ကမ္ဘာ့အမြင်၊မြန်မာ့အမြင်တွင်ယေဘူယျအားဖြင့်တွင် ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ထွန်းကားသော နိုင်ငံ အဖြစ်မြင်ကြမည်ဖြစ်သည်။ ကျွန်ုပ်သည်လည်း ယခင်အခါက ဤသို့ပင်မြင်ခဲ့သည်။ သို့သော် နောက်ပိုင်း တွင်မူ တရားမျှတမှု၊လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊တရားဥပဒေစိုးမိုးမှု စသောအခြေခံပြည်သူ့အခွင့်အအရေး ဆိုင်ရာတို့တွင် သံသယဖြစ်ဖွယ်များကို မြင်တွေ့လာရသည်။ အာဏာကိုချုပ်ကိုင်ထားနိုင်သော လူ နည်းစုက ဥပဒေ၏အထက်တွင်ရှိနေပြီး အာဏာနှင့်စီးပွါးရေးအခွင့်အလမ်းများ၊ နိုင်ငံတော်ဘဏ္ဍာငွေများ ကို စိတ်ကြိုက်ချယ်လှယ်နေကြသည့်အပြင် သာမန်ပြည်သူများအဖို့ မတရားမှုများနှင့်ကြုံလာပါက ဥပဒေ၏ စောင့်ရှောက်မှုကို ခံစားခွင့်ရနိုင်ရန် မလွယ်ကူကြဟု ထင်မြင်လာမိပါသည်။
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အဆင့်မီဥပဒေမျိုးစုံပြဌာန်းထားရှိသည်။ ပြည်သူများအနေဖြင့်ထိုဥပဒေများအရ တန်း တူအခွင့်အရေးများ စွာရှိသည်ဟု ဆိုနိုင်သော်လည်း အဆင့်ပေါင်းများစွာဖြတ်သန်းရခြင်း၊ နှစ်ပေါင်းများစွာ အချိန်ပေးရခြင်း၊ ဥပဒေကို လိုရာအဓိပ္ပါယ်ဖွင့်ဆို၍ရခြင်း စသောအခက်အခဲများကြုံရသည်မှာ တမင်ပင်ပြု လုပ်ထားသကဲ့သို့ တွေးယူနိုင်စရာပင်။ ဥပမာ- လုပ်ငန်းခွင်ကြောင့် အဆုတ်ရောဂါရ၍ နစ်နာခဲ့ရသော ထိုင်း အလုပ်သမားများသည် အလုပ်ရှင်ထံမှ နစ်နာကြေးတောင်းခံကြရာ သက်သေအထောက်အထားခိုင်မာ ပြည့်စုံကြပါလျှက် တရားရုံးတော်တွင် ၁၅နှစ်ကြာ တရားရင်ဆိုင်ခဲ့ကြရသည်။ ထိုတရားရင်ဆိုင်နေစဉ် ကာလအတွင်း အအချို့မှာလည်း ရောဂါကြောင့် ကွယ်လွန်ခဲ့ကြရသည်။ ၁၅နှစ်ကျော် တရားရင်ဆိုင်ပြီးမှ သာ တစ်ဦးလျှင် ဘတ်တစ်သိန်းကျော်ခံစားခွင့်ရစေဟု အမိန့်ချသည်။ ရရှိသောနစ်နာကြေးနှင့် တရားစား ရိတ်၊အချိန်ကာလ တို့မှာ ညီမျှမှုမရှိပေ။ နောင်တွင်လည်း အလားတူကိစ္စရပ်အပေါ် မည်သူမျှ တရားဥပဒေ လမ်းကြောင်းကို အသုံးချချင်စိတ် ရှိတော့မည်မဟုတ်ဟု ထင်မိပါသည်။
ထို့အတူ မြေယာပိုင်ဆိုင်ခွင့်ကိစ္စ ရပ်များတွင် အာဏာပိုင်နှင့်အရင်းရှင်တို့ ပူးပေါင်းမှုကြောင့် မိမိဘိုးဘွားပိုင် မြေပေါ်တွင် ဥယျာဉ်ခြံလုပ်စားနေ လျက်က ပိုင်နက်ကျူးကျော်မှုဖြင့် ထောင်ချခံရသောဖြစ်ရပ်များ ဖြစ်ပေါ် လျက်ရှိနေသည်။ အရင်းရှင်က ပိုင်ဆိုင်ကြောင်းစာရွက်စာတမ်းပြရာတွင် ထိုအရင်းရှင်ကို ရောင်းချပေးသူ ဟု လက်မှတ်ထိုးထားသူသည် ထိုကာလတွင် ကွယ်လွန်သွားပြီးသူဖြစ်နေခြင်း၊ မွေးပင်မမွေးသေးခြင်း စသော ကမောက်ကမနိုင်လှသည့် ဖြစ်ရပ်များနှင့်ကြုံတွေ့ကြရသည်။ သို့သော်လည်း သာမန်ဆင်းရဲသား ခြံသမားတို့မှာမူ ထောင်ကျစေဟု အမိန့်ချခံရသည့်အပြင် အာမခံလည်းထုတ်မရသည့်အဖြစ်နှင့် ကြုံ တွေ့ခဲ့ရသည်။ ထိုအထဲမှ တစ်ဦးသည် ထောင်ထဲမှာပင် သေဆုံးခဲ့ရသည်။ ဥပဒေစိုးမိုးမှုမှာ မေးခွန်းထုတ် စရာ သံသယ၀င်စရာပင်ဖြစ်တော့သည်။
အလားတူပင် လယ်မြေအများစုသည် အရင်းရှင်ကြီးများ၏လက်ထဲတွင်ကျရောက်နေပြီး လယ်လုပ်သူလယ် သမားတို့က သူရင်းငှားဘ၀နှင့်ရုန်းကန်နေရခြင်း၊ စပါးဈေးနှိမ်ခံရခြင်းတို့မှာ ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု၌ နံပါတ်တစ်ဟုဆိုသော ထိုင်းနိုင်ငံတွင်ဖြစ်ပွါးနေပြီး လယ်သမားတို့မှာ ဆင်းရဲတွင်းထဲတွင်သာ ရုန်းကန်နေ ကြရသည်။ အခြေခံလူတန်းစားနင်းပြားတို့၏ဘ၀ကား အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံများနှင့် ကွာ ခြားမှု မရှိလှပေ။ ထိုင်းနိုင်ငံတွင် နိုင်ငံရေးအာဏာကို စစ်ဗိုလ်ချုပ်များနှင့်အရင်းရှင်များကသာ ချုပ်ကိုင်ထား သလိုဖြစ်နေသည်။ လက်ရှိနိုင်ငံရေးပဋ္ဋိပက္ခမှာလည်း စစ်ဗိုလ်ချုပ်များနှင့်အပေါင်းအပါများကတစ်ဖက်၊ အခြေခံလူတန်းစားကိုစည်းရုံးထားနိုင်သောအရင်းရှင်ဘူဇွာတို့ကတစ်ဖက် အာဏာရရန်လုနေကြခြင်းဟု သာ ယေဘူယျပြောနိုင်သည်။ အကယ်၍ ရှေးယခင်ကကဲ့သို့ ၎င်းတို့အချင်းချင်း သူ့စီးပွါးကိုယ့်စီးပွါးခြားပြီး အပေးအယူမျှတသွားပါက အခြေခံလူတန်းစားတို့ဘ၀မှာ အရေးလုပ်မခံရပဲ ဒုံရင်းသို့ပြန်ဆိုက် သွားရမည် သာဖြစ်သည်။
ကျွန်ုပ်တို့ ရွှေပြည်ကြီးတွင်လည်း လွှတ်တော်နိုင်ငံရေး၊ ဥပဒေပြဌာန်းခွင့် စသည်ဖြင့်အော်နေကြသော ပုဂ္ဂိုလ်များကိုကြည့်၍ ကျွန်ုပ်မှာ ရင်မောမိသည်။ တရားဥပဒေပြဌာန်းချက်များ မည်သို့ပင်ရှိနေ တရားဥပဒေ စိုးမိုးမှုမရှိလျှင် ကျီးအာသီးဥပဒေသာဖြစ်ပြီး ပြည်သူတို့အတွက် အနှစ်သာရမဲ့မည်ဖြစ်သလို နိုင်ငံ့အနာဂတ် မှာလည်း ကောင်းရန်အလားအလာမဲ့နေမည်သာ။ အမှန်တရားကိုချမပြရဲပဲ ပြည်သူကိုလိမ်ရင်း၊ကမ္ဘာကိုလိမ် ရင်း နောက်ဆုံးကိုယ့်ကိုယ်ကိုလည်းလိမ်ကြဦးမည်ဖြစ်သည်။ ကျွန်ုပ်နှင့်ရင်းနှီးသော ထိုင်းတစ်ဦး၏စကား တစ်ခွန်းမှာ “ရွေးကောက်ပွဲမှာ မဲပေးတာ လူကောင်းကိုရွေးဖို့မဟုတ်ဘူး။ မကောင်းတဲ့လူတွေထဲက မကောင်းတာအနည်းဆုံးဖြစ်မယ်ထင်တဲ့သူကို ရွေးနေတာပဲဖြစ်တယ်။ ရွေးရင်းရွေးရင်းနဲ့ နောက်ဆုံးမှာ တော့ စားတာလဲစားကြပေါ့ကွာ ပြည်သူဖက်နဲနဲလေးတော့ပြည်ကြည့်ကြပါလို့ပဲ ပြောနိုင်တော့တယ်။ ဒါ ကြောင့် ဒို့ဟာ ဆန္ဒမဲပေးတာမဟုတ်တော့ဘူး၊ တောင်းပန်မဲပေးနေရတာ။ ဒို့ကိုလည်းပြန်ကြည့်ကြပေးပါလို့ တောင်းပန်ရင်း မဲပေးနေရတာကွ” ဟူ၏။
ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော၊ဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ်ကိုကြည့်ရင်း ထိုဖြစ်စဉ်အတိုင်း စစ်ဗိုလ်ချုပ် များနှင့်အပေါင်းအပါတို့က နိုင်ငံ့အာဏာ၊စီးပွါးရေးများ ကိုယ်ကျိုးအသုံးချမှုကို ပုံတူကူးနေသော ရွှေပြည်ကြီး မှ စစ်ဗိုလ်ချုပ်များကြောင့် အနာဂတ်အတွက် ရင်လေးမိပါသည်။ ထို့ပြင်တ၀ ထိုလမ်းစဉ်ကြီးကို အားပါးတရ ထောက်ခံသမှုပြုလုပ်ကြကုန်သော မိမိကိုယ်မိမိ တတိယအုပ်စုဟုခံယူကြကုန်သော ပညာရှိမင်းများကို ကြည့်ရင်း သက်ပြင်းပူကြီးချမိပါတော့သည်။ (နှစ်နှစ်ဆယ်ကျော် ဒီမိုကရေစီအကြောင်းပြ ကိုယ်ကျိုးရှာ သမားတို့အကြောင်းတော့ ထည့်မစဉ်းစားတော့ပါ)
ဆက်ဖတ်ရန်ကျန်သေးသည်...
ဖတ်ပြီး ပြန်ခေါက်ထားကြပါ...
စာမရေးဖြစ်တာ တော်တော်ကြာခဲ့ပေပြီ။ ပြီးဆုံးအောင် မရေးဖြစ်ဟုဆိုလျှင် ပိုပြီးမှန်လိမ့်မည်။ ကျွန်ုပ်မှာ ရေးလက်စ တွေတော်တော်များများဖြစ်နေသည်။ ရေးပါ့မည်ဟု ကတိပေးပြီးမှ မိတ်ဆွေညီအစ်ကိုများ အပေါ် ကတိပျက်ခဲ့ရသည့်အကြိမ်ကလည်း မနည်းလှ။ ကျွန်ုပ်ကိုယ်တိုင်ကလည်း စာအရေးအသားဖက်တွင် အား နည်းသည့်အပြင် အာရုံကလည်းများလွန်းလှသဖြင့် အကြောင်းအရာတစ်ခုကို ရေးပြီးအဆုံးမသတ်နိုင် ခင် တွင် နောက်အကြောင်းအရာတစ်ခုအပေါ် စိတ်ရောက် သွား ပြန်၊ ထိုမှတဆင့် တခြားအကြောင်းအရာက၀င်လာ စသည်ဖြင့် လုံးလည်ချာလည်လိုက်နေရင်း ဘယ်ဟာကိုမှ အပြီးမသတ်နိုင်ပဲ ဖြစ်နေရသည်။ အလုပ်သမားတို့၏ အခက်အခဲများ၊ နိုင်ငံရေးအပြောင်းအလဲ၊ ရွေးကောက်ပွဲ၊ အကွဲအပြဲ စသည့်စုံလင်လှသောအကြောင်းအရာများ အတွေးထဲတွင် ရှုပ်ထွေးနေသည်။ ကိုယ်ရေးကိုယ်တာကိစ္စများကလည်း များလှသဖြင့် စာဖတ်ခြင်းကလွဲလျှင် ဘာမှ စွဲမြဲမလုပ်ဖြစ်ခဲ့။ မိမိဘလော့ကိုယ်လည်း တော်ရုံနှင့်မရောက်ဖြစ် ထို့အပြင် မိမိစီဘောက်ကိုမမြင်ရ။ ထို့ကြောင့် ဘယ်သူတွေကလာနှုတ်ဆက်သလဲဆိုတာတောင်မသိနိုင်ဖြစ်နေရသည်။ သို့ပါသောကြောင့် လာနှုတ်ဆက်သူ မိတ်ဆွေများအပေါ် ဧည့်ဝတ်မကျေမှုများကို ဤနေရာမှ တောင်းပန်အပ်ပါသည်။ ရေးပါမည်ဟု ကတိပေးပြီး ပျက်ကွက်ခဲ့ခြင်းအတွက် အစ်ကိုဒူကဘာနှင့်သူငယ်ချင်းစောကျော်ခွိကိုလည်း အနူးအညွတ် တောင်းပန်အပ်ပါ သည်။
အချိန်ကာလ၏တိုက်စားမှုနှင့်အတူ ကျွန်ုပ်၏အတွေးအမြင်နှင့် အသိသည်လည်း လိုက်ပါပြောင်းလဲနေခဲ့ သည်။ အထူးသဖြင့် မိမိ၏အမြင်ကို တရားသေကိုင်စွဲပြီး အခြားသူ၏အမြင်အပေါ် ရှုံ့ချခြင်းကို ပြန်တွေ့မိခဲ့ရ သည်။ အာဏာရှင်စနစ်ကိုမကြိုက်သော မိမိကိုယ်တိုင်က အာဏာရှင်ကဲ့သို့ ပြုမူမှုများကို သိမြင်လာခဲ့သည်။ ထိုအတွေးများမွေးဖွါးရန် လက်သည်လုပ်ပေးသူ ကလူသစ်ကြီးကို အထူးကျေးဇူးတင်မိပါသည်။ (စာမရေးပဲ နေနေတာလည်း ကလူသစ်ကြီးကို အားကျလို့ ............................မဟုတ်ဘူး-) ) ကျွန်ုပ်အတွက် စိတ်၏ထွက်ပေါက်သဖွယ်ဖြစ်နေသော ဘလော့လောကတွင် ပြန်လည်စီးမျောနိုင်ရန် ကြိုးပမ်းပါဦးမည်။ မများလှသော ဘလော့မိတ်ဆွေများနှင့် ဆုံစည်းရာ ဤဘလော့ကို သံယောဇဉ်ဖြတ်ရန်ခဲယဉ်းလှသဖြင့် တတ်အားသရွေ့ စိတ်ချဉ်ဖေါက်စာတွေ ရေးဖြစ်သွားပါမည်ခင်ဗျာ.......
ဆက်ဖတ်ရန်ကျန်သေးသည်...
ဖတ်ပြီး ပြန်ခေါက်ထားကြပါ...
ကမ္ဘာ့ဖလားပွဲကတော့ စ ပါပြီ။ ဒီလိုဘောလုံးပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ပြီဆို မောင်ကျည်ပွေ့တို့ ရင်ထိတ်နေရ တော့တယ်။ ဘောလုံးပွဲရဲ့ အရှုံး အနိုင်က ကိုယ်တွေနဲ့ သက်ဆိုင်နေတာကိုး။ ဒီလိုပြောလို့ မောင်ကျည်ပွေ့တို့ ကို ဘောပွဲလောင်းနေလို့လားလို့ ထင်ကြတော့မယ်။ မဟုတ်ရပါဘူးဗျာ။ လောင်းချင်ရင်တောင်မှ ငွေရေးကြေး ရေးက သိပ်အဆင်ပြေတာမဟုတ်ဘူး။ အဲ..တချို့တွေကတော့ လောင်းတာပြုတာ တွေရှိကြပါရဲ့။ သို့သော်.. အဲလိုလောင်းတာပြုတာတွေလုပ်နိုင်ကြသူတွေက ငွေရွှင်တဲ့ ပွဲစားတွေကအများစုပါ။ ရိုးရိုးအလုပ်သမားတွေက တော့ ဘယ်ကလာ လောင်းတာတွေဘာတွေလုပ်နိုင်မှာလဲ။ အဲလိုဘောပွဲမလောင်းကြပေမဲ့ ရတတ်သမျှအချိန် လေးမှာ ဘောပွဲကြည့်ရင်း အပေါ်အသင်းတွေနိုင်ကြပါစေလို့ ဆုတောင်းပေးနေရတယ်။ ဒီလိုဗျာ.. အပေါ်သင်း ဆိုတာက လူကြိုက်များတဲ့အသင်းတွေကိုပြောတာပါ။ လူကြိုက်များပြီဆိုတော့မှ ထိုင်းပုလိပ်တွေလည်း ကြိုက် ကြတာပေါ့လေ။ အဲဒီတော့ ထိုင်းပုလိပ်တွေ ကြိုက်ကြတဲ့အသင်းတွေနိုင်ကြရင် ကျုပ်တို့အလုပ်သမားတွေလည်း နည်းနည်းအေးအေးဆေးဆေးနေနိုင်ကြတယ်။ အဲ..သူတို့ကြိုက်တဲ့အသင်များရှုံးလို့ကတော့ ဘောပွဲပြီးလို့ မိုးလင်းတဲ့အထိတောင် မစောင့်တော့ဘူး။ မနက်လေးနာရီခွဲလောက်ကတည်းက စပြီး မြန်မာအလုပ်သမား တွေနေတဲ့ရပ်ကွက်ထဲ လိုက်လှည့်ပြီး ဖမ်းတော့တာပေါ့ဗျာ။ လက်မှတ်ရှိတာတွေမရှိတာတွေ သူတို့စိတ်မ၀င်စား ပါဘူးဗျာ။ အဓိကက ပိုက်ဆံရဖို့ပဲဟာ.. ဒီတော့ အခန်းထဲဝင်လာ၊ လက်မှတ်ရှိလားမေးလိမ့်မယ်၊ ရှိတယ်ဆိုရင် အခန်းမှာ ဟိုမွှေဒီမွှေလုပ်လိမ့်မယ်။ မှတ်စုစာအုပ်တွေ၊ ဖုန်းနံပါတ်တွေမှတ်ထားတဲ့စာအုပ်တွေဆို သူတို့သိပ် ကြိုက်ပေါ့ဗျာ။ အဲဒီထဲမှာ ဂဏန်းတွေရေးထားတာတွေကို သူတို့က တရားမ၀င်ချဲထိုးပါတယ်ဆိုပြီး ဖမ်းခေါ်သွား ရောဗျ။ မဟုတ်ပါဘူးငြင်းလဲ အပိုပဲလေ။ တခါတလေများ အခန်းထဲမှာ ဘာစာရွက်မှမရှိရင်တောင် ချဲဘောက် ချာကို သူ့ဟာသူယူလာ ကိုယ့်ဟာဆိုပြီးတောင်ဖမ်းတာပဲ။ အဲဒီတော့ ပြန်လွတ်ချင်ရင်ဈေးဆစ် အပေးအယူလုပ် ပေါ့။ ပုလိပ်ကတော့ ဘတ်တစ်သောင်းခွဲ၊နှစ်သောင်းကနေ စပြီးဈေးခေါ်လိမ့်မယ်။ ကိုယ်က ရသလောက်ဆစ် ပေါ့။ အများအားဖြင့် ဘတ်ခြောက်ထောင်၊ခုနစ်ထောင်လောက်နဲ့ တည့်သွားတာများတယ်။ သူလည်း လူစဉ် ကြည့်တာပါပဲ။ သိပ်ကြောက်နေတဲ့သူ၊ ကြောက်တတ်တဲ့သူတွေကတော့ များများပေးရတာပေါ့။ တချို့တွေက တော့ ခပ်မာမာပဲ ဖမ်းချင်ဖမ်း၊ ပြန်ပို့ချင်ပို့ တရားရုံးလည်းတက်မယ်ဘာမယ်နဲ့ သူ့ကိုပြန်မာရင်တော့ ဘတ် သုံးထောင်လောက်အထိ လျှော့ပေးတာ တွေ့ဖူးပါတယ်။ အလုပ်သမားအများစုကတော့ ကြောက်ကြတာ၊ မရှုပ်ချင်ကြတာတွေများတော့ ဈေးနဲနဲပါးပါးဆစ်ပြီး ပေးလိုက်တာပါပဲ။ ဒါကြောင့်ပြောပါတယ် ဘောလုံးပွဲတွေ လာပြီဆို ရင်တထိတ်ထိတ်နဲ့ ဆုတောင်းပေးနေရတယ်။ အပေါ်အသင်းတွေနိုင်ကြပါစေ..ဆိုပြီးတော့ အဲ... အပေါ်အသင်းတွေရှုံးကြပြီလားဆိုရင် ကိုယ့်အခန်းထဲမှာ ဘုရားစဉ်ကအစ ဗီဒိုတွေဘာတွေအဆုံး စာရွက်တွေ စက္ကူစတွေကို ရှင်းထားပေတော့...။ သတိလွတ်ရင်တော့ လက်ထိတ်ခတ်ပြီး ခေါ်သွားခံလည်းထိမယ်၊ ရှိစုမဲ့စု လေးလည်း ကုန်ကြရဦးမှာဆိုတော့ ..... ရင်တထိတ်ထိတ်...ရင်တထိတ်ထိတ်နဲ့ ပါပဲဗျာ.......
ဆက်ဖတ်ရန်ကျန်သေးသည်...
ဖတ်ပြီး ပြန်ခေါက်ထားကြပါ...
သူ့ကိုစတွေ့စဉ်က အမှတ်တမဲ့သာဖြစ်သည်။ သေချာပင်သတိမထားမိခဲ့၊ သူငယ်ချင်းတစ် ယောက်ကမိတ်ဆက်ပေးခဲ့၍ သိကျွမ်းရသည့်တိုင် ဖါသိဖါသာပင်နေခဲ့မိသည်။ သို့သော် နောက်ပိုင်းတွင် မြင်ရတွေ့ရဖန်များလာသည့်အခါ စိတ်ဝင်စားမှုဖြစ်လာသည်။ ထို့နောက် သူ့ဆီသို့ အသွားအလာများလာသည်။ အပေါင်းအသင်း၊ မိတ်ဆွေနည်းသောမိမိအဖို့ သူ သည် မိတ်ဆွေကောင်းသဖွယ်ဖြစ်လာသည်။ နှုတ်ဆက်စကားပြောရင်း အတွေးအမြင် ဖလှယ်ရင်း သူနှင့်ပတ်သက်၍ မိမိမှာ မိတ်ဆွေအသစ်များပင်ထပ်၍တိုးလာသည်။ ထို့နောက်တွင် သူနှင့် ထဲထဲဝင်ဝင် ပတ်သက်မိတော့သည်။
သူ့ကြောင့်မိမိမှာ စိတ်ကြည်နူးခဲ့ရသလို စိတ်မကောင်းဖြစ်စရာများလည်းကြုံခဲ့ရသည်။ တစ်ခါတစ်ရံ ဒေါသပေါက်ကွဲမိသလို၊ ပျော်ရွှင်စရာများနှင့်လည်းဆုံခဲ့ရသည်။ သူ့ဆီကတ ဆင့် ထူးဆန်းအံ့သြစရာများကိုလည်းကြားတတ်ရသလို သင်ခန်းစာဖြစ်ဖွယ်၊ အတုယူဖွယ် တို့ကိုလည်း မှတ်သားခဲ့ရသည်။ မိမိ၏အချိန်များစွာကို သူကစိုးမိုးစပြုလာခဲ့သည်။ အချိန်တော်တော်များများ သူနှင့်ပတ်သက်ရာပတ်သက်ကြောင်းများကိုသာ တွေးနေ မိတော့သည်။ အမှန်တော့ မိမိ၏အနေအထားမှာ သူနှင့်နီးစပ်မှုသိပ်မရှိ၊ အရိုးခံဖြစ်သော မိမိအဖို့ ဆန်းပြားလှသောသူ့အသိုင်းအ၀ိုင်းတွင် ၀င်ဆန့်ရန်မလွယ်။ သို့သော် သူ့မှာ ခွဲခြားဆက်ဆံတတ်သောအလေ့ ရှိပုံမရ။ မိမိ၏ အဆီအငေါ်မတည့်သည့် စကားများ၊ ကြမ်းတမ်းရိုင်းစိုင်းသည့်စကားများကိုလည်း မငြင်းဆန်ခဲ့။
သူ့အပေါ်စွဲလမ်းတွယ်တာမှုသည် နေ့စဉ်တိုးပွါးလာခဲ့သည်။ သူ့ဆီမရောက်ဖြစ်သည့်နေ့မျိုး တွင် ဟာတာတာနှင့် နေမထိထိုင်မထိ၊ ဤသို့ဖြင့် နေ့ရက်များစွာတို့ကုန်လွန်သွားသည့် နောက်တွင် သူနှင့်ဆက်ဆံရေးမှာ ယခင်ကလိုမဟုတ်ပဲ ပြတ်တောင်းပြတ်တောင်းဖြစ်လာ ခဲ့သည်။ အဓိက မိမိကိုယ်တိုင်က သူ့ဆီသိပ်မရောက်ဖြစ်တော့။ ပြောနေသည့်စကားများ က အက်ကြောင်းထပ်နေသဖြင့် မိမိကိုယ်တိုင်ပင် ငြီးငွေ့သလိုဖြစ်လာသည်။ ခါတိုင်း တစ်နေ့မမြင်ရလျှင် စိတ်ထဲဟာသလိုရှိနေရာမှ နောက်ပိုင်း လနှင့်ချီ၍ သူ့ထံအ၀င် အထွက်ပင် မလုပ်ဖြစ်တော့ပေ။ ကိုယ့်ကို လာနှုတ်ဆက်သောမိတ်ဆွေများကိုလည်း တုန့်ပြန်စကားမဆိုမိသည့်အကြိမ်များလာသည်။ မိမိ၏လျော့တိလျော့ရဲနိုင်မှုကို မိမိဖါသာ ပင် စိတ်ပျက်မိသည်။ သူနှင့်ဆက်ဆံနေမှုကို အပြတ်ဖြတ်ပြစ်ရန်စဉ်းစားမိသော်လည်း တွယ်တာမိသည် သံယောဇဉ်က ကျွံနေခဲ့ပြီဖြစ်သည်။
သြော်..... ဘလော့ ဘလော့ ဘာလိုလိုနဲ့ နှစ်နှစ်တောင် ပြည့်ခဲ့ပြီပဲ။ ကဘောက်တိ ကဘောက်ချာ ပြတ်တောင်းပြတ်တောင်း စာတွေရေးရင်းနဲ့၊ စိတ်အစာကျွေးရင်းနဲ့...........ဘာပဲဖြစ်ဖြစ် ဘလော့ဖွင့်၊ရေးခဲ့သည့်အတွက် အဖိုးမဖြတ်နိုင်သော မိတ်ဆွေများ၊ညီအစ်ကို များနှင့် အသိအကျွမ်းဖြစ်ရသည်က မိမိအတွက် ကျေနပ်စရာပင်။ ဘလော့ကိုအမှီပြုပြီး အတွေးအမြင်များကို ပြောဆိုဖလှယ်နေရခြင်းသည်လည်း တစ်စုံတစ်ခုသော အတိုင်း အတာ အကျိုးရှိမည်ဟု ယုံကြည်နေမိသည်။ ဘလော့လောက၏ ယဉ်ကျေးမှုဓလေ့ထုံး စံကို ဒရွတ်တိုက်လွင့်မျောရင်း ဘလော့လောကထဲ ဆက်လက်စီးမျောနိုင်ဖို့ ကြိုးစားသွား ဦးမည်ဖြစ်ပါသည်။ လူရိုင်းလေးတစ်ယောက်ကို အားပေးဆက်သွယ်ခဲ့သော မိတ်ဆွေများ ကို လေးစားဦးညွတ်ကျေးဇူးတင်ကြောင်းပါခင်ဗျာ...
ဆက်ဖတ်ရန်ကျန်သေးသည်...
ဖတ်ပြီး ပြန်ခေါက်ထားကြပါ...