မပြောမဖြစ်

ဆောင်းပါး - မောင်ကျည်ပွေ့

ဘာလိုလိုနဲ့ ဘလော့မှာစာမရေးဖြစ်တာလဲ တော်တော်ကြာသွားပြီ။ ဒီကြားထဲမှာ စာရေး ဖြစ်ပေမဲ့ ဘလော့မှာ မတင်ဖြစ်ဘူး၊ စိတ်ထဲမှာရှိတာတွေချရေးချင်သော်ငြားလည်း အခြေ အနေအရ ရေးလို့မရတဲ့အကြောင်းတွေရှိနေပြန်တယ်။ ဘာပဲဖြစ်ဖြစ် ၂လတာ အတွေ့အကြုံတွေကနေ သင်ခန်းစာယူစရာတွေ အများကြီးရခဲ့တာ အမြတ်ပဲလို့ ခံယူလိုက် ပါတယ်။

ဒီကြားထဲမှာ ကျေးဇူးတင်ရမယ့် သူငယ်ချင်းကို ကျေးဇူးစကားလေးတောင် မဆို ဖြစ်ခဲ့ရဘူး။ သူငယ်ချင်းတယောက်ရဲ့ နာရေးကတဆင့် နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းတယောက်နဲ့ ပြန်ဆုံခဲ့ပါတယ်။ အရင်က ကြီးတော်နွားကျောင်းတဲ့အလုပ်ကို အတူတူလုပ်ခဲ့တဲ့ စိတ်တူကိုယ်တူသူငယ်ချင်း၊ သူနဲ့ကျွန်တော် ဘလော့ကို အပြန်အလှန် ဖတ်ဖူးနေကြပေမဲ့ မောင်ကျည်ပွေ့ဆိုတာ ကျွန်တော်မှန်း သူမသိသလို ကျွန်တော်ကလည်း သူ့ဘလော့ကိုဖတ်ပြီး သူမှန်းမသိခဲ့ဘူး။


အခုမှ သူနဲ့ကျွန်တော် အွန်လိုင်းမှာ စကားပြောဖြစ် ပြီး သြော် ဂလိုလား..လို့သိကြတာလေ။ သိလျင်သိချင်းပဲ သူက မင်းဘလော့ဟာ ဘလော့ ရုပ်မပေါက်ဘူး၊ ဖြစ်သလိုလုပ်ထားတာလို့ ဝေဖန်ပါတယ်။ ကျွန်တော်ကလည်း လုပ်တတ် လို့လုပ်ထားတာမဟုတ်ကြောင်း ဒီလောက်ဖြစ်အောင်ကို တခြားလူတွေက ၀ိုင်းကူထား တာဖြစ်ကြောင်း ပြန်ရှင်းပြတော့ ထုံးစံအတိုင်း သူက စေတနာ့ဝန်ထမ်းလုပ်ပြီး စိတ်ရှည် လက်ရှည် ပြင်ပေးပါတယ်။ ဒါကြောင့်လည်း အခုဘလော့က နဲနဲဘလော့ရုပ်လေးဘာလေး ထွက်လာတာပါပဲ။

အခုလို မအားတဲ့ကြားက အချိန်ပေးပြီး လုပ်ပေးခဲ့တဲ့ သူငယ်ချင်း စောကျော်ခွီး ကိုအထူးပဲ ကျေးဇူးတင်ပါတယ်။ ကျေးဇူးစကားက နောက်ကျနေတာကိုလဲ ခွင့်လွှတ်ပေါ့ဗျာ(ထုံးစံအ တိုင်း)။ နောက်လည်း နားပူစရာကိစ္စတွေလာပါဦးမယ်။

ကျွန်တော့်မိတ်ဆွေများကိုလည်း ပြောစရာရှိသေးတယ်ဗျ။ ကျွန်တော်အခု ကလေးအဖေ ဖြစ်ပြီဗျ။ အဖေတူသားလေးဆိုတော့ ချစ်စရာလေးဆိုတာ ပြောစရာမလိုလို့ မပြောတော့ ဘူးနော်။ အခု ကျွန်တော်လည်း ကလေးအနှီးလျှော်ရင်း.. ဘာနာမည်ပေးရင်ကောင်းမလဲ လို့ ခေါင်းစားရင်း.. အလုပ်သမားတွေကြားထဲမှာ ရေပန်းစားနေတဲ့ ယာယီပတ်စ်ပို့ နဲ့ပတ်သက်ပြီး ကောလဟာလသတင်းများကို နားစွင့်ရင်း.. ဘလော့မှာလည်း စာရေးနိုင်ဖို့ ကြိုးစားရင်း... ရှုပ်နေပါတယ် ခင်ဗျာ...

8 comments:

Myo Win Zaw said...

ကလေးအဖေဖြစ်လို့ congratulation ဗျာ ဘလော့က နဂိုအတိုင်းပါဘဲ ထူးထူးခြားခြား မတွေ့မိဘူး ကိုကျည်ပွေ့ရေ

ကိုအောင် said...

ကလေးရသွားပြီလို့ ကြားရတာ မင်္ဂလာ သတင်းပဲဗျို့၊
နာမည်ပေးတဲ့ ကိစ္စ အကြံဥာဏ်တောင်းခံတာလည်း
မင်္ဂလာ တစ်ပါးပဲ၊ ကျနော့်အမြင်က လူအတော်များများ
ဟာ ကိုယ့်နာမည်ကို ကိုယ်ပေးလို့ မရခဲ့ဘူး၊ မိဘတွေ
ရဲ့ ရွေးချယ်မှုကြောင့်ပဲ နာမည် ဖြစ်ရတာ များတယ်၊ မြန်မာလူ
မျိုး ဗုဒ္ဓဘာသာတွေကတော့ ဗေဒင်သဘောနဲ့ အမည်
ပေးလေ့ရှိတယ်၊ ကျနော့်အမြင်တော့ မောင်ကျည်ပွေ့ရဲ့
နောက်ဆုံးနာမည်ကို ကလေး အမည်ရဲ့ နောက်ဆုံးမှာ
ထည့်ရင် ကောင်းမလားလို့၊ အနောက်တိုင်း အယူ
အဆကို ယူဖို့ ပြောတာတော့ မဟုတ်ပါဘူး၊ ကျနော့်
ထင်တာ ကျနော်အကြံပြုတာပါ၊ တစ်မိသားစုလုံး အဆင်ပြေပါစေ။

ကလူသစ် said...

ကွန်ကရက်ကျူရေးရှင်းပါဗျာ။ ဘလော့ဂ်ကတော့ ဒုတိယနောက်ဆုံးပို့စ်ကိုဖတ်လို့တောင်မရဘူး။ ပြန်ပြင်ပါဦးဗျ။ ကလေးပုံလေးတွေလဲ တင်ပေးစမ်းပါအုန်း။

ရွှေရတုမှတ်တမ်း said...

လူဖြစ်ပြီဟေ့....းးးးးးးးးးးးးးးးးး

pandora said...

လှိုက်လှိုက်လှဲလှဲ ၀မ်းသာပါတယ် ကိုကျည်ပွေ့ရေ
ကလေးအတွက် အချိန်ပိုပေးရမှာပေါ့။ ပျော်ရွှင်အေးချမ်းပါစေ။

ဂျစ်တူး ( မုံရွာ ) said...

ဋ္ဌေသာ်-----ဒါကြောင့်ကိုး
ဘာဘဲဖြစ်ဖြစ်ဗျာ ကလေးထိန်းရင်းစာတွေရေးလို့ရပါတယ်ဗျာ။ဂျစ်တူးက
ကျည်ပွေ့အတက်မညိုးရအောင်ရေလောင်းပေါင်းသင်ဖို့ 
လိုတယ်ထင်နေတာ-လက်စပ်သတ်တော့မျိုးဆက်ကလေး
တောင်ပွားနေမှကိုးဗျ-ဝမ်းသာတယ်ဗျာ

mg kyi poae said...

ကိုမျိုး၊ကိုအောင်၊ကလူသစ်၊Nai၊မပန်၊ဂျစ် မင်္ဂလာပါခင်ဗျာ။ လာလည်အားပေးတာ ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဘလော့ကတော့ ကျွန်တော့် သူငယ်ချင်က ပြင်ထားပေးတာဆိုတော့ ကျွန်တော်လည်းမသိဘူး။ လုပ်လို့လည်းမတတ်ဘူးခင်ဗျ။ သူ့ကိုပဲ ပြန်မေးကြည့်ရဦးမယ်။ ကိုအောင်ရေ..ကလေးနာမည်ကတော့ မပေးရသေးဘူး စဉ်းစားတုန်းပဲခင်ဗျ။ သူငယ်ချင်းတွေ ၀ိုင်းပေးထားတာတွေတော့ရှိတယ် အတည်မပြုရသေးဘူး။ တပ်ချုပ်ကြီးဆီ တင်ပြရဦးမယ်း-)

AMK said...

ကလေးအဖေဖြစ်သွားပြီဆို တော့ လေးစားပါတယ် အကိုေ၇

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB