ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ရင်ဖွင့်သံများကို အလုပ်သမားတွေ စုပေါင်းရေးသားထားတဲ့ ကြိုးမဲ့စွန် အမည်ရစာအုပ်တစ်အုပ် လာပေးဖတ်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်နှစ်သက်မိတဲ့ ကဗျာလေးတစ်ပုဒ်ကို မိတ်ဆွေများလည်းခံစားနိုင်ဖို့ အတွက် မျှဝေပေးလိုက် ပါတယ်။ ရေးသားသူကတော့ မောင်ရုန်းကန် အမည်ရ ကလောင်ရှင်ဖြစ်ပါတယ်။
အသံကြား တရားနာမိသူများ
တချိန်တခါက ကျိန်စာသင့်ဘ၀ကိုခုတုံးလုပ်
ဘ၀အစုတ်ကို ကျွတ်ကျွတ်အိတ်နဲ့ထုပ်
လွှင့်ပစ်ခဲ့ပြီးနောက်ပိုင်း ……..
လိုတာဖြစ်နိုင်တဲ့ငွေနောက်
ကောက်ကောက်ပါအောင်လိုက်ဖို့
ဆုံးဖြတ်ချက်ချ
ရှိတာလေးပေါင်နှံ
ပွဲစားထံစရန်အပ်လို့
အများပြောတဲ့ ယိုးဒယားကို
အဖိုးအခများစွာနဲ့ ကြိုးစားလို့ခိုးဝင်
ခြေချလို့မမြဲသေးခင်မှာ
ပုလိပ်နဲ့ပက်ပင်းတိုး
လက်ငင်းအကျိုးကဆုံးရှုံး
သူလည်းငါ့လို ငါလည်းသူ့လိုဆိုတော့
ဘယ်သူကူနိုင်မှာလဲ
ရှိစုမဲ့စု ရင်းနှီးမှုပြုခဲ့သမျှ
အားလုံးဟာ သဲထဲရေသွန်ဖြစ်ခဲ့ပြီ
အသံကြားတရားနာမိသမျှ
လှလှပပကြီးခံခဲ့ရပြီလေ
အဲဒီတော့…….
ဟော…စောစောက
ကျွတ်ကျွတ်အိတ်နဲ့ထုပ်
လွှင့်ပစ်ခဲ့တဲ့ဘ၀အစုတ်က
ပုပ်သိုးသိုးနဲ့ ထပ်အရုပ်ဆိုးပြန်ပြီပေါ့
အရုပ်ဆိုးပြန်ပြီပေါ့ ……….
မောင်ရုန်းကန်
မျှဝေခံစားခြင်း
Posts Relacionados:
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment