အထူး.......

လွန်ခဲ့တဲ့ ၂လပိုင်းကစပြီး ကျွန်တော်ဘလော့ရေးတာ ရပ်နားခဲ့ပါတယ်။ အဓိကအကြောင်း ကတော့ မလုပ်မဖြစ်လုပ်ရမယ့် ကိစ္စတချို့ကိုလုပ်ရမှာရယ်၊ ခြောက်နှစ်ကျော်ခွဲခွါခဲ့တဲ့ မိဘနဲ့မိသားစုတွေရှိရာ မွေးရပ်မြေကို ပြန်ဖို့အကြောင်းပေါ်လာတာရယ်ကြောင့်ပဲဖြစ်ပါ ပါတယ်။

နောက်တခုက ရင်ထဲမှာ အစာမကျေဖြစ်နေရတာတွေများများလာတာလည်း တကြောင်းပေါ့ခင်ဗျာ။ ကျွန်တော်ဘလော့စရေးဖြစ်တာ ၂.၃.၂၀၀၈ ကဆိုတော့ အခုဆိုရင် ၁နှစ်ကျော်ကြာခဲ့ပါပြီ။ အခြားသော ဘလော်ဂါညီအကိုများလိုပဲ နှစ်ပတ်လည် အမှတ်တရ ရေးချင်ပေမဲ့ ရေးဖို့အခွင့်မသာခဲ့လို့ မရေးခဲ့ရတာကြောင့် အခုမှပဲ ရေးဖြစ်ပါတော့တယ်။

နှစ်ပတ်လည်အမှတ်တရရေးခဲ့ကြတဲ့ ပို့စ်တွေဖတ်ခဲ့ရဖူးပါတယ်။ တနှစ်တာအတွင်းဖြတ် သန်းလာတဲ့အတွေ့အကြုံတွေ၊ ခင်မင်ရင်းနှီးမှုတွေ၊ ရေးခဲ့တဲ့ပို့စ်အမျိုးအစားတွေ အစရှိသ ဖြင့် ဝေေ၀ဆာဆာနဲ့ တကယ့်ကို အမှတ်တရဖြစ်အောင်လည်း ရေးခဲ့ကြတာ ကြည်နူးစွာ ဖတ်ခဲ့ရပါတယ်။

ကျွန်တော်ကတော့ အဲဒီလိုစနစ်တကျနဲ့ ရေးသားနိုင်စွမ်းမရှိပါဘူးခင်ဗျာ။ သို့သော်လည်း မဖြစ်မနေရေးရမှာကတော့ ကျေးဇူးစကားပါ။ ရှေးဦးစွာ ကျွန်တော့်ကို ဘလော့ဖွင့်ပေးခဲ့တဲ့ သူငယ်ချင်းနဲ့ ပြင်ဆင်ပေးခဲ့တဲ့သူငယ်ချင်းကို အထူးကျေးဇူးတင်ရှိပါ ကြောင်းပြောချင်ပါတယ်။ ပို့စ်ကိုဘယ်လိုတင်ရတယ်ဆိုတာကိုလည်း သူတို့နှစ်ဦးကပဲ ကျွန်တော်လူပြိန်းကို နားလည်အောင် ကြိုးစားသင်ပေးခဲ့ပါတယ်။

ဘလော့ရေးပြီးတဲ့နောက်ပိုင်းမှာလည်း စာဖတ်ပရိတ်သတ်တွေ သိလာအောင်မိတ်ဆက် ပေးခဲ့တဲ့ ကိုမောင်ဒိုင်း၊ ကိုလျှာရှည်တို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အဲဒီ နောက် ဘလော့အညွှန်းမှာထည့်သွင်းပေးတဲ့ ကိုသင်ကာ၊ ကိုကျော်ထင်တို့ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ ထို့အတူ လင့်ခ်ချိတ်ပြီးညွှန်းပေးခဲ့တဲ့ ဘလော်ဂါညီအကိုမောင်နှမများ ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

တဦးချင်းနာမည်တွေကို မဖေါ်ပြနိုင်တာကို လည်း ခွင့်လွှတ်ကြဖို့ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ လင့်ခ်ချိတ်ပေးထားတာတွေ ကို ရှာမတတ်လို့ပါခင်ဗျာ။ နားလည်တဲ့သူငယ်ချင်းတွေကလည်း အနားမှာမရှိတာကြောင့် မှတ်မိသလောက်ရေးမယ်ဆိုရင် နာမည်တွေကျန်ခဲ့တာတွေဖြစ်လာမှာစိုးလို့ ခြုံပြီးတော့ပဲ ကျေးဇူးစကားဆိုလိုက်ရပါတယ်။

ကျွန်တော်ကိုယ်တိုင်ကလည်း ပြန်ပြီးတော့ လင့်ခ်ချိတ်ချင်ပေမဲ့ ပို့စ်တင်ရုံကလွဲပြီး ဘာမှမ လုပ်တတ်တာကြောင့် အခုလိုပဲဖြစ်နေရတာပါခင်ဗျာ။ ပို့စ်တွေမှာ ကွန်မန့်ပေးတာတောင် တော်တော်လေးကြာမှလုပ်တတ်တဲ့ ကျွန်တော်ငထူကို ခွင့်လွှတ်နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

နောက်ထပ်ကျေးဇူးတင်ရမယ့် မိတ်ဆွေတွေကတော့ တခုတ်တရ လာရောက်ဖတ်ရှုအားပေးကြတဲ့ ညီအကိုမောင်နှမများပဲဖြစ်ပါတယ်။ အခုလိုလာရောက် ဖတ်ရှုအားပေးခဲ့လို့လည်း ကျွန်တော်ဘလော့ထဲမှာရှင်သန်ခွင့်ရနေတာဖြစ်တာကြောင့် အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ အထူးသဖြင့် ကျွန်တော့်ရဲ့ ကဘောက်တိကဘောက် ချာ စာအရေးအသားကို သည်းညည်းခံပြီး လာရောက်ဖတ်ရှုပေးခဲ့ကြတာ ကျွန်တော်ကြည် နူးစွာနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အဲဒီအပြင် ကွန်မန့်တွေ စီဘောက်တွေမှာ နှုတ်ဆက် အားပေးခဲ့ကြတာကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မိတ်ဆွေများရဲ့နှုတ်ဆက် စကား၊ မှတ်ချက်စကားတွေဖတ်ရတိုင်းလည်း အားရကျေနပ်မှုတွေဖြစ်ခဲ့ရပါတယ်ခင်ဗျာ။ ကျွန်တော့်အတွက် ဘလော့ဆိုတာ လောကအသစ်မှာ မိတ်ဆွေအသစ်တွေနဲ့ ရင်းနှီးခွင့် ရနေတယ်လို့ အမြဲတမ်းယုံကြည်ခံစားခဲ့ရပါတယ်။

အတွေးအမြင်သစ်တွေ ခံစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘလော့လောကထဲမှာ ရပ်တည်ခွင့်ပေးခဲ့တဲ့ မိတ်ဆွေများကို အထူးပဲကျေး ဇူးတင်ပါကြောင်းနဲ့ မိတ်ဆွေများရဲ့တကူးတကအချိန်ပေးကြတာနဲ့ လျော်ညီအောင် ကြိုးစားအားထုတ်သွားပါမယ်လို့ ပြောကြားပါရစေခင်ဗျာ။ မင်္ဂလာပါခင်ဗျား................

5 comments:

:P said...

ပြန်လာပြီလား.... welcome back !

ကလူသစ် said...

welcome back :)

အိမ်လွမ်းသူ said...

တနှစ်ပြည့်နှစ်ပတ်လည်ကို လာရောက်သွားပါတယ်...တနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ဘလော့ရေးနိုင်ပါစေရှင်... အစစအဆင်ပြေပါစေ..

ဒူကဘာ said...

Return of ကျည်ပွေ့ပေါ့ ကြိုဆိုပါတယ်၊ ထုထောင်းမဲ့ လက်သံတွေ မျှော်နေပါဦးမယ်။

mg kyi poae said...

sin dan lar ကလူသစ် ကျေးဇူးပါခင်ဗျ။ မအိမ်လွမ်းသူ အားပေးသလိုရေးနိုင်အောင် ကြိုးစားပါမယ်။ လက်သံတွေကတော့ အရင်ကလောက် မပြင်းတော့ဘူးလို့ ထင်ပါတယ် ကိုကြီးဒူကဘာခင်ဗျာ

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB