၂၀၁၁/၁

စာမရေးဖြစ်တာ တော်တော်ကြာခဲ့ပေပြီ။ ပြီးဆုံးအောင် မရေးဖြစ်ဟုဆိုလျှင် ပိုပြီးမှန်လိမ့်မည်။ ကျွန်ုပ်မှာ ရေးလက်စ တွေတော်တော်များများဖြစ်နေသည်။ ရေးပါ့မည်ဟု ကတိပေးပြီးမှ မိတ်ဆွေညီအစ်ကိုများ အပေါ် ကတိပျက်ခဲ့ရသည့်အကြိမ်ကလည်း မနည်းလှ။ ကျွန်ုပ်ကိုယ်တိုင်ကလည်း စာအရေးအသားဖက်တွင် အား နည်းသည့်အပြင် အာရုံကလည်းများလွန်းလှသဖြင့် အကြောင်းအရာတစ်ခုကို ရေးပြီးအဆုံးမသတ်နိုင် ခင် တွင် နောက်အကြောင်းအရာတစ်ခုအပေါ် စိတ်ရောက် သွား ပြန်၊ ထိုမှတဆင့် တခြားအကြောင်းအရာက၀င်လာ စသည်ဖြင့် လုံးလည်ချာလည်လိုက်နေရင်း ဘယ်ဟာကိုမှ အပြီးမသတ်နိုင်ပဲ ဖြစ်နေရသည်။ အလုပ်သမားတို့၏ အခက်အခဲများ၊ နိုင်ငံရေးအပြောင်းအလဲ၊ ရွေးကောက်ပွဲ၊ အကွဲအပြဲ စသည့်စုံလင်လှသောအကြောင်းအရာများ အတွေးထဲတွင် ရှုပ်ထွေးနေသည်။ ကိုယ်ရေးကိုယ်တာကိစ္စများကလည်း များလှသဖြင့် စာဖတ်ခြင်းကလွဲလျှင် ဘာမှ စွဲမြဲမလုပ်ဖြစ်ခဲ့။ မိမိဘလော့ကိုယ်လည်း တော်ရုံနှင့်မရောက်ဖြစ် ထို့အပြင် မိမိစီဘောက်ကိုမမြင်ရ။ ထို့ကြောင့် ဘယ်သူတွေကလာနှုတ်ဆက်သလဲဆိုတာတောင်မသိနိုင်ဖြစ်နေရသည်။ သို့ပါသောကြောင့် လာနှုတ်ဆက်သူ မိတ်ဆွေများအပေါ် ဧည့်ဝတ်မကျေမှုများကို ဤနေရာမှ တောင်းပန်အပ်ပါသည်။ ရေးပါမည်ဟု ကတိပေးပြီး ပျက်ကွက်ခဲ့ခြင်းအတွက် အစ်ကိုဒူကဘာနှင့်သူငယ်ချင်းစောကျော်ခွိကိုလည်း အနူးအညွတ် တောင်းပန်အပ်ပါ သည်။
အချိန်ကာလ၏တိုက်စားမှုနှင့်အတူ ကျွန်ုပ်၏အတွေးအမြင်နှင့် အသိသည်လည်း လိုက်ပါပြောင်းလဲနေခဲ့ သည်။ အထူးသဖြင့် မိမိ၏အမြင်ကို တရားသေကိုင်စွဲပြီး အခြားသူ၏အမြင်အပေါ် ရှုံ့ချခြင်းကို ပြန်တွေ့မိခဲ့ရ သည်။ အာဏာရှင်စနစ်ကိုမကြိုက်သော မိမိကိုယ်တိုင်က အာဏာရှင်ကဲ့သို့ ပြုမူမှုများကို သိမြင်လာခဲ့သည်။ ထိုအတွေးများမွေးဖွါးရန် လက်သည်လုပ်ပေးသူ ကလူသစ်ကြီးကို အထူးကျေးဇူးတင်မိပါသည်။ (စာမရေးပဲ နေနေတာလည်း ကလူသစ်ကြီးကို အားကျလို့ ............................မဟုတ်ဘူး-) ) ကျွန်ုပ်အတွက် စိတ်၏ထွက်ပေါက်သဖွယ်ဖြစ်နေသော ဘလော့လောကတွင် ပြန်လည်စီးမျောနိုင်ရန် ကြိုးပမ်းပါဦးမည်။ မများလှသော ဘလော့မိတ်ဆွေများနှင့် ဆုံစည်းရာ ဤဘလော့ကို သံယောဇဉ်ဖြတ်ရန်ခဲယဉ်းလှသဖြင့် တတ်အားသရွေ့ စိတ်ချဉ်ဖေါက်စာတွေ ရေးဖြစ်သွားပါမည်ခင်ဗျာ.......

1 Comentário:

Unknown said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB