ဆက်မတွေးချင်တဲ့ အတွေး

ကျွန်ုပ်ဘလော့လောကနှင့် ရက်အတန်ကြာ အဆက်ပြတ်သွားခဲ့သည်။ ဤတွင် သူခိုးကိစ္စ ပေါ်လာခဲ့ပေရာ ဘလော့လောကတွင် ပွဲဆူစရာကိစ္စဖြစ်လာပေသည်။ ဘလော့ပေါ်တွင် ပွဲဆူစရာကိစ္စများမကြာခဏပေါ်တတ်သည်။

ကျွန်ုပ်သည်လည်း တခါက သေချာမသိ သောကိစ္စတခုတွင် ၀င်၍ကွန်မန့်ပေးဖူးသည်။ နောက်တော့မှသာ ထိုသူ၏ အပြုမူလုပ် ဆောင်ပုံကို မနှစ်သက်သလိုဖြစ်လာသောအခါ ပေးခဲ့ဖူးသော ကွန်မန့်အတွက် နောင်တ ဖြစ်မိပေတော့သည်။ ထိုအကြောင်းကို သင်ခန်းစာထားပြီး နောက်နောင်တွင် ကိုယ်မသိ သည့် သူတပါးကိစ္စတွင် ၀င်မပြောမိရန် သတိထားနေခဲ့သည်။ှ

ယခင်တခါကလည်း ထိုသို့သော ကော်ပီကူးမှုဖြင့်ပွဲဆူခဲ့ဖူးသည်။ မနေ့က ဘလော့လည်ဖတ်နေရင်း အမှတ်မထင် ထိုစဉ်ကအကြောင်းတွေပါ ဖတ်ဖြစ်သွား သည်။ ဘလော်ဂါတော်တော်များများ ထိုပွဲဆူသူဖက်မှရပ်တည်၍ ကွန်မန့်အတိုရှည်ပေါင်း များစွာပေးထားသည်ကို တွေ့ခဲ့ရပါသည်(၁၀၀၁ က အသုံးနှုန်းရိုင်းနေ၍လည်းဖြစ်နိုင်)။

ပွဲဆူသူသည်ထိုအခါကလည်း ကော်ပီကူးကြောင်းဝန်မခံခဲ့ပဲလှည့်ပတ်လိမ်ညာခဲ့သည်။ ယခုအခါ  ယခင်ကထက်တိုး၍ငါ့ဖါသာငါ လုပ်ချင်တာလုပ်မယ်၊ ငါကအကောင်ကြီးမျိုး ဘယ်ကောင်မှဂရုမစိုက်ဘူး၊ ထိရဲရင်ထိကြည့် စသည့်သဘောမျိုးဖြင့် စိန်ခေါ်နေတော့ သည်။ ဘလော့လောကတွင် ထိုပွဲဆူစေသူ၏လုပ်ရပ်ကို ရှုံ့ချရဲသူဟူ၍ များများစားစားမရှိ၊ လက်ချိုးရေလို့ပင်ရသည်။ အခြားအကြောင်းအရာများကိုအသာထားခိုးခြင်း၊လိမ်ခြင်း၊ စော်ကားခြင်း သုံးမျိုးကိုပင် ဘလော်ဂါများအနေဖြင့် လက်မခံသင့်ပဲ ပြောရဲရမည်ဖြစ်ပေ သည်။

အထူးသဖြင့် ယခင်အခါက ပွဲဆူသူ၏ဖက်မှ ရပ်တည်အားပေးခဲ့ကြသော ဘလော်ဂါ ကိုကိုမမတို့၏ အသံများတိတ်နေခြင်းသည် ဘာကြောင့်နည်းဟု ဆက်တွေးချင်စရာ ဖြစ်လာပေတော့သည်။ ကျွန်ုပ်ယခုကိစ္စကို ရေးနေရခြင်းသည် ပုဂ္ဂိုလ်ရေးကြောင့်မဟုတ်၊ အမှန်တရားကို ကျွန်ုပ်တို့ မည်သို့သဘောထားသည်ကိုသာ ဆန်းစစ်လိုရင်းဖြစ်သည်။ အမှန်တရားနှင့် ခင်မင်မှု၊ အမှန်တရားနှင့်ကြီးကြီးမာစတာ၊ အမှန်တရားနှင့် အကျိုးစီးပွါး၊ အမှန်တရားနှင့်စသဖြင့် အကြောင်းအရာများတွင် ကျွန်ုပ်တို့မည်သည့်အရာကို ရွေးချယ်ရပ်တည်ကြမည်ကို ကျွန်ုပ်အထူးစိတ်ဝင်စားပါသည်။

အထူးသဖြင့် ဘလော်ဂါများ ဆိုသည်မှာ သာမန်လူများထက် ခေတ်မီသော အတွေးအခေါ်ရှိသောသူများဟု ယေဘူယျ အားဖြင့်မှတ်ယူထားသည့် ကျွန်ုပ်မှာ ဤကိစ္စအပေါ် ဘလော်ဂါများ မည်သို့တုံ့ပြန်ကြမည် နည်းဟု စောင့်မျှော်ကြည့်မိပါသည်။ အမှားကို ၀န်ခံရဲသော၊ စကားကိုတာဝန်ယူရဲသော၊ အမှန်တရားကိုချစ်မြတ်နိုးသော စိတ်များ ရှိကြမည်ဟုလည်း ကျွန်ုပ်ယုံကြည်မိပါသည်။

အကယ်၍များ ကျွန်ုပ်ယုံကြည်သလိုမဟုတ်ပဲ ဆန့်ကျင်ဖက်ဖြစ်လာခဲ့သော်……………………………………………… ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ရောက်လုနီးပါပြီဟု တွေးရင်း မချိပြုံးကိုကျေနပ်စွာ ဆက်ပြုံးနေမည်ဖြစ်ကြောင်း…………….

11 comments:

ATN said...

လက်ချိုးရေလို့ရတဲ့လူတွေထဲ
ကျုပ်ကိုလည်း ထည့်ထားဗျာ...
http://aungthange.blogspot.com/2008/11/blog-post_30.html

အောက်မှာလည်း ၃ ယောက်ရှိသေးတယ်...
http://maungyin.blogspot.com/2008/11/plagiarism.html
http://khinoomay77.blogspot.com/2008/11/smntl.html
http://zarnywin.blogspot.com/2008/11/sexy-leg-way-i-dress-and-noodle.html

အားလုံးက ၀ိုင်းဝန်းဆန့်ကျင်ကြဖို့လိုပါတယ်...

ATN said...

sorry, i forgot to mention another blogger you have to count on your list

http://pandora-and-pandora.blogspot.com/2008/11/blog-post_29.html

mm thinker said...

Add this

http://www.mmthinker.net/

ဒူကဘာ said...

တာဝန်ယူမှု တာဝန်ခံမှု ဆိုတာကိုများ နားမလည်ကြလေ ရောလားဗျာ ! ရှုတ်ချ ဆန့်ကျင်ပါတယ်။

ကိုအောင် said...

ကိုကျည်ပွေ့ ပြောတဲ့ ပြဿနာဖြစ်တဲ့ လင့်ဂ်တွေ
နှစ်ခုစလုံး ကျနော် တခါမှ သွားမလည်ဖြစ်ဘူးဗျ။
ကျနော်က ကိုယ်စိတ်ဝင်စားတဲ့ အရေးတွေများနေလို့
ကိုကျည်ပွေ့ရေ။ အခုလို ထိထိမိမိ ရေးထားတွေမြင်
ရမှ သတိပြုမိတယ် ကိုကျည်ပွေ့။

လူလ said...

မင်္ဂလာပါ မောင်ကျည်ပွေ့

၎င်း ပြသာနာက တခါလည်းမဟုတ် နှစ်ခါဆိုတော့လဲ စဉ်းစားစရာတွေ ဖြစ်လာတာပေါ့ဗျာ။
ပထမကြိမ်ဖြစ်သွားကတည်းက သြော နားမလည်လို့ ဆိုပြီး ခွင့်လွတ်ပေးရမှာပေါ။
ဒုတိယံ လုပ်လာတယ်ဆိုတော့ ဒါကြီးက အကျင့်လားလို့ တွေးတောစရာဖြစ်လာတယ်လေ။
ပထမအကြိမ်ဖြစ်တုန်းက ကျွန်နော်၏ ဘလောဂ်အဟောင်းမှာ မူပိုင်ခွင့် ပိုစ့်ကို ရေးခဲ့ဖူးတယ်။
သေချာတာကတော့ စင်္ကြာဝတေးမင်းပဲ ဖြစ်ဖြစ်၊ ဒီအကျင့်ရှိတာက ကိုယ့်တန်ဖိုးကျတယ်လေ။
လေးစားစရာကောင်းတာက ၁၀၀၁ပါပဲ။ အရေးအသားက ပြင်းထန်သော်လည်း ဒီဓါတ်ပုံတွေ ဘယ်ကလာတယ် ဖေါ်ပြနိုင်ခဲ့လို့ပါ၊

ရွှင်လန်းချမ်းမြေ့ပါစေ...

mg kyi poae said...

မင်္ဂလာပါခင်ဗျာ... စိတ်သဘောထားချင်းနီးသူတွေနဲ့ စကားပြောရတာ ချမ်းမြေ့စရာပါပဲ။ ဒီအကြောင်းကို ပြန်ရေးကြသူထဲမှာ ကိုသင်ကာရေးတာကို အရင်ဆုံးဖတ်မိပါတယ်။ နောက် ကိုမောင်ရင်နဲ့ မပန်ပေါ့။ ကိုအောင်သာငယ်ရေးထားတာကို အချိန်မရလို့ တ၀က်တပျက်ပဲ ဖတ်ခဲ့ရတော့ အဲဒါကိုရေးထားတယ်လို့ မထင်မိခဲ့ဘူး။ ကိုအောင်သာပေးထားတဲ့ တခြားလင့်တွေ လည်း ကျွန်တော်ဖတ်ကြည့်ပြီးပါပြီ။ တီဇက်အေလည်းရေးထားပါသေးတယ်။ အခုနောက်ဆုံးတွေ့ရတာက ကိုပေါပေါ့။ အားလုံးက ပုံစံတမျိုးစီနဲ့ရေးထားကြတာ အားရစရာပါပဲ။ အမှန်တရားကို မြတ်နိုးကြတဲ့သူတွေများလာလေကောင်းလေပေါ့ခင်ဗျာ။အားလုံးကို လေးစားကျေးဇူးတင်ပါတယ်ခင်ဗျားးးးးး

Anonymous said...

ကိုယ်.ဆရာရေ...

လူဆိုတာအမျိုးမျိုးရှိတယ်ပေါ.ဗျာ။ဒီအတိုင်းရေးလို.
ကတော.သူ.ဘလောဂ်ကိုကြောင်တဲ.သူတွေလောက်ပဲလာ
မှာမို.ပွဲဆူအောင်တမင်ဖန်တီးတယ်လို.ပဲထင်ပါတယ်။
ပြီးတော.ရေးတဲ.သူရဲ.ရည်ရွယ်ချက်နဲ.စိတ်ထားလည်း
ပါပါလိမ်.မယ်။တစ်ချို.ကကိုယ်ဖတ်မိလို.ကြိုက်မိတာလေး
တွေကိုယ်.ဘလော.ကိုမျက်စေ.လည်လမ်းမှားပြီးရောက်
လာသူတွေဖတ်မိပြီးအကျိုးရှိပါစေ၊ကိုယ်.အတွက်လည်းမှတ်
စုလိုသဘောမျိုးနဲ.ပြန်တင်တတ်ပါတယ်( ကျွန်တော်အပါအ၀င်ပေါ.ဗျာ)။တစ်ခါတစ်လေကိုယ်က
လည်းစုံအောင်လိုက်မဖတ်နိုင်တော.မူရင်းဖန်တီးသူကို
မညွန်းနိုင်ဘူးပေါ.ခင်ဗျာ။ဒါပေမယ်.ရည်ရွယ်ချက်နဲ.လုပ်
ရပ်ကိုကြည်.ယင်သိသာပါတယ်။
တစ်ချို.ကတော.သိသိကြီးနဲ.ကိုယ်ဖန်တီးသလိုလုပ်ပစ်
လိုက်တာပါ။အဲဒါကိုတော.အားမပေးသင်.ပါဘူး။ဝိုင်း
ဝန်းဖော်ထုတ်ဆန်.ကြင်သင်.ပါတယ်။ကိုမောင်ရင်ရေး
သလိုပေါ.ဗျာ။
ကိုယ်.ဆရာရဲ.ဘလော.ကိုလည်းအသံတိတ်လာရောက်
ဖတ်ဖြစ်ပါတယ်။အမိတိုင်းပြည်ကိုချစ်တဲ.စိတ်စေတနာ
တွေမြင်ရလို.လေးစားမိပါရဲ.ဗျာ။

ကလူသစ် said...

ဟဲဟဲ ဒီမှာပဲ ပြန်ကော်မန့်လိုက်မယ်နော်။ အကောင်းမြင်တာများတာမဟုတ်ပါဘူး မောင်ကျည်ပွေ့ရဲ့။ အကောင်းလဲမမြင်ဘူး။ အဆိုးလဲမမြင်ဘူးဖြစ်တာပါ။ ရေးချင်တဲ့သူလဲရေးရအောင် ပြဿနာလဲမတက်ရအောင် နားလည်သလောက်လေး ရွှီးကြည့်တာပါ။ ကတ္တရာသုတ်ထားတဲ့သံတုံးအကြောင်း ဆက်သိချင်သေးရင်တော့ မေးလ်လိပ်စာလေး ကလူသစ်ဆီဗုံးမှာ လာချပေးခဲ့လေ။

ဟန်လင်းထွန်း said...

အော် အော် ကိုကျည်ပွေ့က ဒီပိုစ့်ကို trace လိုက်ရင်းကျနော့်ဆီရောက်ခဲ့တာလား

အိုးဝေအောင် said...

ခိုးခြင်း၊လိမ်ခြင်း၊ စော်ကားခြင်း သုံးမျိုးကိုပင် ဘလော်ဂါများအနေဖြင့် လက်မခံသင့်ပဲ ပြောရဲရမည်ဖြစ်ပေ သည်။

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB