျော ဖို့ လုပ်တတ်တာပါ။

ဒီအချက်ကို အလေးနက်ထားပြီး စဉ်းစားရမှာဖြစ်ပါတယ်၊ တတိယ အုပ်စုလို့အမည်ခံနေကြသူများကို စစ်တပ်က ဘယ်လောက်အလေးထား နေရာပေးမလဲဆို တာ ကိုယ့်ဟာကိုယ်ပဲ ဆန်းစစ်ပါ။ ရောင်စုံအုပ်စုကိုတော့ သိပ်ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါဘူး။ လက်ရှိမြန်မာစစ်တပ် မှာ ဗိုလ်မှူးကြီးနဲ့အထက်ပုဂ္ဂိုလ်များဟာ တပ်ထဲကို တိုင်းပြည်ချစ်စိတ်အခြေခံလို့ ၀င်ရောက် ခဲ့ကြသူ အများစုပါ။ သို့သော်လည်း ဒီနေ့ဒီအချိန်မှာကျတော့ ပြည်သူ့အကျိုးဆိုတာထက် ရာထူးစည်းစိမ်လေး မပျောက်ဖို့ပဲ လုပ်နေကြတာတွေ့ရမှာပါ။

စည်းစိမ်အာဏာဆိုတာ လူ တွေကို ဖေါက်ပြန်ရူးသွပ်စေပါတယ်။ စည်းစိမ်အာဏာကြောင့်ပဲ လွတ်လပ်ရေးရကာစ မြန်မာနိုင်ငံမှာ သွေးသောက်ရဲဘော် လုပ်ဖေါ်ကိုင်ဖက်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နှိပ် စက်ခဲ့ကြတာ မကြာခဲ့သေးပါဘူး။ ဒီရောင်စုံအုပ်စုကရော အထက်ပါပုဂ္ဂိုလ်တွေထက် ထူး ခြားမြင့်မြတ်တဲ့ ကိုယ်ခံအားတွေရှိလား၊ လုပ်ပိုင်ခွင့်လေးရလာရင် ပြည်သူ့အကျိုးကို ပြန် ကြည့်နိုင်မလားဆိုတာ ကိုယ့်ဟာကိုယ်မေးကြည့်ကြပါ။

ဒီမိုတွေကရော မဖေါက်ပြန်ဘူးလားလို့ ပြန်မေးနိုင်ပါတယ်။ ဒီမိုတွေလည်း ဖေါက်ပြန်တတ် ကြတာပါပဲ။ သို့သော် အရေးယူနိုင်မှုနဲ့ စနစ်ကပြန်ထိန်းထားပါတယ်။ လွတ်လပ်တဲ့တရား စီရင်ခွင့်တွေ ထုတ်ဖေါ်ပြောဆိုခွင့်တွေရှိတဲ့အတွက် အကျင့်ပျက်မှုက ခေါင်းမထောင်နိုင်ပါ ဘူး။ လက်ရှိမှာ ရပ်ကွက်ဆယ်အိမ်ခေါင်းလောက်ကိုတောင် ဘာမှပြန်ပြောလို့မရတဲ့ခေတ် နောက်လည်း ဒီလူတွေပဲဆက်အုပ်ချုပ်ရင် ဘာမှပြန်ပြောလို့မရတာတွေပဲလာမှာပါ။

အဲဒါကို ပေါင်းလုပ်မယ် ပေါင်းလုပ်မယ်လို့ အော်နေကြတော့ ကိုယ့်ဟာကိုယ်ပဲ အမြီးအ မောက်တည့်အောင် စဉ်းစားကြည့်ကြဖို့ မဟာပညာကျော်များကို ပြောချင်ပါတယ်။ဝါဒဖြန့်တဲ့အုပ်စုကိုဘာမှတော့ ဝေဖန်လောက်စရာမရှိပါဘူး။ အစကတည်းကကျွန်တော် ဒီလောက် ရှည်ရှည်ရေးဖို့မရည်ရွယ်ထားပါ။ ရေးရင်းနဲ့ စာအရေးအသား မပိုင်နိုင်လို့ ရှည် လာတာ ၃ပိုင်းခွဲရတဲ့အဆင့်ရောက်သွားပါတယ်။ တကယ်ရေးချင်တဲ့ တခြားဟာလေးတွေ ရှိပါတယ်။ ပြည်တော်ပြန်အတွေ့အကြုံတွေ အတွေးအမြင်တွေ ၊ နောက်ပို့စ်မှာ ဆက်ရေးပါ မယ်။ မိတ်ဆွေများ.. မင်္ဂလာပါခင်ဗျားးးးးးးးးးးးးးးးးးးးးး

12 comments:

Truth Lover said...

မိမိ NLD ပါတီဝင်အဖြစ် ပြည်တွင်း၌ နိုင်ငံရေးလှုပ်ရှားစဉ်နှင့် အိမ်နီးချင်း ပြည်ပနိုင်ငံ တစ်ခုတွင် ရောက်ရှိစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မြန်မာအမျိုးသမီးတစ်ဦး အနေဖြင့် လိုက်နာစောင့်ထိန်းအပ်သည့် မြန်မာ့ရိုးရာ လူမှုကျင့်ဝတ်ချိုးဖောက်မှုများနှင့် အခြား ကြားသိခဲ့ရသည်အကြောင်းများကို ရေးသားလိုလာသည်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏သမီး လက်ရှိ အထင်ကရ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏မိခင် ဒေါ်ခင်ကြည် သံအမတ် တာဝန်ဖြင့် အိန္ဒိယတွင်တာဝန်ကျစဉ် ရန်ကုန်ရှိ စိန့်မေရီကွနှ်ဗင့်ကျောင်း ဆဌမတန်းမှ နယူးဒေလီကွနှ်ဗင့်ကျောင်းသို့ ပြောင်းရွှေ့ကျောင်းတက်စေခဲ့သည်။
သူမကျောင်းသူဘ၀တွင်ပင် မြန်မာသံရုံးဝင်း၌ အလုပ်လုပ်သည့် ဖြူဖြူချောချော ဟိန္ဒူ ကုလားတစ်ယောက်နှင့်လိုက်ပြေးပြီး မိခင်ဒေါ်ခင်ကြည်မှ လိုက်ခေါ်သော်လည်း ၁၄ လကြာမှ အိမ်ကိုပြန်လာပြီး နောက်ထပ်လည်း လိုက်ပြေးကြောင်း သိရသည်။
အဲဒီလို နိုင်ငံခြားသားနှင့် ရှုတ်ထွေးသည့်သတင်းများကို ထိုစဉ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ ဦးသန့်က ကြားပြီး ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက်တွင် အလုပ်ပေးရန်ခေါ်ခဲ့ကြောင်း၊ သူမနယူးယောက်သို့ရောက်ပြီး ဦးသန့်နှင့် သွားတွေ့ချိန်တွင် သူမနှင့်အတူနေ ကျူးဘားအမျိုးသားတစ်ယောက်အားခေါ်သွားသဖြင့် ဦးသန့်က စိတ်ဆိုးပြီး ပြန်လွှတ်လိုက်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း၏သမီးဟုသိသည့် အိန္ဒိယနိုင်ငံ ဆိုင်ရာ ဓနသဟာယ မဟာမင်းကြီး မစ္စတာ ဘုတ်ရှ် (မြန်မာနိုင်ငံတွင်လည်း ဗြိတိသျှသံအမတ် လုပ်ဖူးသူ)နှင့် ဇနီးက သူမကို မွေးစားဖို့ ဗြိတိန်သို့ခေါ်သွားကြောင်း သိရသည်။ သူမ ဗြိတိန်တွင်နေစဉ် မိခင်ဒေါ်ခင်ကြည်က ကြယ်ငါးပွင့်ကော်ပရေးရှင်း Agent ဖြစ်သူ ဦးနန်းနွယ် (ယခင်ပါလီမန်လွှတ်တော်အတွင်းဝန်ချုပ်)အား ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ထိန်းသူအဖြစ် တာဝန်ပေးခဲ့သည်ဟု သိရသည်။
ဦးနန်းနွယ်က သူမကို ၄င်း၏နေအိမ်တွင်ခေါ်ထားစဉ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှ ပျောက်သွားသဖြင့် လိုက်လံရှာဖွေရာ.....

အသေးစိတ်အား ... http://truth-history-dassk.blogspot.com/

ကလူသစ် said...

ပို့စ်နဲ့ ကော်မန့်နဲ့ ဘယ်နဲ့ မဆီမဆိုင်တွေဖြစ်နေပါလိမ့် ။ ဒီကော်မန့်မှာ ပါတဲ့စာမျိုး ပိတောက်မြေမှာ တွေ့ဖူးသလားပဲ။ ထားပါတော့။ ဆက်ရေး မောင်ကျည်ပွေ့ရေ အားပေးနေကြောင်း...

Truth Lover said...

ဒီ Post နဲ.ဘာမှတော့မဆိုင်ဘူးပေါ့ .. ဒါပေမဲ့ ဒီအကြောင်းကိုမသိတဲ့သူတွေ အများကြီးလေ ... ကိုယ့်နိုင်ငံနဲ.လူမျိုးဂုဏ်သိခ္ခါ မကျရေးကတော့ ထဲ့စဉ်းစားသင့်တယ် ...

Truth Lover said...

[2]Part...
ဦးနန်းနွယ်က သူမကို ၄င်း၏နေအိမ်တွင်ခေါ်ထားစဉ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှ ပျောက်သွားသဖြင့် လိုက်လံရှာဖွေရာ နိုင်ငံခြားသားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်နေသဖြင့် ပြန်ခေါ်ရာ ထိုသူနှင့် မယူပါကြောင်း၊ အိမ်ပြန်လာမည်ဖြစ်ကြောင်း၊ Living Together သက်သက်သာဖြစ်သည်ဟု ပြောခဲ့ကြောင်း သိရသည်။ လန်ဒန်တွင် ယင်းသို့ Living Together သူမနှင့်နေထိုင်သည့်နိုင်ငံခြားသား ၉ ဦး(လူမည်းတစ်ဦးအပါအ၀င်) အမည်ကို ဦးနန်းနွယ်က ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)ထံ ပေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်၌နေထိုင်စဉ် ဒေါက်တာ တင်မျိုးဝင်းနှင့်အတူအိပ်နေသောဓာတ်ပုံများကို NLD ပါတီအတွင်းမှ အတွင်းသိတစ်ဦးက ခိုးရိုက်ခဲ့ပြီး အိန္ဒိယနယ်စပ် ကလေး၊ တမူးမြို့များတွင် ကပ်ခံခဲ့ရကြောင်း သိရသည်။
ငပုတောမြို့နယ် NLD လွှတ်တော်အမတ် ဦးဒေးဗစ်လှမြင့်တစ်ယောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အပေါ်ထပ်တွင်နေထိုင်စဉ် သူမက ဦးဒေးဗစ်လှမြင့်အတွက် အရက်နှင့် ကြက်ဥ ၀ယ်ခိုင်းသည်ကို NLD ပါတီဝင်အမျိုးသမီးများအတွင်း ပြောဆိုခဲ့သည်များ ရှိခဲ့ကြောင်း သိရသည်။
သုံးရောင်ခြယ်အမည်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ကျောင်းသား ငယ်ငယ်ချောချောများကို သူမက အိပ်ဖန်စောင့်တာဝန်ပေးကာ အတူခေါ်အိပ်သည်ဟု သတင်းဖြစ်ခဲ့သဖြင့် NLD ဗဟိုအလုပ်အမှုဆောင်များက သူမနေအိမ်ဝင်းထဲတွင် လူငယ်များ ညမအိပ်ရန် ဒေါ်အောင်ဆန်းစုကြည်မသိဘဲ ဆုံးဖြတ်ချက်ချခဲ့ရာ သူမက NLD ဗဟိုအလုပ် အမှုဆောင်များကို ချက်ချင်းခေါ်ပြီး ထိုဆုံးဖြတ်ချက်အား ပြင်ခိုင်းကြောင်း ...

ယင်းအကြောင်းအရာပါအချက်အလက်အသေးစိတ်အား သိလိုပါက http://truth-history-dassk.blogspot.com/ web page တွင် ၀င်ရောက် ဆွေးနွေး နိုင်ပါသည်။ ဆက်လက်ဖော်ပြမည်။

mg kyi poae said...

အစကတော့ မပြောသေးဘူးလို့ နေနေတာ။ ကိုယ့်ဆရာရဲ့ နာမည်ကို မတတ်တတတ်နဲ့ဘာသာပြန်လိုက်တာ အမှန် တရားချစ်သူလို့ အဓိပ္ပါယ်ရတယ်။ နာမည်နဲ့လိုက်အောင် အမှန်တရားကို တကယ်ချစ်ရဲ့လားလို့ ကိုယ့်ဟာကိုယ်မေးကြည့်ပါဦး။ ခင်ဗျားရေးထားတဲ့ဟာနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် စစ်အာဏာရှင်တွေဟာ ဒေါ်စုကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်ခဲ့တယ်ဆိုတာ ခင်ဗျားသိပြီး ဖြစ်လိမ့်မယ်။ သူတို့ဘယ်လိုပဲလုပ်လုပ် ပြည်သူက ဒေါ်စု ကို ကြည်ညိုအားထားတာတွေဟာ မလျော့သွားဘူး၊ မပျောက်သွားဘူး။ စစ်အာဏာရှင်အဆက်ဆက် ကြီးကြီးငယ်ငယ် မြင့်အောင်ကျော်ဘခင်ညွန့်တို့ကအစ လက်ရှိသန်းရွှေတို့ အထိပေါ့လေ နည်းမျိုးစုံကြိုးစားခဲ့တာပဲ။ အဲဒီတော့ ခင်ဗျားပြောနေတဲ့ အကြောင်းအရာတွေသာ အမှန်အကန်ဆိုရင် သူတို့အတွက် အဲဒါဟာ ဒေါ်စုကိုနှိပ် ကွပ်ဖို့ သိပ်ကောင်းတဲ့အကြောင်းပဲ။ သူတို့လက်ထဲမှာ ပြည်းတွင်းမီဒီယာကြီးတခုလုံးလည်းရှိနေတာ။ သူတို့ အစကတည်းက ဒါကိုလုပ်တော့မပေါ့။ အနောက်မျှော် မယ်တော်ကြီးတို့ ဘာတို့နဲ့လုပ်နေသေးတာ၊ ဒီအကြောင်းအရာသာ အမှန်ဆိုရင်သူတို့ အတွက် ရွှေတွင်းတွေ့သလိုဖြစ်နေမှာပဲလေ။ သူတို့က ဒါကိုတခါမှ မသုံးပုံထောက်တော့ စစ်အာဏာရှင်တွေက အမှန်ချစ်သူလောက်ဦးဏှောက်မရှိလို့လား.... လို့တောင် စဉ်းစားမိပါတယ်(တကယ်ညံ့တဲ့ကောင်တွေပဲနော် ကျော်ဆန်းနေရာမှာ အမှန်ချစ်သူကို ခန့်ရမှာ) ခင်ဗျားနာမည်နဲ့ လုပ်ပုံကိုင်ပုံနဲ့ လိုက်ဖက်ညီ မညီ ပြန်ဆန်းစစ်ဖို့ကောင်းနေပါပြီ။ ခင်ဗျားကို လေးလေးနက် နက် တခုပဲပြောချင်ပါတယ် ၊ ဘာလဲဆိုတော့ ကျွန်တော်တို့ဟာ ထမင်းစားပြီးကြီးလာတဲ့သူတွေဖြစ်ပါ တယ်ဆိုတာပါပဲ။ ရှည်ရှည်ဝေးဝေးနိုင်ငံ့ဂုဏ်သိက္ခာတွေဘာတွေ အကြောင်းပြနေတာ စကားလုံးတွေပိနေပါဦးမယ်။ ခင်ဗျားဒီစာကို ဘာကြောင့်ရေးလဲဆိုတာ ကျွန်တော်တို့ ထမင်းစားပြီးကြီးလာသူတိုင်းသိနေပါတယ်။ ခင်ဗျားနာမည်နဲ့လူနဲ့လိုက်အောင် ကြိုးစားပါလို့ပဲ အကြံပေးပါရစေခင်ဗျာ

ဖြူဖွေး said...

ပတ္တမြားရွှေဂူ

ပြစ်မရှိ ပြစ်ရှာ။

လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်နဲ။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။ ။

Truth Lover said...

ပြောရမယ်ဆိုရင်တော့ ကိုယ့်ပေါင်ကို လှန်ထောင်းသလိုပါဘဲ။ ကျွှန်တော်ဒီ အကြောင်းတွေကို မပြောခင်က တော်တော်လေးကို သေချာအောင် စုံစမ်းပြီးပြီ… ကျွန်တော်ကိုယ်တိုင်လဲ NLD မှာလုပ်ခဲ့တာပါ .. တကယ်တမ်း ဒီသတင်းတွေ မှန်တယ်မှားတယ် တကယ်ဖြစ်ခဲ့တယ်၊ မဖြစ်ခဲ့ဖူးဆိုတာတွေကို ဦးနန်းနွယ် (ယခင် ပါလီမန်လွှတ်တော် အတွင်းဝန်ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ထိန်းသူ) နဲ. အနီးဆုံးမှာရှိနေခဲ့တဲ့ ဦအောင်ဆန်းဦး တိုကိုမေးကြည်.နိုင်ပါတယ်.. ဒေါ်အောင်ဆန်းစုကြည်ကို အုပ်ထိန်းခဲ့တဲ့ ဦးနန်းနွယ်ဟာ ယခု အထိ သက်ရှိထင်ရှားရှိနေပါသေးတယ် …

(ယုံကြည်မှုများနှင့်အတူ)

Truth Lover said...

ဒေါ်အောင်ဆန်းစုကြည်တွင် ယင်းကဲ့သို့ မြန်မာအမျိုးသမီးတစ်ဦး စောင့်ထိန်းအပ်သည့် လူမှုကျင့်ဝတ် ချိုးဖောက်မှုများ ရှိခဲ့သော်လည်း အင်္ဂလိပ်လူမျိုး မစ္စတာ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ကာ သားနှစ်ယောက် မွေးဖွားသည်အထိ မယားဝတ္တရား ငါးပါးနှင့်အညီ ပေါင်းသင်း ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူပီပီ ဖခင်၏ မျိုးချစ်စိတ်ဓာတ် အတိုင်း ပြည်ပတွင် ၂၈ နှစ်ကြာနေထိုင်ရာမှ ၁၉၈၈ ခုနှစ် တိုင်းပြည် မငြိမ်မသက် ဖြစ်နေချိန်တွင် မစ္စတာအဲရစ်နှင့် သားနှစ်ယောက်ကို ထားခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာကာ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်လာခဲ့သည်။
ထိုအချိန်က မြန်မာနိုင်ငံရေး လောကတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဟူသော ဂုဏ်ဖြင့် အချိန်တိုအတွင်း ထင်ပေါ်ကျော်ကြား လာသည်။ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA) သည်လည်း ၁၉၅၀ ခုနှစ်က မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် ကွန်ပျူနစ်ဝါဒ လွှမ်းမိုးမှုတားဆီးရေး၊ ယခု တရုတ်ထိန်းချုပ်ရေးကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းလာသည်။ မြန်မာနိုင်ငံတွင်ပေါ်ပေါက်လာမည့် အစိုးရသစ် သည် အမေရိကန်လိုလားသော အစိုးရဖြစ်အောင် ကြိုးပမ်း အကောင်အထည်ဖော် လိုလာသည်။
ယင်းသို့ ကြိုးပမ်းရာတွင် CIA သည် မြန်မာနိုင်ငံရေး လောကတွင် ထင်ပေါ်ကျော်ကြားသူများမှ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ပြီး CIA ၏ လုပ်နည်းလုပ်ဟန် အတိုင်း လူမှုရေး အားနည်းချက်များသည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးကိုင်အသုံးချရန် ဖျောက်ဖျက်မရသည့် သူမ၏ လူမှုကျင့်ဝတ်ချိုးဖောက်မှုများကို အသေးစိတ် ခရေစေ့တွင်းကျကျ အသံသွင်းမှတ်တမ်းများ၊ ဓာတ်ပုံမှတ်တမ်းများ၊ အထောက် အထား စာရွက် စာတမ်းများ ပြည့်စုံအောင် ထောက်လှမ်း ရယူခဲ့ကြောင်း သိရသည်။
တစ်ဘက်ကလည်း သူမကို မြန်မာနိုင်ငံရေး လောကတွင် သာမက ကမ္ဘာကပါ အသိအမှတ်ပြု လာအောင် CIA ၏ အခွင့်အာဏာကို သုံးပြီး နိုဘယ်စုအပါအ၀င် ဆုမျိုးစုံ ၈၀ ကျော်ရအောင်ဆောင်ရွက်ပေးပြီး ဆုကြေးငွေ၊ ထောက်ပံ့ကြေးငွေ နည်းမျိုးစုံရအောင် ဆောင်ရွက်ပေးခဲ့သည်။
ရရှိသည့်နိုင်ငံခြားငွေများကို ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ပြန်လာစဉ်က သူမ၏ ပိုင်ဆိုင်မှုအားလုံးကို စာရင်းဖွင့်ထားခဲ့သည့် ပြည်ပရှိ သူမ၏ ငွေစာရင်းများသို့ ထည့်ပေးထားပြီး CIA က အချိန်မရွေးပိတ်နိုင်အောင် စီစဉ်ထားသည်။ သုံးစွဲရန် လိုအပ်သည့် ငွေကြေးပမာဏသာ သူမထံပို့ပေးကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အကြောင်း အသေးစိတ် ထောက်လှမ်းရရှိထားသော အချက် အလက်များ ပြည်ပရှိငွေကြေးပိုင်ဆိုင်မှုများနှင့် သားနှစ်ယောက်လုံခြုံရေးကို CIA က ချုပ်ကိုင်ထားပြီး မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှတစ်မျိုး၊ အခြားနည်းလမ်းဖြင့်တစ်သွယ် ဆက်သွယ်၍ သူမကို ကြိုးကိုင်စေခိုင်းလျက်ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း နည်းမျိုးစုံဖြင့် သူမအပေါ် အပိုင်ချုပ်ကိုင် ညွှန်ကြားနေသည့် CIA အပေါ် မည်သို့မှ လွန်ဆန်နိုင်ခြင်းမရှိတော့ဘဲ ...
သူမကိုယ်တိုင်လည်း CIA သားကောင် ဖြစ်နေမှန်းသိသော်လည်း ...

http://truth-history-dassk.blogspot.com/

mg kyi poae said...

ပြောလေကဲလေပါလားးးး အမောင်ရစ်သူရေ........ မောင်မင်းဟာ ဘလော့မှာ မထင်မရှားရေးနေမဲ့အစား မြန်မာ့အတင်းတို့ ချီးမှုံတို့မှာ အယ်ဒီချာမင်းလုပ်ဖို့ ကောင်းတယ်။ မောင်မင်းရေ ငါကိုယ်တိုင် သူများပြောသံကြား လာတဲ့အကြောင်းဆိုပြီး မျက်ကလူး ဆန်ပြာ လာမလုပ်နေပါနဲ့ကွယ်။ မင်းပြောသလိုသာဆို ဒီချုပ်ဝင်တိုင်း ဒေါ်စုကို မုန်းနေမှာပေါ့.. ပြောပြီးပါကကော ငါတို့က ထမင်းစားပြီး ကြီးလာပါတယ်ဆိုမှ။ အမေရိကန်ကျွန်ဖြစ်မဖြစ်တော့ မသိပါဘူး ဒါပေမဲ့ လက်ရှိမှာ တရုတ်ကျွန်ဖြစ်နေပါပြီ။ ဒို့မန္တလေးတောင် ဗမာတွေ နေနိုင်အောင်ဖြစ်နေပါပကော..။ သွား အမောင်တို့ အဘတွေကို သတိပေးလိုက်ပါဦး တရုတ်မျိုတာခံနေရပြီလို့....
အမောင်ရစ်သူ တိုင်းပြည်ကို အမှန်တကယ်ချစ်တတ်နိုင်ပါစေလို့မျှော်လင့်ပါရဲ့ကွယ်

Truth Lover said...

ကိုကျည်ပွေ.ရာ တကယ်တမ်းကျွန်တော့်ရင်ထဲမှာ ရှိတာကလည်း အမှန်တရားကိုမြင်တတ်ဖို.ပါဘဲ …
နိုင်ငံရေးကို နားလည်ဖို.ဆိုတာ တကယ်တမ်းကျတော့ သမိုင်းကိုလေ့လာဖို.လိုတယ်.. သမိုင်းကိုသ်ဖို.လိုတယ်.. ကျွန်တော်တို.လူမျိုးတွေ အမေရိကန်ရဲ. ကမ္ဘာ.သမိုင်းမှာ ခြယ်လှယ်ခဲ့တာတွေ၊ CIA ရဲ. ခြေရှုပ်မှုတွေ၊ သူတို.ရ.ခေတ်သစ် အုပ်စိုးခြယ်လှယ်မှုတွေကို. သိရှိဖို. လေ့လာဖို.လိုတယ်.. နိုင်ငံရေးဘာသာရပ်ရဲ. သီအိုရီတွေမှာသမိုင်းအခြေပြုသုံးသပ်မှု ဆိုတဲ့ အခန်းကဏ္ဍ ဟာအရေးကြီး တဲ့အပိုင်းမှာပါတယ်လေ… ကျွန်တော်တို. လူမျိုးတွေ ဒါတွေကို မြင်တတ်သင့်ပြီ .. အခုဆို Europe မှာ CIA ရဲ.လုပ်ရပ်တွေမှတ်တမ်းတွေ တခုပြီး တစ်ခုပေါ် လာလို. သူ.အတွက်နေရာ တော်တော် ကျဉ်းနေပြီလေ ..
အဲဒီမှတ်တမ်းတွေကို ဒီ Website မှာနမူနာကြည်.လို.ရပါတယ် .. http://www.amnesty.org.ru/library/Index/ENGAMR511982005?open&of=ENG-401
ကျွန်တော့် ရင်ထဲမှာ ဒါတွေကို ရှင်းပြချင်တယ် .. တကယ်လို.သာ အခွင့်အရေးရခဲ့မယ်ဆိုရင်ပေါ့…

(အမှန်ကို မြင်နိုင်ကြပါစေ ဗျာ…. )

mg kyi poae said...

ဒို့အမောင်ရစ်သူက ကျား ကျား ကျားမီးယပ်လုပ်နေပြန်ပြီ မသိတာထက် မသိချင်တာက ပိုခက်၏။ မသိချင်တာထက် သိနေယောင်ဆောင်နေတာက ပို၍ပို၍ခက်၏ တဲ့။ အခုလဲ အဲဒီလိုပဲ အမောင်ရစ်သူက ဒေါ်စုဟာ စီအိုင်အေကြိုးဆွဲ၇ုပ် လို့ လာစွပ်စွဲနေတာ တော်တော်လေး အောက်တန်းကျသ လို စော်ကားရာလည်းေ၇ာက်နေတယ်။ ၀ါဒမှိုင်းတိုက်တိုင်း သာယုံရမယ်ဆို စစ်တပ်က နှစ်၂၀ မှိုင်းတိုက်လာတာ ဘာ ကြောင့်မအောင်မြင်သလဲ၊ ပြည်သူတွေဟာ သူများပြောတိုင်းယုံတယ်လို့ အထင်သေးနေလား။ ပြည်သူတွေအတွက် နိုင်ငံရေးသီဝရီ ဘာညာတွေမလိုပါဘူး။ ကိုယ်တွေ့ အတွေ့အကြုံတွေက အဖြူအမည်းကွဲပြားစွာသိမြင်နေပြီးသားပါ။ အမောင်ရစ်သူ ဆက်ဆွေးနွေးချင်ရင် အဆင့်တန်းရှိတဲ့ စကားတွေနဲ့ ဆက်ဆွေးနွေးနိုင်ပါတယ်။ လမ်းဘေးစကားတွေနဲ့ဆိုရင်တော့ ပြန်ဆွေးနွေးဖို့ အချိန်မပေးနိုင်ပါဘူး။ မောင်ရင်တို့ဆရာကြီးတွေက ဒီထက်မြင့်တဲ့ဟာတွေ မသင်ပေးထားဘူးလား။ ပျင်းစရာကြီးနော်... စစ်တပ်အုပ်ချုပ်လို့ တိုင်းပြည်နိမ့်ကျနေတာ အမှန်တရား၊ ပြည်သူတွေအနာ ဂတ်ပျောက်နေတာ အမှန်တရာ၊ ၀န်ထမ်းတွေ ခိုးစားနေရတာ အမှန်တရား၊ ရဟန်းတော်တွေနှိပ်စက်ခံ နေရတာ အမှန်တရား.............................. အများကြီးပဲကွယ့် အမှန်တရားချစ်သူရေ.... ကောင်လေး နောက်တခါမန့်ရင် အဆင့်မြင့်တာတွေမန့် ပေါက်ပန်းလေးဆယ်တွေဆိုရင် ပြန်မဖြေတော့ဘူး။ အစားတလုတ်အတွက်နဲ့တော့ .....ကျုပ်တို့ဆီမှာ ပုစွန်ခွါ၊ ငါးခုတ် အလုပ်တွေပေါတယ်။ လက်ကြောတင်းရင် ထမင်းမငတ်ပါဘူး ဒါပါပဲကွယ်။

ကလူသစ် said...

ဦးအောင်ဆန်းဦးတို့၊ ဦးနန်းနွယ်တို့နဲ့ တွေ့ဆုံမေးမြန်းထားတဲ့သူလား။ CIA အတွင်းရေးမှတ်တမ်းတွေလေ့လာနိုင်တဲ့သူလား။ အကြားအမြင်ပေါက်နေတဲ့သူလား။ NLD အစည်းဝေးတွေမှာ တံခါးနားက ခိုးနားထောင်နေတဲ့သူလား။ စိတ်ဝင်စားစရာပဲ။ ခွိခွိ

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB