ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၁

ဒီမှာကိုယ့်ဆရာ ခင်ဗျားတို့တွေ ချဲသမားကိုမြင်ဖူးကြလိမ့်မယ်။ သို့မဟုတ် ပြောရဆိုရကတ် သတ်တဲ့ ဘုန်းကြီးတစ္ဆေလိုလူမျိုးတွေကို ကြုံဖူးကြလိမ့်မယ်။

ချဲသမားဆိုတာတွေက တွက် နည်းနဲ့ပဲဖြစ်ဖြစ် ဘိုးတော်နတ်ကတော်တွေအထာပေးတာတွေပဲဖြစ်ဖြစ် ချဲထွက်ပြီးပြီဆို တာနဲ့ လူသူလေးပါးဆုံတဲ့နေရာမှာ အာပေါင်အာရင်းသန်သန်နဲ့ “ငါပြောသားပဲ ဒီအပတ်မှာ ဒီလိုဖြစ်ရမှာ.... ချိုင်းကဒီလိုပြထားတာ.....ဌာပနာမှာက ဒီလိုဂွင်ဆင်နဲ့..........ပေါင်းခြင်း ကဘယ်နှပွင့်........”အစရှိသဖြင့် မစားရ ၀ခမန်းပြောတတ်ကြသလို “ဘိုးတော်က လက် သီးဆုပ်ပြတာ သုံညပဲကွ၊ မင်းတို့က ငါးလို့ကောက်လို့လွဲသွားတာ.... ဆေးလိပ်ဖွါပြတာ ကလဲ အထာပဲ....” အဲဒီလိုမျိုးပြောနေပြီး ဆရာကြီးစတိုင်ဖမ်းနေတတ်ကြတယ်။

သူတို့ ကိုယ်တိုင်ကတော့ ချဲပေါက်ဖို့မပြောနဲ့ ချဲထိုးဖို့တောင် ငွေရှိကြတာမဟုတ်ဘူးဗျ။ ဆရာကြီး စတိုင်နဲ့ ကျွမ်းကျင်သူလိုလို ဘာလိုလိုပေါ့လေ။ အဲ... ထွက်မယ့်ချဲဂဏန်းအကွက်ကို မတွက်ပြနိုင်ပေမဲ့ အရင်အပတ်က ထွက်ပြီးသားဂဏန်းတွေဆိုရင်တော့ အပတ်စဉ်လိုက် ပေါင်းပြ နှုတ်ပြနဲ့ တွက်လိုက် ကွက်တိကျနေအောင် လုပ်ပြတတ်တယ်။

အဲဒါကိုယုံပြီး အောမိတဲ့သူကတော့ ခံပေရော့ပဲ။ဟုတ်ကဲ့ နောက်တမျိုးကတော့ ဘုန်းကြီးတစ္ဆေဆိုတဲ့ လူစားမျိုးတွေပေါ့ဗျာ။ ဒီလူမျိုးတွေက ချဲသမားတွေလို သိပ်ပြီးပေါတောတောမဆန်ဘူး။ အများအားဖြင့် သူတို့ဟာ အသိဥာဏ် တွေ ရှိတတ်ကြတယ်။ သို့သော်ငြားလည်း ငါသာလျှင်သိ ငါသာလျှင်တတ် ငါ့လောက်နား မလည်ကြဘူး အစရှိသဖြင့် အတ္တဘ၀င်ရူးနေကြသူတွေဖြစ်တယ်။

ဒါကြောင့်လည်း သိထား မှတ်သားထားဖူးတာလေးတွေကို အခြေခံပြီး အငြင်းသန်နေကြသူတွေပေါ့။ သူတို့လို ဟာ မျိုးတွေဟာ အကိုးအကားတွေ အချက်အလက်တွေကို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ် စေ လူတွေအထင်ကြီးအောင်တော့ အမြဲကိုးကားတတ်ပါတယ်။ ဒါကြောင့် ရုတ်တရက်ဆို သူတို့ရဲ့ စကားတွေကပဲ ဟုတ်နေသလိုလို ထင်ရအောင် လုပ်တတ်ကြပါတယ်။

သူတို့နဲ့ အမြင်မတူလို့စကားပြောမယ်ဆိုရင် ပြောတဲ့လူကို အကိုးအကားတွေနဲ့ မျက်စိလည်အောင် လုပ်ပြီး ရောချတတ်ကြတာ သူတို့ရဲ့လမ်းစဉ်ပါပဲ။ကျွန်တော်တို့ နိုင်ငံရေးအကြောင်းရေးနေတဲ့ ဘလော့တွေထဲမှာ အဲဒီချဲသမားလို ဘုန်းကြီး တစ္ဆေလို ဟာမျိုးတွေရှိတယ်ဗျ။ သူတို့ကိုယ်သူတို့ သမာသမတ်ကျတဲ့လူတွေ၊ လက်တွေ့ ကျကျတွေးတတ်တဲ့လူတွေ ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့လူတွေ အစရှိသဖြင့် သူတော်ကောင်းယောင်ဆောင်နေကြတယ်။

တကယ့်အနှစ်သာရကတော့ အကြံတုံး ဥာဏ် တုံးတွေဆိုတာ တဖြေးဖြေးပေါ်လွင်လာတဲ့လူတွေပေါ့ဗျာ။ သူတို့မှာတိကျတဲ့လမ်းစဉ် မရှိဘူး၊ စွန့်စားရဲတဲ့သတ္တိတွေမရှိဘူး၊ အဲဒီတော့ စစ်တပ်အလိုကျ လမ်းပြမြေပုံကိုပဲ ဦးထိပ် ရွက်ကိုးကွယ်နေကြတယ်။ အဲဒီဟာကပဲဟုတ်သလိုလို၊ ပြည်သူတွေကပဲ အခြေခံဥပဒေကို ထောက်ခံအတည်ပြုသလိုလို ယောင်ဝါးပြောနေကြတယ်။

စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကသာ မြန်မာ့နိုင်ငံရေးအတွက် အကောင်းဆုံးအဖြေ၊ ထွက်ပေါက်ဖြစ်တယ်လို့ တင်စားနေတယ်။ တကယ်တော့ အဲဒီလူတွေဟာ ဆရာကြီးနေရာ ကလည်းနေချင်တယ်၊ ထိုက်တန်တဲ့ပေးဆပ်မှုမျိုးလည်းမလုပ်ချင်တဲ့ အချောင်သမားတွေ ပါပဲ။ သို့သော်လည်း လူတိုင်းမှာ လွတ်လပ်စွာတွေးခေါ်ဆုံးဖြတ်ပိုင်ခွင့်ရှိတာဆိုတော့ ကျွန်တော့်အနေနဲ့ ဘာမှမပြောလိုပါဘူး။ မပြောလိုပေမဲ့ ပြောစရာဖြစ်လာတဲ့ အကြောင်း တွေ တွေ့လာတော့လည်း ပြောရပါဦးမယ်။

အထက်ကဆိုခဲ့ပြီးသလို နိုင်ငံရေးချဲသမားတွေ က ဒီချုပ်နဲ့ပတ်သက်လာရင် ဘယ်တုန်းက ဘယ်လိုအကွက်နဲ့ ဘယ်လိုလုပ်ရမှာ အခုတော့ တွေ့ပြီမဟုတ်လား ဦးဆောင်ပါတီလုပ်နေပြီး ဒါလေးတောင်မသိဘူး.... အစရှိ သဖြင့်တမျိုး၊ တကယ်ဆို ဘယ်တုန်းကတည်းက ဘယ်လိုပွဲသိမ်းလုပ်ရမှာ အသုံးကိုမကျ ဘူး ပြည်သူတွေဆီက ထောက်ခံမဲတွေယူပြီး အလကားပဲ ဘာမှအဖြစ်မရှိဘူး....... စသည်ဖြင့် ဝေဖန်လေကန်လာကြတာတွေ့ရပါတယ်။

အခုနောက်ပိုင်း ဒေါ်စုကိစ္စမှာလည်း တကယ်က ရက်ပိုင်းအတွင်းမှာ ဒေါ်စုဟာလွတ်ရက် စေ့နေပြီ ယက်တောကိုလက်မခံထားသင့်ဘူး အခုပြဿနာတက်ပြီမဟုတ်လား လူထုခေါင်းဆောင်လုပ်ပြီး ဒါလေးတောင်မှနားမလည်ဘူးလား... ဆိုပြီး ဝေဖန်သလိုလို နဲ့ နှိပ်ကွပ်လာပါတယ်။ အဲဒါအပြင် ဒေါ်စုဟာ တိုင်းပြည်အတွက် ဘာတွေများ လောက်လောက်လားလား စွမ်းဆောင်ပေးဖူးလို့လဲ သူကဘာအစွမ်းအစရှိလို့လဲ..နဲ့ ပြော လာတဲ့အပြင် ဒေါ်စုက ဆန်ရှင်ချလို့ တိုင်းပြည်ဆင်းရဲရသလိုလို ဘာလိုလိုနဲ့ ရောချလာပါ တယ်။

အခုနောက်ဆုံး ဒေါ်စုကိစ္စရှုပ်နေလို့ တိုင်းပြည်ရဲ့နိုင်ငံရေးဟာ တိုးတက်သင့်သ လောက်မတိုးတက်လာသလိုလို... ရွေးကောက်ပွဲတော့ နှောင့်နှေးပါပြီ၊ ပုဂ္ဂိုလ်ရေးက တိုင်းပြည်ရေးထက်ရှေ့တန်းရောက်နေပြီ ဒုက္ခပါပဲ.... အစရှိသဖြင့် တိုင်းပြည်ချစ်လွန်းလို့ ရင်လေးရတဲ့ပုံစံတွေအထာတွေနဲ့ လုပ်လာပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လူ့အသိုင်းအ၀ိုင်းမှာမဆို ကောင်းတဲ့ဘက်မှာပဲဖြစ်ဖြစ် ဆိုးတဲ့ဘက် မှာပဲဖြစ်ဖြစ် ထွန်းထွန်းပေါက်ပေါက် ခေါင်းဆောင်နိုင်တဲ့လူတွေဟာ ၁၅ရာခိုင်နှုန်းလောက် စီပဲရှိကြပါတယ်။

ကျန်တဲ့၇၀%ကတော့ ကောင်းတဲ့ဘက်လိုလို ဆိုးတဲ့ဘက်လိုလိုနဲ့ ရေရာ တိကျမှုမရှိတတ်ကြပါဘူး။ အဲဒီတော့ ကောင်းတဲ့ဘက်ကပဲဖြစ်ဖြစ် ဆိုးတဲ့ဘက်ကပဲဖြစ်ဖြစ် သူ့ဘက်အင်အားများအောင် ခုနက ၇၀% ကိုစည်းရုံးဆွဲဆောင်ကြရပါတယ်။ ဒီသဘော အတိုင်းပဲ စစ်တပ်ဘက်ကလူတွေက သူတို့ဘက်ပါအောင် စည်းရုံးနေပါတယ်။

စစ်တပ် ကောင်းကြောင်းတွေနဲ့တည့်တိုးကြီးစည်းရုံးလို့မရဘူး မဖြစ်နိုင်ဘူးဆိုတာ သိနေကြတော့ တဖက်လှည့်နဲ့ စစ်တပ်မကောင်းတာကို ဖေါ့ထားပြီး ဒီချုပ်ကဘယ်လို ဒေါ်စုကဘယ်လိုနဲ့တိုက်ခိုက်နေကြတာပါပဲ။ စစ်တပ်မကောင်းပေမဲ့လည်း အနီးကပ်ပေါင်းပြီး စည်းရုံးပြုပြင် သွားရင် ကိုယ်ဖြစ်စေချင်သလို ကောင်းလာနိုင်သလိုလို ၀ါဒဖြန့်နေကြပါတယ်။

ကျွန်တော့်အနေနဲ့ အဲဒါတွေနဲ့ပတ်သက်ပြီးရေးရပြောရမယ်ဆို သိပ်ပြီးတော့မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ အဲဒီဘုန်းကြီးတစ္ဆေတွေလို ဥပဒေအချက်အလက် တွေ အကိုးအကားတွေနဲ့ မပြောတတ် မပြောနိုင်လို့ပါပဲ။ သူတို့က ၀ါဒဖြန့်ဖို့အရေး လူအင် အားတွေအများကြီးနဲ့ အချိန်တွေအများကြီး အကုန်ခံနိုင်ကြပါတယ်။

ဒါပေမဲ့ အမည်းရောင် ကို အလင်းဖြတ်သန်းမှုသီအိုရီ အရောင်ဘာသာဗေဒ စိတ်ပညာသီအိုရီအချက်အလက် စတဲ့ စာအုပ်ကြီးတွေကိုးကားပြီး အမည်းရောင်ဟာ အဖြူပါပဲလို့ ဘယ်လိုပဲပြောပြော ကျွန်တော်တို့အတွက်တော့ အမည်းဟာ အမည်းပါပဲ၊ အမည်းကို အမည်းလို့မြင်ဖို့အတွက် ဘာသီအိုရီ ကျမ်းစာအထောက်အထားမှ မလိုပါဘူး။

ဘ၀ပေးအသိအမြင်အရကို အမည်းလို့မြင်နေပြီးသားပါ။ အဖြူကိုလည်းထို့အတူ အဖြူလို့မြင်ပြီးသားပါ။ ရိုးရိုးသာမန်ပြည်သူထဲကလူတဦး အထူးသဖြင့် လူများစုဖြစ်တဲ့ အခြေခံလူတန်းစားထဲက လူတဦးဖြစ်တဲ့ ကျွန်တော့်ရဲ့အမြင်တွေကို နောက်တပိုင်းမှာ ထပ်မံတင်ပြသွားပါမယ်။ 

7 comments:

သစ်နက်ဆူး said...

ကိုကျည်ပွေ့ ရေ...
ချဲရူးနဲ့ ဘုန်းကြီးတစ္ဆေရူးပေါင်းကြမှတော့ ဘာကောင်းတော့မလဲဗျာ...
နောက်တခါဆို ချဲရူးကို ဆွဲစေ့ပြီး..
ဘုန်းကြီးကို ခေါင်းခေါက် ပစ်လိုက်စမ်းပါဗျာ...
တောင်းပန်စရာ မလိုဘူးနော်...။

အိမ်လွမ်းသူ said...

မောင်ကျည်ပွေ့ရေ... ခေါင်းရှိတဲ့သူအားလုံးသိကြပါတယ်နော်.. အဲ့ဒီချဲရူးနဲ့ ဘုန်းကြီးတစ္ဆေတွေများနေကြလို့ ခက်နေတာလေ... ပတ္တမြားရွှေဂူကို မနာလိုတဲ့ဝက်တွေက ရွံ့လူးပြီးဘယ်လိုဘဲတိုက်တိုက် ရွှေဂူက အရောင်ပိုပိုထွက်လာတာသိသိသာသာပဲလေ..

Myo Win Zaw said...

ဒင်းတို့ကတမှောင့်မောင်ကျည်ပွေ့ရေ

Thargyi(Gyobingauk) said...

ကိုကျည်ပွေ့ရေ...

အဲလိုလူမျိုးတွေက အများသားပဲ ခက်နေတာ က ကိုယ့်နိုင်ငံသားတွေ ကိုယ်တိုင်က စာဖတ်အားနည်းကျတော့ အချက်ကျကျပြောတဲ့လူ ဆို ဟုတ်နိုးနိုးေ၀၀ါးဝါးတွေဖြစ်နေကြတော့လဲ ခက်တယ်.. တခုရှိတာက နှစ်ဘက်လုံးက ယှဉ်ပြောခွင့်ရရင်တော့ ပြဿနာက ဒီလောက်ဆိုးမှာ မဟုတ်ဘူးဗျ.. အခုကသူတို့ထောက်ခံသူတွေပဲ ပြောခွင့်ရနေတော့ ဘာမှသေခြာမသိတဲ့လူတွေေ၀၀ါးဝါးဖြစ်ကုန်တယ်ဗျာ...

Unknown said...

ဒုတိယအကြိမ်မြောက်ပြန်လာဖတ်တယ်။

ကလူသစ် said...

၂ ကိုဆက်စောင့်နေတယ် :)

mg kyi poae said...

ကိုဆူး၊ မအိမ်လွမ်းသူ၊ ကိုမျိုးဝင်း၊ ကိုရွှေအောင်၊ ကိုဥပသကာ၊ ကလူသစ်
မင်္ဂလာပါခင်ဗျာ။ ကျွန်တော်လည်း သူတို့လုပ်ရပ်တွေ လုပ်ကွက်တွေကို တတ်နိုင်သလောက်တုံ့ပြန်သွားပါမယ်။ ကိုရွှေအောင်ပြောသလို သူတို့က အချက်ကျကျပြောတဲ့ အခါ သေချာမသိတဲ့သူတွေေ၀၀ါးသွားတာပါ။ ကျွန်တော်လည်းသေချာမသိပါဘူး သို့သော်လည်း ကျွန်တော့်မှာ ခိုင်မာတဲ့ယုံကြည်မှုရှိပါတယ်။ အဲဒီယုံကြည်မှုကိုရပ်တည်ပြီး ဆက်လုပ်သွားပါမယ်။ ကလူသစ် ကျွန်တော်လည်း အသစ်ကိုစောင့်နေတယ်နော်

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB