နာဂစ်မုန်တိုင်းတနှစ်ပြည့် အပြောင်းအလွဲ


နာဂစ်မုန်တိုင်းတနှစ်ပြည့် အပြောင်းအလွဲ

ချစ်သူငယ်ချင်းတို့ရေ

Photo by www.Myanmarphoto.com
နာဂစ်မုန်တိုင်း တိုက်ပြီးတဲ့နောက်

Photo By http;//kyawtheinkha.blogspot.com
နင်တို့ မလေးရှားကို ရောက်သွားတာ ငါကြားလိုက်တယ်


အရမ်းလှတဲ့ နင့်ရဲ့ အပြုံး


Photo by www.molon.de
မိတ်ကပ်မှုံးထားပေမယ့် ပြောင်းလဲမသွားပါဘူး


Photo by www.myanmarphoto.com
ရေထမ်းရောင်းခဲ့တဲ့ သာဗျော့တယောက်

အခုဆို ဘန်ကောက်မှာ Boss ဖြစ်နေသလို


Photo by www.molon.de

ဒေါ်လာ လ္ဘက်ရည်ဆိုင်က အဖျော်သမားငတိုး


သစ်သီးအိုးစိမ်လှည်းနဲ့ ကြီးပွါးနေသတဲ့


Photo by www.molon.de

ငါးအငှားလိုက်ခွဲတဲ့ မိပြားညို


ကိုယ်ပိုင်ဆိုင်ဖွင့်ထားလိုက်တာ အလုပ်သမားတောင်ငှားရဆိုပဲ

Photo by http;//kyawtheinkha.blogspot.com

ငါကတော့ ထမင်းရည်တပုလင်းကို ဈေးဆစ်နေတုန်းပါဟာ။

မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)


ဖူ့ တာမိုက် ဘလော့မှကူးယူဖေါ်ပြသည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

လှောင်ချိုင့်ထဲကတေး

ဆက်ဖတ်ရန်ကျန်သေးသည်...

သံလွင်ရေတွေလည်းမခမ်းသရွေ့ ကွယ်။

စက်တင်ဘာ ၇၊ ၂၀၀၉

သံလွင်ရေတွေလည်းမခမ်းသရွေ့ ကွယ်။

စစ်ပြေးဘဝများ
လုံးပါးကြုံဆုံ၊ လူ့ ဂုဏ်သိက္ခာ
ပြိုကာသုဉ်း၊ မုန်းစစ်ပွဲကြား
သနားညှာတွေး၊ မင့်ရင်သွေးရေးတွေ
ကျန်းမာရေး၊ ပညာရေး
အရေးတွေခမ်း၊ လမ်းတွေမဲ့
ကမ်းမဲ့ဗေဒါ၊ မရေရာမှူမျိုးနဲ့ 
ဖုန်းဆိုးထောင်းထ၊ ဘဝမောတွေ
ပျံသင်နေလေဆဲတလမ်းအကွေ့ မယ်။

ညစ်ထေးလှတကား
တို့ များဘဝ၊ ဆင်းမလှ
နွမ်းလျစွာတည်၊ ရာသီစစ်ပြေးဖြစ်
စစ်ဘေး၊စစ်ဒဏ်၊ စစ်လက်သံတွေ
မတန်မရာ၊ ယူကာခံရ
ကံဆိုးမမျိုး၊ ငြိုးခံရထင့်
ကစဥ့်ကလျား၊ ပြေးလွှားရှောင်ရင်း
ဖားစည်သံဆိတ်၊ ဒုံးသံတိတ်နေခဲ့
အို....မြေကမ္ဘာရေ
တောတွေ၊တောင်တွေ၊ လျိုမြောင်တွေကြား
ငြီးတွားငိုသံ၊ နာကျည်းသံတွေနဲ့ 
သံစဉ်တွေဝေမြဲအလွမ်းအတွေ့ ဝယ်။

စစ်ခွေးဒါးပြများ
ညီသားပြည်သူ၊ မည်သူမသိပါ
သံဃာသင်းခွဲ၊ စစ်ငရဲ
စစ်သရဲတွေအောက်၊ ဒူးထောက်ခိုဝင်
နင်...ဘဝင်စွဲ၊ ထင်မြင်လွဲရင်း
အချင်းချင်း၊ စစ်တလင်းဆင်လာ
"ယာလည်းညက်စေ၊ ကြက်လည်းမောစေ"တဲ့
နေဝင်စေမဲ့စကား၊ သတိထားမိရင်
နင်..ချိန်မှီသာ၊ ပြန်လာပါတော့လား
နှလုံးသားမှာ၊ အပြုံးများစီ
ညီနောင်ချင်းတွေမို့ ၊စောင့်လို့ နေချင်ပေ
သံလွင်ရေတွေလည်းမခမ်းသရွေ့ ကွယ်။ ။

(လင်္ကာဒီပ)

စစ်အစိုးရ ခေတ်အဆက်ဆက်မှ ယနေ့ ထက်တိုင် စစ်ပြေး၍သာနေရသော IDPစစ်ပြေးဒုက္ခသည်များအရေး
ရင်နင့်ခံစား ဤကဗျာလေးနှင့်မှတ်တမ်းပြုထားရစ်ပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Prison

video

ဆက်ဖတ်ရန်ကျန်သေးသည်...

မြေနိမ့်ရာ လှံစိုက်ကြသူများ

ကျွန်တော် ရေးဖြစ်တဲ့ စာကို လူထုအသံအွန်လိုင်းဂျာနယ်ကို ပို့ဖြစ်ပါတယ်။ အယ်ဒီတာက စာအဆင်ချောအောင် ပြင်ဆင်တည်းဖြတ်ပြီး တင်ထားပေးတယ်။ အခု အဲဒါကိုပဲ ကော်ပီကူးပြီး တင်လိုက်ပါတယ်။ မိတ်ဆွေများဖတ်ရတာ အဆင်ပြေရင် အယ်ဒီတာတော်လို့ဖြစ်ပြီး ဖတ်ရတာ အဆင်မပြေရင် ကျွန်တော်ရေးတာ ထုံးစံအတိုင်း အချိုးသိပ်မပြေလို့ လို့ ခါတိုင်းလိုပဲ သည်းခံဖတ်ပေးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။
အကြောင်းအရာကတော့ ထုံးစံအတိုင်း အလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ တစိတ်တဒေသတခုပါ။

တည်ငြိမ်နေသော ရေပြင်ပေါ်သို့ ခဲလုံး သေးသေးလေးမျှပင် ကျရောက် စေကာမူ ထွက်ပေါ်လာသော လှိုင်းဂယက်သည် တဖြေးဖြေး ကြီးမား သွားသလိုပင်။


ယခုလက်ရှိ ထိုင်းနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ကျွန်ုပ်တို့ ရွှေ့ပြောင်း အလုပ်သမားများ အကြားတွင်လည်း နိုင်ငံသား စီစစ်ခြင်းနှင့် ယာယီပတ်စ်ပို့ ပြုလုပ်ခြင်း ကိစ္စသည် ထိုနည်း နှင်နှင်ပင် ဖြစ်နေရသည်။

အဆိုပါ ကိစ္စသည် ယခုမှသာ ကျွန်ုပ်တို့ မြန်မာ တောင်ကျော်တို့ အတွက် အထူးအဆန်း ဖြစ်နေသော်လည်း ကျွန်ုပ်တို့ ကဲ့သို့သော လော (လာအို) နှင့် ကမ်ပူးချား (ကမ္ဘောဒီးယား) အလုပ်သမားတို့ ပြုလုပ်ခဲ့ကြသည်မှာ သုံးနှစ် ကျော်ခန့် ကြာခဲ့ပြီဖြစ်သည်။ ထိုင်းအစိုးရ အနေဖြင့် လူကုန်ကူးမှု ပြဿနာ၊ အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှု ပြဿနာများဖြင့် နာမည်ပျက် ခံနေရခြင်းကို ဖြေရှင်းရန် လိုအပ်နေသည်။ သို့မဟုတ်ပါက ထိုင်းနိုင်ငံမှ ထုတ်ကုန်များ နိုင်ငံခြားသို့ တင်ပို့ရာတွင် နစ်နာချက် များစွာ ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။ ထိုပြဿနာ များအပြင် အိမ်နီးချင်း နိုင်ငံများမှ အလုပ်သမားများ တရားမ၀င် ၀င်ရောက် လာသဖြင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက် လာနိုင်သည်။

ထိုပြဿနာ အထွေထွေများကို ဖြေရှင်းနိုင်ရန် နိုင်ငံသား စီစစ်ခြင်းနှင့် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်၍ တရားဝင် အလုပ်သမား ငှားရမ်းနိုင်ရန် စီမံကိန်းချ လုပ်ဆောင်ခဲ့သည်။ ဤကား ယာယီပတ်စ်ပို့ ဇာတ်လမ်းအစ ဖြစ်သည်။ မြန်မာ နိုင်ငံသားတို့ ပတ်စ်ပို့ လုပ်ခြင်းကို လွန်ခဲ့သော ၂၀၀၆ခု နှစ်လယ်ပိုင်း လောက်တွင် စတင်ခဲ့ပြီး ရာဂဏန်းခန့် ရှိသော မြန်မာ အလုပ်သမားတို့ ယာယီပတ်စ်ပို့ကို ရရှိခဲ့ကြသည်။ သို့သော် ထိုအချိန်တွင်ပင် ထိုင်းစစ်တပ် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့၍ ထိုယာယီပတ်စ်ပို့ လုပ်ခြင်းကိစ္စ ရပ်ဆိုင်း သွားခဲ့ရပြီး ရရှိပြီးခဲ့သူ မြန်မာ အလုပ်သမား တို့လည်း ထိုင်းနိုင်ငံတွင် အသုံးမချနိုင်ပဲ ဖြစ်ခဲ့ရသည်။ ယခု နှစ်ဦးပိုင်းကာလ များတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံလုံး ထိုကိစ္စကို ဆက်လက် အကောင်အထည် ဖေါ်ရန် ဆုံးဖြတ်၍ လွန်ခဲ့သည့် ဇူလိုင်လ ၁၅ရက်နေ့မှ စတင်ကာ နယ်စပ် ၃နေရာ(တာချီလိတ် ၊မြ၀တီ ၊ကော့သောင်း) တွင် လုပ်ဆောင်ခဲ့သည်။

မြန်မာဖက် အခြမ်းတွင် နိုင်ငံသား စီစစ်ပြီးသူ များသည် ယာယီ ပတ်စ်ပို့ကို ရရှိပြီး ထိုင်းက ၂နှစ် နေထိုင်ခွင့်ဗီဇာ ခွင့်ပြုခဲ့သည်။ ကုန်ကျစရိတ်မှာ ယာယီပတ်စ်ပို့ စာအုပ်ဖိုး ၃၀၀၀ကျပ် (ဘတ် ၁၀၀ ခန့်) နှင့် ထိုင်း ဗီဇာကြေး ဘတ်၂၀၀၀ စုစုပေါင်း ဘတ်၂၁၀၀ ခန့်သာ ကုန်ကျမည် ဖြစ်သည်။ ယခုအခါ ထိုင်းက ဗီဇာကြေးကို ဘတ်၅၀၀သာ ယူတော့မည် ဖြစ်သဖြင့် ကုန်ကျစရိတ်မှာ ဘတ်၆၀၀ခန့်သာ ရှိတော့မည် ဖြစ်သည်။ အဆိုပါ နိုင်ငံသား စီစစ်ခြင်းနှင့် ယာယီ ပတ်စ်ပို့ ပြုလုပ်ခြင်းသည် ပြဿနာများစွာ တို့ကို တပါတည်း ယူဆောင်လာခဲ့သည်ဟု ဆိုရ ပေတော့မည်။ ဘက်ပေါင်းစုံ အမြင်ပေါင်းစုံတို့ ပေါ်ထွက်လာခဲ့ပြီး အကြမ်းဖျင်း အားဖြင့် ယာယီ ပတ်စ်ပို့လုပ်ခြင်းကို ထောက်ခံ အားပေးသူနှင့် ကန့်ကွက် ဆန့်ကျင်သူဟု ကွဲပြား နေတော့သည်။ ထိုကွဲပြားနေသည့် နှစ်ဖက်လုံးတွင်လည်း ကိုယ်ကျိုးစီးပွါးကို ရှေ့တန်းထားသည့် သူများ ပါဝင်နေသည်ကို တွေ့ရှိရသည်။

ထိုကွဲပြားနေသည့် နှစ်ဖက်အုပ်စု အကြောင်းကို မပြောခင်တွင် နိုင်ငံသားစီစစ်ပြီး ယာယီပတ်စ်ပို့ ရရှိပြီးနောက် ခံစားရမည့် မြန်မာ အလုပ်သမားတို့ အတွက် ကောင်းကျိုး၊ ဆိုးကျိုးများကို ယေဘူယျ အနေဖြင့် ဖေါ်ပြသွားပါမည်။

ကောင်းကျိုးများမှာ -

ထိုင်း အလုပ်သမားများ နည်းတူ အခွင့်အရေး တန်းတူ ရရှိခံစားနိုင်မည် ဖြစ်သည်။
ကိုယ်ပိုင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု အခွင့်အရေး ပိုမိုတိုးတက် လာပါမည်။ ( ဥပမာ- ချင်းမိုင် နှင့် မဟာချိုင် တို့တွင် မြန်မာ အလုပ်သမား ဆိုင်ကယ် မောင်းပါက ပုလိပ် တခါမိလျှင် ဒဏ်ငွေ ၂၀၀၀ ဘတ် ဆောင်နေရသည်။ ပတ်စ်ပို့ ရှိလျှင် လိုင်စင်ကိစ္စများ ပြေလည်နိုင်သည်။)
လွတ်လပ်စွာ သွားလာခွင့်၊ ပြောင်းရွှေ့ခွင့်များ ရရှိလာမည်။ ( လက်ရှိတွင် မိမိအလုပ် သမားကဒ်(ဘတ်) လုပ်ထားသော ခရိုင်တွင်သာ သွားလာခွင့် ရှိသည်။ မြန်မာပြည် ပြန်လိုလျှင် ပွဲစားကို ဈေးကြီးပေးပြီး သွားလာ နေရသည် )
နိုင်ငံထဲကို ခိုးဝင်သူ၊ နိုင်ငံမဲ့ကလေးများ အစရှိသော စကားအသုံးအနှုန်း များဖြင့် နှိမ့်ချဆက်ဆံ ခံနေရမှု များကို ချေဖျက်နိုင်ပြီး လူသား ဂုဏ်သိက္ခာနှင့် အညီ နေထိုင်လုပ်ကိုင် ခွင့်ရရှိ လာနိုင်သည်။
အခွင့်အရေး များကို တောင်းဆိုရာတွင် ယခင်ကထက်ပို၍ ရဲရဲဝံ့ဝံ့ တောင်းဆိုလာနိုင်မည် ဖြစ်သည်။
ထိုင်းနိုင်ငံတော် လုံခြုံရေးကို အကြောင်းပြု၍ ကန့်သတ် တားဆီးမှုများ လုပ်ခြင်းကို လျော့နည်း လာစေနိုင်သည်။
မြန်မာပြည်မှလာ၊ မြန်မာပြည်သို့ပြန်၊ အလုပ်ရှာ အစရှိသည့် ကိစ္စအ၀၀တွင် ပွဲစားကို အားကိုး ငွေပေးဆောင် နေရမှုများ လျော့နည်း သွားနိုင်သည်။

ဆိုးကျိုးများမှာ-
နေရပ် လိပ်စာအမှန်နှင့် အမည်မှန်များကို နှစ်နိုင်ငံ အစိုးရထံ ပေးထားရသည်။
မြန်မာဖက်က မဖမ်းပါ၊ အခွန် မကောက်ပါဟု တရားဝင် အာမခံထားသော်လည်း မယုံ မရဲရဲ ဖြစ်နေရသည်။
မြန်မာဖက်က အချိန်မရွေး အရေးယူခံ ရနိုင်သည်။ ( သိပ်တော့လည်း ယုတ္တိမရှိပါ )
အခြားသော မထင်မှတ်သောဖက်မှ ဆိုးကျိုးများလည်း ရှိနိုင်ပါသေးသည်၊ သို့သော် လက်တွေ့ ကျရန်တော့ လိုအပ်ပါမည်။

အထက်တွင် ဆိုခဲ့ပြီးသလို ၎င်းယာယီ ပတ်စ်ပို့ ပြုလုပ်ခြင်း စတင်သည်နှင့် သဘောကျသည့် လူပုဂ္ဂိုလ်အဖွဲ့ များနှင့် သဘောမကျသည့် လူပုဂ္ဂိုလ်အဖွဲ့များ တဖွဲဖွဲ ပေါ်ပေါက်လာခဲ့ပြီး သန်ရာသန်ရာ ၀ါဒဖြန့် လှုံ့ဆော်မှုများ ပြုလုပ်လာကြ တော့သည်။ အထူးသဖြင့် ယာယီပတ်စ်ပို့ကို မလုပ်စေချင်သော လူပုဂ္ဂိုလ် အဖွဲ့များကို ပိုမို အားကောင်းနေပြီး နေရာပေါင်းစုံ ဘက်ပေါင်းစုံမှ နေ၍ သတင်းအမျိုးမျိုးကို ထုတ်လွှင့်ခဲ့ သောကြောင်း များစွာသော မြန်မာအလုပ်သမားတို့ ယာယီ ပတ်စ်ပို့ကို မလုပ်ရဲကြတော့ပဲ မြန်မာပြည်သို့ပြန်ခဲ့၊ ပြန်ဆဲ ဖြစ်လာကြသည့် အပြင် တချို့သော အလုပ်သမား တို့ကလည်း ယာယီပတ်စ်ပို့ လုပ်စရာမလိုဟု ပြောသော အလုပ်ရုံ၊ အလုပ်ရှင် များထံသို့ ပြောင်းရွှေ့ကြတော့သည်။ အင်တာနက် ထဲတွင်လည်း အင်းစိန်ထောင် ထဲရောက်သွားပြီ၊ ခြံမြေတွေကို သိမ်းလိုက်ပြီ၊ အိမ်မှာ ပိုက်ဆံသွားတောင်းပြီ၊ ပေါ်တာထဲ ထည့်လိုက်ပြီ စသည်ဖြင့် သတင်းများ ပေါ်ထွက်လာသည်။ သို့သော် ထိုသတင်းများ ဘယ်လောက် တိကျမှန်ကန်မှု ရှိသည်ကိုတော့ ဆုံးဖြတ်ရန် ခက်ခဲနေပေသည်။

အနှီကဲ့သို့ ယာယီပတ်စ်ပို့ မလုပ်ဖြစ်အောင် သတင်းလွှင့်သူ များကို ဆန်းစစ်ကြည့်ပါလျှင် နိုင်ငံရေးအုပ်စုများ (သို့) နိုင်ငံရေး အရောင်သွေးရှိသော အန်ဂျီအို များနှင့် ကယ်ရီ အလုပ်ဖြင့် စားသာနေသော ထိုင်း-မြန်မာ ပွဲစား အုပ်စုတို့က အဓိကဖြစ်ပြီး ၎င်းတို့နောက်မှ အခွင့်အရေးမပေး လိုသော အလုပ်ရှင်များက လိုက်ပါပြီး ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ၀ါဒဖြန့်ကြခြင်း ဖြစ်သည်။ နိုင်ငံရေးအုပ်စု (သို့) နိုင်ငံရေး အရောင်သွေးရှိသော အန်ဂျီအိုများက မြန်မာ စစ်အစိုးရကို မယုံကြည်ရ ဟူသော ရှုဒေါင့်မှနေ၍ ဆန့်ကျင် ကန့်ကွက်ခဲ့ခြင်း ဖြစ်ပြီး ထိုအထဲတွင် လူမျိုးရေးများ လည်း ရောယှက်နေသည်။ ထို့အတူ န.အ.ဖ က ဖြူလျှင် ငါတို့က လိုက်မဲမည်၊ န.အ.ဖ က မဲလျှင် ငါတို့က ဖြူမည်ဟူသော အမြင်မျိုးကို အဓိကထား၍ ဖျက်လိုဖျက်ဆီး လုပ်လိုသောသူ များလည်း များစွာ များစွာ ပေါ်ထွက်လာခဲ့ပြီး တချို့ကလည်း စစ်ပြေး၊ ရဲပြေး၊ ရာဇ၀တ်မှုဖြင့် ပြေးလာကြသဖြင့် နေရပ်လိပ်စာ အမှန်၊ နာမည်အမှန်ကို မပေးလိုကြပေ။ ထို့ကြောင့်အခြား သူများကိုလည်း မလုပ်ရန် လှုံ့ဆော်ခဲ့ကြခြင်း ဖြစ်ချေမည်။

မြန်မာ အလုပ်သမားများကို ကယ်ရီ လုပ်နေသော ပွဲစားများကလည်း ယာယီပတ်စ်ပို့ လုပ်ခြင်းကို ပြင်းပြင်းထန်ထန် နည်းမျိုးစုံသုံး၍ ဖျက်လိုဖျက်ဆီး လုပ်လျက် ကောလာဟလ မျိုးစုံကို ဖြန့်ဝေ ကြပြန်သည်။ မြန်မာ အလုပ်သမားများ ယာယီပတ်စ်ပို့ ကိုင်ဆောင်လိုက်ပါက ၎င်းတို့ စားပေါက်များ ပိတ်သွားမည် ဖြစ်သဖြင့်လည်း ဆတ်ဆတ်ထိမခံ ဖြစ်နေကြခြင်း ဖြစ်သည်။ ထို့အတူ အလုပ်သမား များကို နှိမ်ထားသော အလုပ်ရှင် များကလည်း မလုပ်စေလို ကြပေ။ ဖေါ်ပြပါ ယာယီပတ်စ်ပို့ကို မလုပ်စေလိုသော အုပ်စုများသည် အလွန် အင်အား ကောင်းနေကြရာ အလုပ်သမားထုများ ကြားတွင် ၎င်းတို့၏ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ထုတ်လွှင့်နေသော ကောလာဟလ သတင်းမျိုးစုံတို့သည် လျင်မြန်စွာ ပျံ့နှံ့နေသည့် အပြင် ထို့ထက်ပို၍ မြန်မာ ပြည်ရှိ မိဘဆွေမျိုးများ ထံသို့ပါ ကူးစက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်ရှိ မိဘဆွေမျိုး များကလည်း ထိုင်းနိုင်ငံရှိ သားသမီးများထံ ဖုန်းဆက်လာကြပြီး ပတ်စ်ပို့ မလုပ်ကြရန် ဘုမသိ ဘမသိ တိုက်တွန်း လာကြတော့သည်။

တချိန်တည်းမှာပင် မြန်မာ အလုပ်သမားများကို ယာယီပတ်စ်ပို့ လုပ်စေချင်သော လူပုဂ္ဂိုလ်၊ အဖွဲ့ များလည်း ထွက်ပေါ်လာပြီး တိုက်တွန်း ရှင်းလင်းမှုများကို တွေ့မြင် လာရသည်။ ထိုသူ များသည်လည်း ရည်ရွယ်ချက် ကွဲပြားလျက် ရှိသည်။ ထုံးစံအတိုင်း ယာယီပတ်စ်ပို့ လုပ်ရာတွင် အကျိုးအမြတ် ယူမည့် ပွဲစားများက မြန်မာ အလုပ်သမားနှင့် ထိုင်း အလုပ်ရှင်များကို ၎င်းတို့နှင့်လုပ်ရန် ဆွဲဆောင်စည်းရုံး နေကြသည်။ တကယ်တမ်း လုပ်လျှင် ဘတ်၂၁၀၀ (ယခုအခါ ဘတ်၆၀၀ သာ ကုန်ကျတော့မည်) သာကုန်ကျမည်ကို ၎င်းတို့က ဘတ် ၇၀၀၀ - ၈၀၀၀ အထိယူကြမည် ဖြစ်သည်။ တချို့နေရာများတွင် အလုပ်ရှင်က ထပ်မံခေါင်းပုံဖြတ် သဖြင့် ဈေးနှုန်းမှာ ဘတ် ၉၀၀၀ မှ ၁၄၀၀၀ အထိ မြင့်တက်လာသည် ကိုလည်း ကြားသိနေ ရပြန်သည်။ ထို့ကြောင့် မြန်မာ အလုပ်သမားများ၏ အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာနှင့် မည်သူ့ စကားကိုယုံ၍ မည်သို့ ဆုံးဖြတ်ရမည်ဟု မဝေခွဲသာ ဖြစ်နေရတော့သည်။

ရှားရှားပါးပါးဟု ဆိုရလောက်အောင် ထိုနိုင်ငံသား စီစစ်ခြင်းနှင့် ယာယီပတ်စ်ပို့ ပြုလုပ်ခြင်းကို တရားနည်းလမ်း ကျကျဖြစ်စေရန် တိုက်တွန်းလှုံ့ဆော်နေသော အန်ဂျီအို (လက်ငါးချောင်း မပြည့်) များရှိနေ၍သာ အနည်းငယ် ခံသာနေခြင်း ဖြစ်သည်။ ထိုအဖွဲ့များက ယာယီပတ်စ်ပို့ ပြုလုပ်ခြင်းသည် အလုပ်သမားတို့၏ ဘ၀ကို ကောင်းမွန် တိုးတက်စေသည် မှန်သော်လည်း လက်တွေ့တွင် မလွယ်ကူသော အခြေအနေများ ရှိနေခြင်းကို ထောက်ပြ၍ ထိုအချက်များကို ဖြေရှင်းပေးရန် ကုလသမဂ္ဂနှင့် ထိုင်းဝန်ကြီးချုပ်ထံ စာတင်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ တဖက်တွင်လည်း အလုပ်သမားထုများ ကြားတွင် သတင်းမှန်များ ပြန့်ပွါးရေး၊ ခေါင်းပုံဖြတ် မခံရရေး တို့အတွက် လှုံ့ဆော်မှုများ ပြုခဲ့ကြသည်။ ထို့အတွက် အမြင်မတူသည့် အန်ဂျီအို အချင်းချင်းက သော်လည်းကောင်း၊ ပွဲစားများက သော်လည်းကောင်း ၀ိုင်းဝန်း တိုက်ခိုက်ခြင်းများ ခံခဲ့ရသည်ဟု နီးစပ်ရာ သတင်းများအရ ကြားသိနေရသည်။

မည်သို့ပင် ဆိုစေကာမူ ယခု ဖြစ်ပေါ်နေသော နိုင်ငံသား စီစစ်ခြင်းနှင့် ယာယီပတ်စ်ပို့ ပြုလုပ်သည့် ကိစ္စသည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ၏ ဘ၀အရေးကိစ္စ ဖြစ်နေသဖြင့် ထိုရွှေ့ပြောင်း အလုပ်သမားတို့၏ အကျိုးစီးပွါးကိုသာ အဓိကထား၍ လုပ်သင့်၊ မလုပ်သင့်ကို ဆုံးဖြတ်ရမည်ဟု ထင်မြင်မိပါသည်။ မြန်မာ အလုပ်သမားတို့သည် တရားမ၀င် ဘ၀ဖြင့် နယ်စပ်ကို ဖြတ်ကျော်လာရာတွင် အသက်အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ ရင်ဆိုင်နေရဆဲ ဖြစ်သလို ကံကောင်း ထောက်မ၍ ထိုင်းနိုင်ငံထဲကို ရောက်ရှိ လာပါလျှင်လည်း ရောင်းစား ခံရခြင်းများ၊ မတရား နှိပ်စက်ခံနေရခြင်း များနှင့်တကွ အခြားခြားသော ဒုက္ခမျိုးစုံ တို့ကို ကြုံတွေ့နေခဲ့၊ ကြုံရဆဲပင် ဖြစ်နေသည်။ ထိုထို များစွာသော မြန်မာ အလုပ်သမား တို့၏ နစ်နာချက်များသည် နှစ်ပေါင်းများစွာ ကြာမြင့်လာသည့် တိုင်အောင် ဖြစ်ထွန်းနေဆဲပင် ရှိနေသေးသည်။ မည်သူကမှ ထိုပြဿနာများကို ပပျောက်အောင် မလုပ်ဆောင်နိုင်သည့် အပြင် လျော့နည်း ကျဆင်းရန်ပင် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ပေ။

သို့ဆိုလျှင် ယခုအခါ ယာယီပတ်စ်ပို့ကို မလုပ်ဖြစ်အောင် တိုက်တွန်းနေသော လူပုဂ္ဂိုလ်အဖွဲ့ များကို အလုပ်သမားများ မေးခွန်းတခု မေးလာသည် ဆိုငြားအံ့ အကယ်၍ အလုပ်သမား များသည် ၎င်းတို့ တိုက်တွန်းသလို ယာယီပတ်စ်ပို့ မလုပ်ပဲ နေကြမည်ဆိုပါက ထို အလုပ်သမားများကြုံ နေရသော သွားရေး လာရေးမှ အစ ရောင်းစားခံရမှုများ အလယ် အခွင့်အရေး ချိုးဖေါက်ခံရမှု အဆုံး ထိုသို့သော ပြဿနာများကို မည်သူက မည်သို့ တာဝန်ယူ ဖြေရှင်းပေးမည်နည်း။ ဤကား အလွန်စိတ်ဝင်စားဖွယ် ကောင်းသည့် မေးခွန်းဖြစ် သည်။ ထို့အတူ ဖြေရန်မလွယ်သော မေးခွန်းလည်း ဖြစ်နိုင်သည်။ သို့သော် မြန်မာ အလုပ်သမားများ အနေဖြင့် ယာယီပတ်စ်ပို့ ပြုလုပ်ပြီးပါလျှင် သွားရေး လာရေးမှအစ ရောင်းစားခံရမှုများ အလယ် အခွင့်အရေးများ အဆုံး လက်ငင်း တိုးတက်ကောင်းမွန် လာမည်မှာ ဧကန်မလွဲ ထင်သာမြင်သာပင် ဖြစ်နေရသည်။

မည်သူပင်ဖြစ်စေ မိမိပြောသည့်စကားကို မိမိ တာဝန်ယူနိုင် ရပေမည်။ အထူးသဖြင့် ကာယကံရှင် အလုပ်သမားများသာ ရင်ဆိုင် ကြုံတွေ့ နေရသော ဘ၀များကို အဲယားကွန်းအခန်း မှနေ၍ လက်(ပ်)တော့ပ် တလုံးနှင့် ဘာမသိညာမသိ ၀င်ရောက် ဘေးတီးခြင်းမျိုးတော့ မဖြစ်သင့်ပေ။ အလုပ်သမား များသည် ထိုင်းအစိုးရက သတင်းထုတ်ပြန်မှု အားနည်း၍ ယာယီပတ်စ်ပို့ လုပ်ခြင်းကို နဝေတိမ်တောင် ဖြစ်နေရရှာသည်။ ၎င်းကို န.အ.ဖ ကို ဆန့်ကျင်ရရင် ပြီးပြီးရောဟု သဘောထား၍ လုပ်ဆောင်ခြင်းမျိုး မဖြစ်ရန် သတိပြုသင့်သည်ဟု ထင်ပါသည်။ အထူးသဖြင့် ဤကိစ္စသည် အလုပ်သမားတို့၏ အကျိုးစီးပွါးကိုသာ အဓိကထား ဦးစားပေးပြီး မိမိတို့၏ ရင်တွင်း ခံစားချက်များကို ရှေ့တန်းမတင်သင့်ဟု ထင်မြင်မိသည်။

ယခုအခါ အလုပ်သမားတို့သည် ထိုင်းအစိုးရက သေချာရှင်းလင်းမှု သတင်းထုတ်ပြန်မှု မရှိသော ပြဿနာ၊ ခေါင်းပုံဖြတ် အမြတ်ထုတ် လိုသော အလုပ်ရှင် ပွဲစားများ၏ ပြဿနာ၊ ဖျက်လိုဖျက်ဆီး လုပ်နေသော ပွဲစားများ၏ ပြဿနာ စသော ပြဿနာပေါင်း များစွာနှင့် ကြုံနေရသဖြင့် မိမိတို့၏ စကားကြောင့် အလုပ်သမားများကို ကူညီရာ မရောက်ပဲ နှောင့်ယှက် သလို ဖြစ်မသွားစေရန် အရေးကြီး ပါကြောင်း၊ မိမိ၏ ပြောချင်ရာ ပြော ဆန္ဒကို ဦးစားပေးပြီး မြေနိမ့်ရာ လှံ မစိုက်ကြဖို့ ပြောကြား လိုက်ပါရစေ ခင်ဗျာ....။

ဆက်ဖတ်ရန်ကျန်သေးသည်...

မပြောမဖြစ်

ဆောင်းပါး - မောင်ကျည်ပွေ့

ဘာလိုလိုနဲ့ ဘလော့မှာစာမရေးဖြစ်တာလဲ တော်တော်ကြာသွားပြီ။ ဒီကြားထဲမှာ စာရေး ဖြစ်ပေမဲ့ ဘလော့မှာ မတင်ဖြစ်ဘူး၊ စိတ်ထဲမှာရှိတာတွေချရေးချင်သော်ငြားလည်း အခြေ အနေအရ ရေးလို့မရတဲ့အကြောင်းတွေရှိနေပြန်တယ်။ ဘာပဲဖြစ်ဖြစ် ၂လတာ အတွေ့အကြုံတွေကနေ သင်ခန်းစာယူစရာတွေ အများကြီးရခဲ့တာ အမြတ်ပဲလို့ ခံယူလိုက် ပါတယ်။

ဒီကြားထဲမှာ ကျေးဇူးတင်ရမယ့် သူငယ်ချင်းကို ကျေးဇူးစကားလေးတောင် မဆို ဖြစ်ခဲ့ရဘူး။ သူငယ်ချင်းတယောက်ရဲ့ နာရေးကတဆင့် နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းတယောက်နဲ့ ပြန်ဆုံခဲ့ပါတယ်။ အရင်က ကြီးတော်နွားကျောင်းတဲ့အလုပ်ကို အတူတူလုပ်ခဲ့တဲ့ စိတ်တူကိုယ်တူသူငယ်ချင်း၊ သူနဲ့ကျွန်တော် ဘလော့ကို အပြန်အလှန် ဖတ်ဖူးနေကြပေမဲ့ မောင်ကျည်ပွေ့ဆိုတာ ကျွန်တော်မှန်း သူမသိသလို ကျွန်တော်ကလည်း သူ့ဘလော့ကိုဖတ်ပြီး သူမှန်းမသိခဲ့ဘူး။


အခုမှ သူနဲ့ကျွန်တော် အွန်လိုင်းမှာ စကားပြောဖြစ် ပြီး သြော် ဂလိုလား..လို့သိကြတာလေ။ သိလျင်သိချင်းပဲ သူက မင်းဘလော့ဟာ ဘလော့ ရုပ်မပေါက်ဘူး၊ ဖြစ်သလိုလုပ်ထားတာလို့ ဝေဖန်ပါတယ်။ ကျွန်တော်ကလည်း လုပ်တတ် လို့လုပ်ထားတာမဟုတ်ကြောင်း ဒီလောက်ဖြစ်အောင်ကို တခြားလူတွေက ၀ိုင်းကူထား တာဖြစ်ကြောင်း ပြန်ရှင်းပြတော့ ထုံးစံအတိုင်း သူက စေတနာ့ဝန်ထမ်းလုပ်ပြီး စိတ်ရှည် လက်ရှည် ပြင်ပေးပါတယ်။ ဒါကြောင့်လည်း အခုဘလော့က နဲနဲဘလော့ရုပ်လေးဘာလေး ထွက်လာတာပါပဲ။

အခုလို မအားတဲ့ကြားက အချိန်ပေးပြီး လုပ်ပေးခဲ့တဲ့ သူငယ်ချင်း စောကျော်ခွီး ကိုအထူးပဲ ကျေးဇူးတင်ပါတယ်။ ကျေးဇူးစကားက နောက်ကျနေတာကိုလဲ ခွင့်လွှတ်ပေါ့ဗျာ(ထုံးစံအ တိုင်း)။ နောက်လည်း နားပူစရာကိစ္စတွေလာပါဦးမယ်။

ကျွန်တော့်မိတ်ဆွေများကိုလည်း ပြောစရာရှိသေးတယ်ဗျ။ ကျွန်တော်အခု ကလေးအဖေ ဖြစ်ပြီဗျ။ အဖေတူသားလေးဆိုတော့ ချစ်စရာလေးဆိုတာ ပြောစရာမလိုလို့ မပြောတော့ ဘူးနော်။ အခု ကျွန်တော်လည်း ကလေးအနှီးလျှော်ရင်း.. ဘာနာမည်ပေးရင်ကောင်းမလဲ လို့ ခေါင်းစားရင်း.. အလုပ်သမားတွေကြားထဲမှာ ရေပန်းစားနေတဲ့ ယာယီပတ်စ်ပို့ နဲ့ပတ်သက်ပြီး ကောလဟာလသတင်းများကို နားစွင့်ရင်း.. ဘလော့မှာလည်း စာရေးနိုင်ဖို့ ကြိုးစားရင်း... ရှုပ်နေပါတယ် ခင်ဗျာ...

ဆက်ဖတ်ရန်ကျန်သေးသည်...

ပြီးခဲ့သည်ပို့စ်တွင် မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံသို့ဝင်လာရခြင်းအကြောင်းကိုရေးခဲ့သည်။ ယခင်ကလည်း မုန်းတီးခြင်း၏သားကောင်အတွဲထဲတွင် အလုပ်သမားတို့ဝင်ရောက်လာ သည့်လမ်းကြောင်း၊ ကြုံတွေ့ခဲ့ရသည်များကို ကျွန်ုပ်ရေးခဲ့ဖူးသည်။

မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံထဲဝင်လာရခြင်းအကြောင်းအရင်းနှင့် ၀င်ရောက်လာပုံများသေချာကွဲပြားစွာ သိစေလို၍ဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ထိုသို့ပင် ဖြတ်သန်းလာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ် ၏အတွေ့အကြုံကိုအခြေခံပြီး လက်ရှိမြန်မာ့နိုင်ငံရေးထင်မြင်ယူဆချက်များကို ဆက်လက် တင်ပြသွားပါမည်။


ယခုမျက်မှောက်မြန်မာ့နိုင်ငံရေးတွင် နအဖနှင့်နောက်လိုက်များအုပ်စု၊ အတိုက်အခံအုပ်စု၊ တတိယအုပ်စု၊အုပ်စုကြီး သုံးစုရှိသည်ဟု ယေဘူယျအားဖြင့်တွေ့မြင်နိုင်သည်။ သို့သော် လက်ရှိအနေအထားအရ နအဖနှင့်တတိယအုပ်စုတို့သည် ၎င်းတို့၏ ၂၀၀၈ အခြေခံဥပဒေ ကိုအသက်သွင်းရန်ကြိုးပမ်းနေပြီး ၂၀၁၀ရွေးကောက်ပွဲအောင်မြင်ရန် ပူးပေါင်းအားထုတ် နေကြသဖြင့် တစ်ဖွဲ့တည်းလိုဖြစ်နေသည်။

၎င်းတို့နှစ်ဖွဲ့သည် အမြင်မတူမှုများရှိနေသော် လည်း ယာယီမဟာမိတ်ဖွဲ့လျက် ၎င်းတို့၏ရည်မှန်းချက်ပြည့်ဝစေရန် ၀ါဒဖြန့်နေမှုများကို စနစ်တကျပူးပေါင်းလုပ်ဆောင်နေကြသည်ဟု ကျွန်ုပ်မြင်ပါသည်။ အထူးသဖြင့် ဒေါ်စုကို အဓိကပစ်မှတ်ထားပြီး ဒီချုပ်နှင့် အတိုက်အခံအဖွဲ့များမကောင်းကြောင်း၊ တိုင်းပြည်ဆင်းရဲ နေရခြင်းမှာ ဒေါ်စုကစီးပွါးရေးပိတ်ထားခြင်းကြောင့်ဖြစ်ကြောင်း၊ ဒေါ်စုကိုယုံကြည်နေသူ များသည် စိတ်ကူးယဉ်သမားများ၊ အစွန်းရောက်များဖြစ်ကြောင်းနှင့် ၎င်းတို့၏ ၂၀၁၀ ရွေးကောက်ပွဲသည်သာ လက်တွေ့ကျပြီး ငြိမ်းချမ်းစွာကူးပြောင်းခြင်းဖြစ်ကြောင်းတို့ကို နည်းမျိုးစုံသုံး၍ ၀ါဒဖြန့်နေကြသည်။

စီးပွါးရေးပိတ်ဆို့ခြင်းကြောင့် တိုင်းပြည်ဆင်းရဲရသည်ဟု ၎င်းတို့တွင်တွင်အော် နေမှုများကို ကြည့်၍ ကျွန်ုပ်မှာစိတ်မသက်သာဖြစ်ရသည်။ (ဒေါ်စုကိုအပုပ်ချရန် ဤအချက်သာရှိပုံရ၏) မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွါးရေးဟုအော်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကိုဖိတ်ခေါ်ခဲ့ရာ ၁၉၉၀ခုနှစ်အစောပိုင်းကာလများတွင် နိုင်ငံပေါင်းစုံမှ ကုမ္ပဏီပေါင်းစုံတို့ လာရောက်ရင်းနှီး မြှပ်နှံခဲ့ကြသည်။

သို့သော်မြန်မာနိုင်ငံတွင် ယခုအချိန်အထိ တိကျခိုင်မာသော ရင်းနှီးမြှပ်နှံ မှုဆိုင်ရာဥပဒေသတ်မှတ်ချက်များမရှိပဲ မလိုတစ်မျိုး၊ လိုတစ်မျိုး ထင်ရာစိုင်း လုပ်ချင်သလို လုပ်နေကြသည့်အပြင် အလွန်အရေးကြီးသည့် ငွေလဲလှယ်နှုန်းကို မပြဌာန်းနိုင်ပေ။ မှောင် ခိုငွေဈေးကိုသာ အားထားနေရသည်။ ထိုသို့သောနိုင်ငံမျိုးတွင် အဘယ်ကုမ္ပဏီသည် ကြာရှည်ရပ်တည်ဖြစ်မည်နည်း။ ဤအချက်မှာ အဓိကအကျဆုံးပင်ဖြစ်သည်။

မြန်မာတို့၏နောက်မှ တံခါးဖွင့်သောဗီယက်နမ်နိုင်ငံသည် တိကျခိုင်မာသော ရင်းနှီးမြှပ်နှံမှု ဆိုင်ရာဥပဒေများပြဌာန်းထားသဖြင့် နိုင်ငံအများအပြားက လာရောက်ရင်းနှီးမြှပ်နှံကြရ သည်။ ထို့ကြောင့်လည်း ထိုင်းနိုင်ငံကို ပုခုန်းချင်းယှဉ်လာနိုင်သည်အထိ စီးပွါးရေးတက်လာ သည်။ ထိုသို့တိကျခိုင်မာသည့် ဥပဒေကိုမူတည်ပြီးအလုပ်လုပ်နေသဖြင့် နိုင်ငံခြားကုမ္ပဏီ များကလည်း ယုံကြည်စိတ်ချမှုရှိသည်။

မြန်မာနိုင်ငံတွင်မူ ပေါက်ဖေါ်တရုတ်၊ဂျပန်၊အိန္ဒိယ၊ ကိုးရီးယား၊ အာဆီယံ မည်သူမှ ကုမ္ပဏီလာမဖွင့်ကြပေ။ လာဖွင့်ပြီးသားသူတွေပင် နောက်ဆုတ်သွားကြသည်။ မဆုတ်လည်းမခံနိုင်၊ အရူးချီးပန်း ခုတစ်မျိုး၊ တော်ကြာတစ်မျိုး လုပ်သည့်ဒဏ်ကို မည်သူက သည်းခံနိုင်မည်နည်း။ ထို့ကြောင့် ဒေါ်စုကို အပြစ်တင်နေခြင်း သည် အလွန်ရယ်စရာကောင်းသော ကလေးကလားပျက်လုံးသဖွယ်ဖြစ်နေသည်။မြန်မာနိုင်ငံတွင် ဥရောပအမေရိကန်တို့ကို လုံးလုံးဂရုစိုက်စရာမလိုအောင် နေနိုင်သည့် အခြေအနေရှိသည်။ နိုင်ငံ့စီးပွါးရေးသည် ထိုဥရောပအမေရိကန်များကို အားထားနေရခြင်း မရှိ။

မြန်မာ့ထွက်ကုန်များသည် ထိုနိုင်ငံများကိုတင်ပို့နေရခြင်းလည်းမဟုတ်ပေ။ အဓိက ထွက်ကုန်ဖြစ်သော စိုက်ပျိုးရေးမှရသည့် ဆန်စပါး၊ပဲပြောင်းနှမ်းဝါ၊ရာဘာ အစရှိသည်တို့ သည် တရုတ်၊ဂျပန်၊အိန္ဒိယ၊အာဆီယံသို့ ကောင်းစွာတင်ပို့နိုင်လျှင်ပင် စီးပွါးရေးတိုးတက် လာမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွါးရေးများ ကိုလည်းတိုးမြှင့်လုပ်ဆောင်ရေးဟု နေ့စဉ်နှင့်အမျှ ရေဒီယိုတီဗွီ၊ဗွီစီဒီ၊စာအုပ်များပါမကျန် ၀ါဒဖြန့်နေသော်လည်း စိုက်ပျိုးရေးထွက်ကုန်များ နိုင်ငံတကာအဆင့်မီအောင်လုပ်ဆောင် ခြင်း ဘာမှမရှိ။

ခေတ်မီနည်းပညာများကိုလည်း ဟုတ်တိပတ်တိမဖြန့်ဖြူးနိုင်၊ သီးထပ်သီး ညှပ်စိုက်ဖို့အော်နေသော်လည်း ထိုသို့စိုက်နိုင်ရန် ထောက်ပံ့ကူညီပေးမှုမရှိပေ။စိုက်ပျိုးမှုကအစ ထုတ်လုပ်မှုအဆုံး နိုင်ငံတကာလက်ခံနိုင်သည့်အရည်အသွေးမရှိသဖြင့် မြန်မာ့ထွက်ကုန်များသည် ဈေးကွက်လည်းမရ ဈေးကောင်းလည်းမရဖြစ်နေရသည်။ တစ်ချိန်က အာရှတိုက်၏စပါးကျီဟု တင်စားခံခဲ့ရခြင်းမှာ အိပ်မက်သဖွယ်ပျောက်ကွယ်ခဲ့ ပြီဖြစ်သည်။

ဗီယက်နမ်ဆိုလျှင် ယခုအခါ ဆန်တင်ပို့မှု၌ ထိုးဖေါက်ဝင်ရောက်လာသဖြင့် ထိုင်းတို့ပင်ထိတ်လန့်နေရပြီဖြစ်သည်။ ဈေးကွက်ကိုလဲ ခွဲဝေပေးလိုက်ရပြီဖြစ်သည်။ တလောကပင် ဖိလစ်ပိုင်သို့ ဗီယက်နမ်ဆန်တန်ချိန်သိန်းချီ၍ သွင်းခွင့်ရသွားသဖြင့် ထိုင်းတို့ မခံချိမခံသာဖြစ်နေရကြောင်း ထိုင်းစာစောင်တစ်ခုတွင်ဖတ်လိုက်ရသည်။

ထိုအ ဖြစ်အပျက်သည် အာဏာရှင်ချင်းတူတူ စေတနာချင်းကွာခြားပုံကို မီးမောင်းထိုးပြနေသကဲ့ သို့ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ဗီယက်နမ်ထက်သာသောအခြေနေလည်း ရှိနေသည်။ သဘာဝသံယံဇာတများ တိုင်းပြည်အတွက် ထောက်ပံ့အားဖြစ်နေသည်။အတ္တကြီးမားသော နအဖတို့သည် မြန်မာ့သံယံဇာတကို ပြည်သူများအတွက်အသုံးပြုခြင်း မရှိပဲ ၎င်းတို့၏ဘိုးဘွားပိုင်ပစ္စည်းကဲ့သို့ ကိုယ်ကျိုးရှာ မတရားယူငင်နေကြသည်။

ပြည်သူ များ၏ကျန်းမာရေး၊ ပညာရေးများကို လျစ်လျူရှုထားသဖြင့် မြန်မာပြည်သူများသည် ဆေးဝါးမရှိသောဆေးရုံ၊ သင်ကြားမှုညံ့ဖျင်းသောစာသင်ကျောင်းများကိုသာ အားထားနေရ သည်။ စာရိတ္တအနေဖြင့်လည်း ၀န်ထမ်းများကို ခိုးစားမှသာ ၀မ်းဝမည့်အခြေအနေဖြစ်စေ ရန်လုပ်ဆောင်ထားလေသည်။ ထိုသို့သောအကြောင်းများဖြစ်နေခြင်းသည် စီးပွါးရေးပိတ် ဆို့ထားမှုနှင့် မည်သို့ပတ်သက်နေသနည်း။ ထိုပိတ်ဆို့မှုကိုရုပ်သိမ်းရန် ပူဆာနေခြင်းသည် ၎င်းတို့အကျိုးကို တိုက်ရိုက်ထိခိုက်နေခြင်းကြောင့်သာဖြစ်သည်။

အနောက်အုပ်စုက ပိတ် ဆို့ရခြင်းအဓိကအကြောင်းအရင်းမှာလည်း ၎င်းတို့လူမဆန်သောကြောင့်သာဖြစ်သည်။ ထိုဖြစ်အင်ကို ၀န်မခံရဲ၊ မပြုပြင်ရဲပဲ ဒေါ်စုအပေါ်သာ ပုံချနေခြင်းသည် အရှက်နည်းခြင်းပင် ဖြစ်သည်။ ဒေါ်စုသည် အနောက်အုပ်စုကို ပိတ်စေ၊ဖွင့်စေ မလုပ်နိုင်။ ထို့အတူ အနောက် အုပ်စုကလည်း ဒေါ်စုကိုကြိုးဆွဲနေသည်ဆိုခြင်းမှာ အလွန်အဓိပ္ပါယ်မဲ့သော စကားသာဖြစ် သည်။ ဖြစ်စဉ်ကိုပြန်ကြည့်လျှင် ဒေါ်စုသည် မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို ခေတ်၏ တောင်းဆိုချက်အရ ပေါ်ပေါက်လာရခြင်းသာဖြစ်သည်။

ထို့အတူ တဖြေးဖြေးချင်းပေါ်လွင် လာရခြင်းသာဖြစ်သည်။ ၈၈အရေးအခင်းတွင် ဦးနု၊ဦးအောင်ကြီး၊ဦးတင်ဦး၊ကိုမင်းကိုနိုင် အစရှိသော ခေါင်းဆောင်များထဲမှ ပြည်သူ၏လေးစားကြည်ညိုမှုကို တစစ တိုးတက်ရရှိ လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ထင်ရှားကျော်ကြားလာပြီးနောက်လည်း ပြင်ပတွင် လွတ်လပ်စွာ ရှိမနေပဲ အကျယ်ချုပ်ချည်းကျခံနေရသူကို မည်သူက လာရောက်ကြိုးကိုင်ညွှန်ကြားနိုင် မည်နည်း။ သို့သော် နအဖတို့သည် ပြည်သူများကို မျက်စိပိတ်၊နားပိတ်လုပ်ထားလျှင် သူတို့ပြောသလိုဖြစ်နိုင်သည်ဟု အထင်သေးနေခြင်းသာဖြစ်သည်။

ထို့ကြောင့် စီးပွါးရေးပိတ်ဆို့၍ တိုင်းပြည်ဆင်းရဲနေရသည်၊ အလုပ်အကိုင်အခွင့်အလမ်း နည်းရသည်၊ ဒေါ်စုကလုပ်ထားသည် ဟုဆိုခြင်းမှာ ဟုတ်၊ မဟုတ် စာဖတ်သူများဝေခွဲနိုင် ပါသည်။ တရုတ်၊အိန္ဒိယ၊ကိုးရီးယား၊အာဆီယံ တို့သည် မြန်မာနိုင်ငံတွင် မည်သည့်အတွက် ကြောင့် စက်ရုံများ လာမတည်သည်ကို စာဖတ်သူများကောင်းစွာ ခွဲခြားနိုင်မည်ဟုထင်ပါ သည်။ အဆိုပါနိုင်ငံများသည် ဂတ်စ်ငွေ့တူးဖေါ်ရေးနှင့် ရောင်းဝယ်ရေးများတွင်တော့ ဒေါ်လာသန်းထောင်ချီ ရင်းနှီးမြှပ်နှံခဲ့ပြီးဖြစ်သည်။

ထို့အတူ စိုက်ပျိုးရေးကို အခြေခံအသက် မွေးနေသော ပြည်သူများ ဘာကြောင့် တိုင်းပြည်မှာမနေနိုင်ပဲ အပြင်သို့တဖွဲဖွဲထွက်နေကြ ခြင်းကိုလည်း စာဖတ်သူများသုံးသပ်နိုင်ပေမည်။ ကျွန်ုပ်၏ စာရေးသားမှု အားနည်းချက် ကြောင့် တိုတိုထိထိမရေးနိုင်ပဲ အပိုင်းခွဲ၍ ကျန်ရှိသည်များကို ဆက်ရေးသွားပါဦးမည်။ စာဖတ်သူများအတွက် နှိုင်းယှဉ်တွေးရန် အတွေးစများရလျှင်ပင် ကျေနပ်ပါကြောင်းးးးးးး

ဆက်ဖတ်ရန်ကျန်သေးသည်...

အကယ်၍

အကယ်၍

မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . .


အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . .

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . .

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . .

အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်…

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . .

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

ဤကဗျာကို RUDWARD KIPLING ကရေးသားခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည် က မူရင်းအတိုင်း အနှစ်သာရပြည့် ဝစွာဖြင့်မြန်မာပြန်ဆိုထားပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Myanmar song, "Dancer" by Lwan Moe

ဆက်ဖတ်ရန်ကျန်သေးသည်...

မယ်လဒုက္ခသည်စခန်းတွင် ၀က်သက်ရောဂါဖြစ်ပွားမှု များပြားလာ

Submitted by Karen Information Center on September 5, 2009 – 4:20 amNo Comment
စက်တင်ဘာ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မြောက်ဘက် (၄၅)ကီလိုမီတာ အကွာအဝေးတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ၀က် သက်ရောဂါ ဖြစ်ပွားမှုနှုန်း ယခင်ကထက် ပိုမိုများပြားလာကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်းတနေရာ

ပြီးခဲ့သည့် ဇူလိုင်လပိုင်းက အဆိုပါ ၀က်သက်ရောဂါ စတင်ဖြစ်ပွားလျှက်ရှိရာ ယခု စက်တင်ဘာလထိတိုင် ကူးစက် ပြန့်ပွားနှုန်း လျှော့ကျမှု မရှိသေးကြောင်း မယ်လဒုက္ခသည်စခန်းမှ ဆေးရုံအုပ် စောနေစဲန်က ပြောသည်။


“ဇူလိုင်လအတွင်း ၀က်သက်နဲ့ပတ်သက်ပြီးတော့ ဆေးရုံမှာ လူနာ ၁၄ယောက် တွေ့ရတယ်။ သြဂုတ်လ ပိုင်းမှာကျ တော့ ၃၁ယောက် ထပ်တိုးလာတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီထဲက ၆ယောက်ဟာ (Positive)လက္ခဏာ ဖြစ်နေတာ တွေ့ရတယ်။ အခု စက်တင်ဘာလ လေးရက်ငါးရက်တောင် ရှိနေပြီ။ ဒီဝက်သက်ဟာ လျှော့ကျသွား တာ မရှိသေးဘူး”ဟု သူက ပြောသည်။

(Positive)လက္ခဏာ တွေ့ရှိသူများအနက် နှစ်ဦးမှာ စခန်းတွင်းမှ ဒုက္ခသည်များဖြစ်ပြီး ကျန်လေးဦးမှာ စခန်းအပြင် ဘက်ကလူများဖြစ်သည်ဟု သိရသည်။ ၎င်းရောဂါဖြစ်ပွားသူများမှာ ကောင်းမွန်စွာ ဆေးကုသမှု မခံယူပါက ကြောက်စရာကောင်းသည့် ရောဂါအမျိုးအစားထဲတွင် ပါဝင်ကြောင်း စောနေစဲန်က ပြောသည်။

သူက “၀က်သက်ဟာ တော်တော်စိုးရိမ်ရတဲ့ ရောဂါတမျိုးဖြစ်တယ်။ အကယ်၍ ဒီရောဂါကို ရရှိတဲ့လူတယောက် ဟာ ကောင်းကောင်းမွန်မွန် ဆေးကုသမှုတွေ မခံယူရင် ပထမတချက်က ခန္ဓာကိုယ်အရေပြား (Energy)စွမ်းအား ကို ပျက်စီးစေတယ်။ (Malnutrition) အာဟာရပြတ်လပ်မှုနဲ့ ကြုံရနိုင်တယ်။ ဒုတိယ တချက်ကတော့ အထူးသဖြင့် ကလေးတွေအတွက်ဆို မျက်စိကန်းနိုင်တယ်။ အဲဒါတွေဟာ ကြောက်စရာကောင်းတဲ့ အရာတွေပဲလေ”ဟု ဆို သည်။

မယ်လစခန်းတွင်း ၎င်းရောဂါဖြစ်ပွားသူ အများစုမှာ ကလေးငယ်များဖြစ်ပြီး စခန်းကျန်းမာရေးဌာနက ယခုလမှစ၍ မွေးခါစမှ ၅နှစ်အရွယ်နှင့် မွေးခါစအရွယ်မှ ၁၅နှစ်အရွယ်ထိရှိသော ကလေးများကို ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်များရှိပြီး လက်ရှိအချိန်တွင် စခန်းအတွင်း ကွင်းဆင်းကာ ရောဂါဖြစ်ပွားရာ အနီးတ၀ိုက်၌ သွားရောက် ခြင်းမပြုရန် ပညာပေးမှုများ စတင်လုပ်ဆောင်နေပြီဟု သိရသည်။

ယင်းသို့ ဖြစ်ပွားမှုနှင့် ကူးစက်မှုနှုန်း များပြားလာရခြင်းမှာ စခန်းတွင်း လူနေထူထပ်မှုများကြောင့်ဖြစ်ပြီး ပညာပေး မှုတခုတည်း လုပ်ဆောင်ခြင်းထက် ကာကွယ်ဆေးထိုးပေးမှသာလျှင် ၀က်သက်ရောဂါကို အလျင်အမြန် အမြစ် ပြတ် ကုသနိုင်မည်ဖြစ်ကြောင်း စောနေစဲန်က ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် လူဦးရေ ငါးသောင်းကျော်ရှိပြီး ၂၀၀၉ခုနှစ်အတွင်း သာမန်တုပ်ကွေးရောဂါ၊ (A H1N1) ၀က်တုပ်ကွေးရောဂါနှင့် ယခု ၀က်သက်ရောဂါ အပါအ၀င် ရောဂါသုံးမျိုး တွေ့ရှိပြီးဖြစ်သည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

သူ့အမြင်နဲ့ ကိုယ့်အမြင်

ပြီးခဲ့သည်ပို့စ်တွင် မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံသို့ဝင်လာရခြင်းအကြောင်းကိုရေးခဲ့သည်။ ယခင်ကလည်း မုန်းတီးခြင်း၏သားကောင်အတွဲထဲတွင် အလုပ်သမားတို့ဝင်ရောက်လာ သည့်လမ်းကြောင်း၊ ကြုံတွေ့ခဲ့ရသည်များကို ကျွန်ုပ်ရေးခဲ့ဖူးသည်။

မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံထဲဝင်လာရခြင်းအကြောင်းအရင်းနှင့် ၀င်ရောက်လာပုံများသေချာကွဲပြားစွာ သိစေလို၍ဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ထိုသို့ပင် ဖြတ်သန်းလာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ် ၏အတွေ့အကြုံကိုအခြေခံပြီး လက်ရှိမြန်မာ့နိုင်ငံရေးထင်မြင်ယူဆချက်များကို ဆက်လက် တင်ပြသွားပါမည်။


ယခုမျက်မှောက်မြန်မာ့နိုင်ငံရေးတွင် နအဖနှင့်နောက်လိုက်များအုပ်စု၊ အတိုက်အခံအုပ်စု၊ တတိယအုပ်စု၊အုပ်စုကြီး သုံးစုရှိသည်ဟု ယေဘူယျအားဖြင့်တွေ့မြင်နိုင်သည်။ သို့သော် လက်ရှိအနေအထားအရ နအဖနှင့်တတိယအုပ်စုတို့သည် ၎င်းတို့၏ ၂၀၀၈ အခြေခံဥပဒေ ကိုအသက်သွင်းရန်ကြိုးပမ်းနေပြီး ၂၀၁၀ရွေးကောက်ပွဲအောင်မြင်ရန် ပူးပေါင်းအားထုတ် နေကြသဖြင့် တစ်ဖွဲ့တည်းလိုဖြစ်နေသည်။ ၎င်းတို့နှစ်ဖွဲ့သည် အမြင်မတူမှုများရှိနေသော် လည်း ယာယီမဟာမိတ်ဖွဲ့လျက် ၎င်းတို့၏ရည်မှန်းချက်ပြည့်ဝစေရန် ၀ါဒဖြန့်နေမှုများကို စနစ်တကျပူးပေါင်းလုပ်ဆောင်နေကြသည်ဟု ကျွန်ုပ်မြင်ပါသည်။ အထူးသဖြင့် ဒေါ်စုကို အဓိကပစ်မှတ်ထားပြီး ဒီချုပ်နှင့် အတိုက်အခံအဖွဲ့များမကောင်းကြောင်း၊ တိုင်းပြည်ဆင်းရဲ နေရခြင်းမှာ ဒေါ်စုကစီးပွါးရေးပိတ်ထားခြင်းကြောင့်ဖြစ်ကြောင်း၊ ဒေါ်စုကိုယုံကြည်နေသူ များသည် စိတ်ကူးယဉ်သမားများ၊ အစွန်းရောက်များဖြစ်ကြောင်းနှင့် ၎င်းတို့၏ ၂၀၁၀ ရွေးကောက်ပွဲသည်သာ လက်တွေ့ကျပြီး ငြိမ်းချမ်းစွာကူးပြောင်းခြင်းဖြစ်ကြောင်းတို့ကို နည်းမျိုးစုံသုံး၍ ၀ါဒဖြန့်နေကြသည်။စီးပွါးရေးပိတ်ဆို့ခြင်းကြောင့် တိုင်းပြည်ဆင်းရဲရသည်ဟု ၎င်းတို့တွင်တွင်အော် နေမှုများကို ကြည့်၍ ကျွန်ုပ်မှာစိတ်မသက်သာဖြစ်ရသည်။ (ဒေါ်စုကိုအပုပ်ချရန် ဤအချက်သာရှိပုံရ၏) မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွါးရေးဟုအော်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကိုဖိတ်ခေါ်ခဲ့ရာ ၁၉၉၀ခုနှစ်အစောပိုင်းကာလများတွင် နိုင်ငံပေါင်းစုံမှ ကုမ္ပဏီပေါင်းစုံတို့ လာရောက်ရင်းနှီး မြှပ်နှံခဲ့ကြသည်။ သို့သော်မြန်မာနိုင်ငံတွင် ယခုအချိန်အထိ တိကျခိုင်မာသော ရင်းနှီးမြှပ်နှံ မှုဆိုင်ရာဥပဒေသတ်မှတ်ချက်များမရှိပဲ မလိုတစ်မျိုး၊ လိုတစ်မျိုး ထင်ရာစိုင်း လုပ်ချင်သလို လုပ်နေကြသည့်အပြင် အလွန်အရေးကြီးသည့် ငွေလဲလှယ်နှုန်းကို မပြဌာန်းနိုင်ပေ။ မှောင် ခိုငွေဈေးကိုသာ အားထားနေရသည်။ ထိုသို့သောနိုင်ငံမျိုးတွင် အဘယ်ကုမ္ပဏီသည် ကြာရှည်ရပ်တည်ဖြစ်မည်နည်း။ ဤအချက်မှာ အဓိကအကျဆုံးပင်ဖြစ်သည်။ မြန်မာတို့၏နောက်မှ တံခါးဖွင့်သောဗီယက်နမ်နိုင်ငံသည် တိကျခိုင်မာသော ရင်းနှီးမြှပ်နှံမှု ဆိုင်ရာဥပဒေများပြဌာန်းထားသဖြင့် နိုင်ငံအများအပြားက လာရောက်ရင်းနှီးမြှပ်နှံကြရ သည်။ ထို့ကြောင့်လည်း ထိုင်းနိုင်ငံကို ပုခုန်းချင်းယှဉ်လာနိုင်သည်အထိ စီးပွါးရေးတက်လာ သည်။ ထိုသို့တိကျခိုင်မာသည့် ဥပဒေကိုမူတည်ပြီးအလုပ်လုပ်နေသဖြင့် နိုင်ငံခြားကုမ္ပဏီ များကလည်း ယုံကြည်စိတ်ချမှုရှိသည်။ မြန်မာနိုင်ငံတွင်မူ ပေါက်ဖေါ်တရုတ်၊ဂျပန်၊အိန္ဒိယ၊ ကိုးရီးယား၊ အာဆီယံ မည်သူမှ ကုမ္ပဏီလာမဖွင့်ကြပေ။ လာဖွင့်ပြီးသားသူတွေပင် နောက်ဆုတ်သွားကြသည်။ မဆုတ်လည်းမခံနိုင်၊ အရူးချီးပန်း ခုတစ်မျိုး၊ တော်ကြာတစ်မျိုး လုပ်သည့်ဒဏ်ကို မည်သူက သည်းခံနိုင်မည်နည်း။ ထို့ကြောင့် ဒေါ်စုကို အပြစ်တင်နေခြင်း သည် အလွန်ရယ်စရာကောင်းသော ကလေးကလားပျက်လုံးသဖွယ်ဖြစ်နေသည်။မြန်မာနိုင်ငံတွင် ဥရောပအမေရိကန်တို့ကို လုံးလုံးဂရုစိုက်စရာမလိုအောင် နေနိုင်သည့် အခြေအနေရှိသည်။ နိုင်ငံ့စီးပွါးရေးသည် ထိုဥရောပအမေရိကန်များကို အားထားနေရခြင်း မရှိ။ မြန်မာ့ထွက်ကုန်များသည် ထိုနိုင်ငံများကိုတင်ပို့နေရခြင်းလည်းမဟုတ်ပေ။ အဓိက ထွက်ကုန်ဖြစ်သော စိုက်ပျိုးရေးမှရသည့် ဆန်စပါး၊ပဲပြောင်းနှမ်းဝါ၊ရာဘာ အစရှိသည်တို့ သည် တရုတ်၊ဂျပန်၊အိန္ဒိယ၊အာဆီယံသို့ ကောင်းစွာတင်ပို့နိုင်လျှင်ပင် စီးပွါးရေးတိုးတက် လာမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွါးရေးများ ကိုလည်းတိုးမြှင့်လုပ်ဆောင်ရေးဟု နေ့စဉ်နှင့်အမျှ ရေဒီယိုတီဗွီ၊ဗွီစီဒီ၊စာအုပ်များပါမကျန် ၀ါဒဖြန့်နေသော်လည်း စိုက်ပျိုးရေးထွက်ကုန်များ နိုင်ငံတကာအဆင့်မီအောင်လုပ်ဆောင် ခြင်း ဘာမှမရှိ။ ခေတ်မီနည်းပညာများကိုလည်း ဟုတ်တိပတ်တိမဖြန့်ဖြူးနိုင်၊ သီးထပ်သီး ညှပ်စိုက်ဖို့အော်နေသော်လည်း ထိုသို့စိုက်နိုင်ရန် ထောက်ပံ့ကူညီပေးမှုမရှိပေ။စိုက်ပျိုးမှုကအစ ထုတ်လုပ်မှုအဆုံး နိုင်ငံတကာလက်ခံနိုင်သည့်အရည်အသွေးမရှိသဖြင့် မြန်မာ့ထွက်ကုန်များသည် ဈေးကွက်လည်းမရ ဈေးကောင်းလည်းမရဖြစ်နေရသည်။ တစ်ချိန်က အာရှတိုက်၏စပါးကျီဟု တင်စားခံခဲ့ရခြင်းမှာ အိပ်မက်သဖွယ်ပျောက်ကွယ်ခဲ့ ပြီဖြစ်သည်။ ဗီယက်နမ်ဆိုလျှင် ယခုအခါ ဆန်တင်ပို့မှု၌ ထိုးဖေါက်ဝင်ရောက်လာသဖြင့် ထိုင်းတို့ပင်ထိတ်လန့်နေရပြီဖြစ်သည်။ ဈေးကွက်ကိုလဲ ခွဲဝေပေးလိုက်ရပြီဖြစ်သည်။ တလောကပင် ဖိလစ်ပိုင်သို့ ဗီယက်နမ်ဆန်တန်ချိန်သိန်းချီ၍ သွင်းခွင့်ရသွားသဖြင့် ထိုင်းတို့ မခံချိမခံသာဖြစ်နေရကြောင်း ထိုင်းစာစောင်တစ်ခုတွင်ဖတ်လိုက်ရသည်။ ထိုအ ဖြစ်အပျက်သည် အာဏာရှင်ချင်းတူတူ စေတနာချင်းကွာခြားပုံကို မီးမောင်းထိုးပြနေသကဲ့ သို့ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ဗီယက်နမ်ထက်သာသောအခြေနေလည်း ရှိနေသည်။ သဘာဝသံယံဇာတများ တိုင်းပြည်အတွက် ထောက်ပံ့အားဖြစ်နေသည်။အတ္တကြီးမားသော နအဖတို့သည် မြန်မာ့သံယံဇာတကို ပြည်သူများအတွက်အသုံးပြုခြင်း မရှိပဲ ၎င်းတို့၏ဘိုးဘွားပိုင်ပစ္စည်းကဲ့သို့ ကိုယ်ကျိုးရှာ မတရားယူငင်နေကြသည်။ ပြည်သူ များ၏ကျန်းမာရေး၊ ပညာရေးများကို လျစ်လျူရှုထားသဖြင့် မြန်မာပြည်သူများသည် ဆေးဝါးမရှိသောဆေးရုံ၊ သင်ကြားမှုညံ့ဖျင်းသောစာသင်ကျောင်းများကိုသာ အားထားနေရ သည်။ စာရိတ္တအနေဖြင့်လည်း ၀န်ထမ်းများကို ခိုးစားမှသာ ၀မ်းဝမည့်အခြေအနေဖြစ်စေ ရန်လုပ်ဆောင်ထားလေသည်။ ထိုသို့သောအကြောင်းများဖြစ်နေခြင်းသည် စီးပွါးရေးပိတ် ဆို့ထားမှုနှင့် မည်သို့ပတ်သက်နေသနည်း။ ထိုပိတ်ဆို့မှုကိုရုပ်သိမ်းရန် ပူဆာနေခြင်းသည် ၎င်းတို့အကျိုးကို တိုက်ရိုက်ထိခိုက်နေခြင်းကြောင့်သာဖြစ်သည်။ အနောက်အုပ်စုက ပိတ် ဆို့ရခြင်းအဓိကအကြောင်းအရင်းမှာလည်း ၎င်းတို့လူမဆန်သောကြောင့်သာဖြစ်သည်။ထိုဖြစ်အင်ကို ၀န်မခံရဲ၊ မပြုပြင်ရဲပဲ ဒေါ်စုအပေါ်သာ ပုံချနေခြင်းသည် အရှက်နည်းခြင်းပင် ဖြစ်သည်။ ဒေါ်စုသည် အနောက်အုပ်စုကို ပိတ်စေ၊ဖွင့်စေ မလုပ်နိုင်။ ထို့အတူ အနောက် အုပ်စုကလည်း ဒေါ်စုကိုကြိုးဆွဲနေသည်ဆိုခြင်းမှာ အလွန်အဓိပ္ပါယ်မဲ့သော စကားသာဖြစ် သည်။ ဖြစ်စဉ်ကိုပြန်ကြည့်လျှင် ဒေါ်စုသည် မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို ခေတ်၏ တောင်းဆိုချက်အရ ပေါ်ပေါက်လာရခြင်းသာဖြစ်သည်။ ထို့အတူ တဖြေးဖြေးချင်းပေါ်လွင် လာရခြင်းသာဖြစ်သည်။ ၈၈အရေးအခင်းတွင် ဦးနု၊ဦးအောင်ကြီး၊ဦးတင်ဦး၊ကိုမင်းကိုနိုင် အစရှိသော ခေါင်းဆောင်များထဲမှ ပြည်သူ၏လေးစားကြည်ညိုမှုကို တစစ တိုးတက်ရရှိ လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ထင်ရှားကျော်ကြားလာပြီးနောက်လည်း ပြင်ပတွင် လွတ်လပ်စွာ ရှိမနေပဲ အကျယ်ချုပ်ချည်းကျခံနေရသူကို မည်သူက လာရောက်ကြိုးကိုင်ညွှန်ကြားနိုင် မည်နည်း။ သို့သော် နအဖတို့သည် ပြည်သူများကို မျက်စိပိတ်၊နားပိတ်လုပ်ထားလျှင် သူတို့ပြောသလိုဖြစ်နိုင်သည်ဟု အထင်သေးနေခြင်းသာဖြစ်သည်။ထို့ကြောင့် စီးပွါးရေးပိတ်ဆို့၍ တိုင်းပြည်ဆင်းရဲနေရသည်၊ အလုပ်အကိုင်အခွင့်အလမ်း နည်းရသည်၊ ဒေါ်စုကလုပ်ထားသည် ဟုဆိုခြင်းမှာ ဟုတ်၊ မဟုတ် စာဖတ်သူများဝေခွဲနိုင် ပါသည်။ တရုတ်၊အိန္ဒိယ၊ကိုးရီးယား၊အာဆီယံ တို့သည် မြန်မာနိုင်ငံတွင် မည်သည့်အတွက် ကြောင့် စက်ရုံများ လာမတည်သည်ကို စာဖတ်သူများကောင်းစွာ ခွဲခြားနိုင်မည်ဟုထင်ပါ သည်။ အဆိုပါနိုင်ငံများသည် ဂတ်စ်ငွေ့တူးဖေါ်ရေးနှင့် ရောင်းဝယ်ရေးများတွင်တော့ ဒေါ်လာသန်းထောင်ချီ ရင်းနှီးမြှပ်နှံခဲ့ပြီးဖြစ်သည်။ ထို့အတူ စိုက်ပျိုးရေးကို အခြေခံအသက် မွေးနေသော ပြည်သူများ ဘာကြောင့် တိုင်းပြည်မှာမနေနိုင်ပဲ အပြင်သို့တဖွဲဖွဲထွက်နေကြ ခြင်းကိုလည်း စာဖတ်သူများသုံးသပ်နိုင်ပေမည်။ ကျွန်ုပ်၏ စာရေးသားမှု အားနည်းချက် ကြောင့် တိုတိုထိထိမရေးနိုင်ပဲ အပိုင်းခွဲ၍ ကျန်ရှိသည်များကို ဆက်ရေးသွားပါဦးမည်။ စာဖတ်သူများအတွက် နှိုင်းယှဉ်တွေးရန် အတွေးစများရလျှင်ပင် ကျေနပ်ပါကြောင်းးးးးးး

ဆက်ဖတ်ရန်ကျန်သေးသည်...

နမူနာပဲရှိသေးတယ်

ဒီနေ့မနက်ပဲ အလုပ်သမားတွေအကြောင်း ရေးတင်လိုက်တာ အခုကျွန်တော့်သူငယ်ချင်းက သတင်းတစ်ပုဒ်ပေး လာပါတယ်။ ကျွန်တော်လဲ တခြားဆိုဒ်တွေမှာ လိုက်ကြည့်ကြည့်တော့ ဘယ်သူမှရေးထားတာမတွေ့တာနဲ့ သူယူလာပေးတာကို တင်လိုက်ပါပြီ။

အဖြစ်အပျက်ကတော့...မောင်ဖွန်လို့အမည်ရတဲ့ကလေးငယ်ကို ၄.၂.၂၀၀၆ နေ့မှာ မိခင် မမိုးမိုးက ဘန်ကောက်အ နီး စမွတ်ပရာကန်ခရိုင်ဆေးရုံမှာမွေးခဲ့ပါတယ်။ မမိုးမိုးဟာအလုပ်လုပ်ခွင့်လက်မှတ်(ဘတ်) ရှိတဲ့အလုပ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့သားကလေးကို ထိုင်းရဲတွေကဖမ်း သွားပြီး နိုင်ငံထဲခိုးဝင်တဲ့အမှုနဲ့ နယ်စပ်ကိုပြန်ပို့ဖို့လုပ်နေကြောင်းသိရပါတယ်။

ယခုအခါ အဲ ဒီကလေးကို ဘန်ကောက်အင်မီဂရေးရှင်းရုံးမှာ ချုပ်နှောင်ထားပါတယ်။ တကယ်တော့ဒီ ကလေးမှာ မွေးစာရင်းတွေလဲလုပ်ထားကြောင်းသိရပါတယ်။ အခုအခါမှာ ထိုင်းရှေ့နေများ ကောင်စီက ဒီအမှုကို လိုက်လံကူညီဆောင်ရွက်နေပြီး ဒီကလေးကိုအပြစ်ရှိကြောင်း ဘယ်သူကဆုံးဖြတ်တာလဲ၊ ဘာကြောင့်ဆုံးဖြတ်တာလဲဆိုတာကို အင်မီဂရေးရှင်းထံစာပို့ ထားပြီး ကလေးကိုပြန်လွှတ်ဖို့လည်း ဥပဒေဆိုင်ရာအချက်လက်နဲ့တကွ စာပို့ထားကြောင်း သိရပါတယ်။

ဒီအကြောင်းအသေးစိတ်ကို ထိုင်းဘာသာဆိုဒ်တခုဖြစ်တဲ့- လေ့လာနိုင်ပါတယ်ခင်ဗျား။ဘန်ကောက်ပို့စ်သတင်းစာမှာလည်း ရေးထားကြောင်းတွေ့လို့ လင့်ကိုကူးပေးလိုက်ပါတယ်။ အင်္ဂလိပ်လိုဆိုတော့ မိတ်ဆွေများဖတ်မဖို့ မခက်ခဲပါဘူးခင်ဗျား။

ဆက်ဖတ်ရန်ကျန်သေးသည်...

နိဒါန်း

မောင်ကျည်ပွေ့နေထိုင်ရာ မဟာချိုင်မည်သော ဘန်ကောက်အနီးရှိမြို့ကလေးတွင် မြန်မာ နိုင်ငံသား တောင်ကျော်အလုပ်သမားများ ၂-၃သိန်းခန့်ရှိသည်။ မြို့ကလေးကသေးငယ် သော်လည်း စက်ရုံအလုပ်ရုံပေါင်း ကြီးကြီးငယ်ငယ် ရှစ်ထောင်ခန့်ရှိ၍ အများအားဖြင့် ပင်လယ်အစားအစာစက်ရုံများဖြစ်ပြီး အခြားသော သံထည်စက်ရုံ၊ ပရိဘောဂစက်ရုံ၊ ဖိနပ်၊ အထည်ချုပ် စသောစက်မှုလက်မှုလုပ်ငန်းများလည်းရှိပေသည်။

မြေပုံပေါ်တွင် စမွတ်စာခွန် ခရိုင် ဟုခေါ်သောထိုမဟာချိုင်မြို့လေးမှ တစ်နှစ်လျှင်နိုင်ငံခြားထွက်ကုန်တန်ဖိုးဘတ်သန်း ပေါင်း သိန်းနှင့်ချီ၍ထုတ်လုပ်နေသည်။ ထိုထုတ်ကုန်အများစုမှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသား တောင်ကျော်အလုပ်သမားတို့၏ သွေးချွေးမှထွက်ပေါ်လာသည်ဟုဆိုလျှင်ရ၏။

ထိုင်းနိုင်ငံအနှံ့ မြန်မာအလုပ်သမားသန်းဂဏန်းခန့်ရှိရာတွင် မောင်ကျည်ပွေ့နေထိုင်ရာ မဟာချိုင်မြို့ကလေးသည် မြန်မာအလုပ်သမားအများဆုံးနေရာကို ဘန်ကောက်မြို့တော် နောက်မှကပ်၍ ဒုတိယနေရာ၌ရှိနေသည်။ သို့သော် ဘန်ကောက်မြို့သည် ကြီးများကျယ် ပြန့်ပြီး ဒေသခံထိုင်းလူမျိုးကလည်းများသည့်အတွက် မြန်မာအလုပ်သမားတို့သည် မထင် မရှားဖြစ်လျက်ရှိသည်။

မဟာချိုင်မြို့ကလေးတွင်မူ ဒေသခံထိုင်းလူမျိုးက သိန်းဂဏန်း အရေအတွက်မျှသာရှိသည့်အပြင် မြို့အကျယ်အ၀န်းကလည်း သေးငယ် သည့်အတွက် မြန်မာနိုင်ငံသားအလုပ်သမားများမှာ အစုလိုက်အပြုံလိုက်ဖြစ်နေသည်။ ချိုင်းနားတောင်းများရှိနေသကဲ့သို့ ဘားမားတောင်းဟုဆိုရလောက်အောင် မြန်မာလူမျိုးအ များစုနေထိုင်သော ရပ်ကွက်ကြီးများကို အပိုင်းလိုက်မြင်တွေ့နိုင်သည်။

နာမည်ကြီးသည့် ရပ်ကွက်ကြီးတခုမှာ တလတ်ကုန့်(ပုစွန်ဈေး) ဖြစ်ပြီး ထိုဈေးဝင်းကြီးတွင် လူဦးရေ ခြောက် ထောင်မှရှစ်ထောင်ခန့်ရှိ၍ ၉၉.၅%မှာ ကျွန်ုပ်တို့ ရွှေများဖြစ်ကြသည်။ ထိုကဲ့သို့သော ရပ်ကွက်ကြီးမျိုး မဟာချိုင်မြို့ကလေးတွင် ဆယ်ရပ်ကွက်ထက်မနည်းရှိနေပေသည်။ ကမ္ဘာအနှံ့ရှိ တရုတ်လူမျိုးများ၏ ချိုင်းနားတောင်းများတွင် လွတ်လပ်စွာလုပ်ကိုင်စား သောက်ခွင့်ရကြသော်လည်း ကျွန်ုပ်တို့ဘားမားတောင်းများတွင်ကား ဘာမှလုပ်ပိုင်ခွင့်မရ ရှိပေ။

ထိုင်းအစိုးရက မြန်မာအလုပ်သမားများကို အလုပ်ကြမ်းနှင့်အိမ်ဖေါ်သာလုပ်ခွင့်ပေး ထားသည့်အတွက် မြန်မာအလုပ်သမားများအနေဖြင့် ကိုယ်ပိုင်ဆိုင်ဖွင့်ခြင်း၊ အရောင်းအ ၀ယ်ပြုခြင်းတို့လုပ်ခွင့်မရှိဖြစ်နေသည်။ ယုတ်အဆွဆုံး ကွမ်းယာဆိုင်ဖွင့်လျှင်ပင် ရဲဖမ်း၍ ထောင်ချပြီးနယ်စပ်ပြန်ပို့ခံရနိုင်သည်။ သို့ဆိုလျှင် မြန်မာဈေးဆိုင်များမရှိဘူးလားဟု မေး သော် ရှိပေသည်ဟုဖြေရမည်။

နေရာတိုင်းတွင်ထွက်ပေါက်ရှိသည်ဆိုသကဲ့သို့ ဆက်ကြေး ပေးလျှင် ဈေးဆိုင်ဖွင့်၍ရပေသည်။ ထိုင်းရဲများသည် ၎င်းတို့ဘုရင်ကိုလွန်စွာချစ်မြတ်နိုး သဖြင့် ကျွန်ုပ်တို့သည် ဘုရင်ပုံပါသောဘတ်ငွေစက္ကူအရွက်ကြီးများကို ထိုင်းရဲများအားပေး ဆောင်ပြီး ဥပဒေအထက်ကနေနိုင်ပေသည်။ သူ့အရပ်နှင့်သူ့ဇာတ် လိုက်ဖက်စွာရပ်တည် နေသည်။

ကျွန်ုပ်တို့ မြန်မာလူမျိုးများကား လာဘ်ထိုးခြင်းအတတ်ကို ကျွမ်းကျင်အောင် လေ့ကျင့်ခဲ့ရသဖြင့် ဤမှာဘက်တွင် မပူရေးချမပူဟုဆိုနိုင်ရလောက်အောင် ဆို့တတ်ဖို့ တတ်နေသည်။ကျွန်ုပ်တို့အလုပ်သမားများသည် ထိုင်းဥပဒေအရ အလုပ်သမားအခွင့်အရေးကို တန်းတူရ ပိုင်ခွင့်ရှိသည်ဟု မည်သို့ပင်ပြဌာန်းထားသော်လည်း အလုပ်သမားအခွင့်အရေး လူ့အခွင့် အရေးတို့တွင် များစွာချိုးဖေါက်ခံနေကြရသည်။ နေရာတိုင်းတွင် အနှိမ်ခံဘ၀ဖြင့် နေနေကြ ရသည်။

သမိုင်းကြောင်းအရ ထိုင်းလူမျိုးများက မြန်မာကို မုန်းတီးနေသည့်အခံကရှိပြီးသား ဖြစ်သည့်အပြင် ယခုအခါသူတို့လက်အောက်ခံအလုပ်သမားဖြစ်နေကြရသဖြင့် မြေနိမ့်ရာ လှံစိုက်ခြင်းမှာ အထူးအဆန်းမဟုတ်သကဲ့သို့ဖြစ်နေသည်။ လက်ရှိအနေအထားအရလည်း ထိုင်းတို့၏ အခွင့်အရေးချိုးဖေါက်ခံရခြင်းမှာ ကျွန်ုပ်တို့အဖို့ ငရဲကလာသူပြာပူမကြောက် ဆိုသလိုလည်းဖြစ်နေ၍ မြန်မာအလုပ်သမားတို့အဖို့ ၀င်လာမစဲတသဲသဲဖြစ်နေသည်။

ဤမြို့တွင် ဆယ်စုနှစ်တခုအကြာနေထိုင်ခဲ့သည့်အတွေ့အကြုံအရ ကျွန်ုပ်တို့ မြန်မာပြည် သားများ အနှိမ်ခံဘ၀ဖြင့် တကူးတကလာရောက်လုပ်ကိုင်ရခြင်းအကြောင်းအရင်းမှာ မြန်မာပြည်တွင် အလုပ်အကိုင်ရှားပါးခြင်းဆိုသည်ထက် လုပ်စားကိုင်စားမဖြစ်ခြင်းကြောင့် ဟု ရဲရဲကြီးပြောနိုင်ပေသည်။ မဟာချိုင်တွင်လာရောက်အလုပ်လုပ်သူအများစုသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းမှ အများစုဖြစ်ပြီး ၎င်းတို့သည်အများအားဖြင့် ကိုယ်ပိုင်လယ်၊ ယာ၊ ခြံ စသော အလုပ်များကိုလုပ်ကိုင်ခဲ့သူချည်းဖြစ်သည်။

ထို့သို့ကိုယ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း စသည်တို့ကိုလုပ်ကိုင်ခဲ့သော်လည်း ရရှိသောဝင်ငွေမှာ ရရစားစားဖြစ်နေသည့် အတွက် ပိုပိုလျှံလျှံရှိရန် ဤထိုင်းနိုင်ငံအတွင်းသို့ လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ ရရှိရန်မလွယ်ကူသော လူနေမှုအဆင့်အတန်း၊ ကျန်းမာရေးခံစား ပိုင်ခွင့် အစရှိသော လူလူသူသူနေနိုင်ရခြင်းကလည်း အကြောင်းတချက်ဖြစ်သည်။

ဥပမာ- အလုပ်လုပ်ခွင့်လက်မှတ်(ဘတ်) ရှိသောအလုပ်သမားတစ်ဦးသည် ကျန်းမာရေးမကောင်း ပါက ဆေးကုသခွင့်ကို တစ်ကြိမ်လျှင် ၃၀ဘတ်(ကျပ်ငွေ၁၀၀၀) သာပေး၍ကုသမှုခံယူနိုင် သည်။ ဆေးကုသခွင့်ကို ထိုင်းနိုင်ငံသားနည်းတူ ခံစားနိုင်သည်။ အပေါက်စောင့်မှစ၍ ဆရာဝန်အဆုံး မည်သည့်ငွေကြေးမှပေးဆောင်ရန်မလိုပေ။ ထို့ကြောင့် မြန်မာအလုပ်သ မားများသည် ကလေးမွေးခြင်းမှအစ ငှက်ဖျား၊တီဘီ အစရှိသောရောဂါများကို ငွေကြေး ကုန်ကျမှုမများပဲ အာနိသင်ပြည့်ဝသော ဆေးဝါးများဖြင့် ကောင်းမွန်စွာကုသခံယူခဲ့ကြရ သည်။

မွန်၊ကရင်၊တနင်္သာရီဒေသများမှ မြန်မာနိုင်ငံသားများ တဖွဲဖွဲဝင်ရောက်လာရခြင်း၏ နောက် ထပ်အကြောင်းတစ်ခုမှာ အဆိုပါဒေသများရှိကျေးရွာများတွင် သက်ကြီးရွယ်အိုနှင့် အရွယ် မရောက်သေးသောကလေးငယ်များသာ အများစုကျန်ရှိနေပြီး ဆယ်ကျော်သက်မှစ၍ လူငယ်လူလတ်ပိုင်းအများစုသည် ထိုင်းနိုင်ငံထဲတွင် အလုပ်လုပ်လာလုပ်နေကြသည်။

ထို့ကြောင့် အချို့လူငယ်များသည် မိဘကအဆင်ပြေငွေကြေးမရှားသော်လည်း အပေါင်း အဖေါ်များရှိရာ စုဝေးရာ ဤထိုင်းနိုင်သို့ စီးပွါးရေးထက် အပျော်သဘောမျိုး လာရောက် နေကြခြင်းဖြစ်သည်။ အရွယ်ရောက်လျှင်ရှမ်းပြည်(ထိုင်း)သွား ဆိုသည်မှာ ယဉ်ကျေးမှုသ ဖွယ်၊ ခေတ်ရေစီးကြောင်းသဖွယ်ဖြစ်နေပြီး ထိုင်းကိုမှမရောက်ဖူးလျှင် ခေတ်မမီသကဲ့သို့ လည်းဖြစ်နေပေတော့သည်။

ဖေါ်ပြပါအကြောင်းအရာတို့သည်အမှန်တကယ်ဖြစ်ပျက်နေပေသည်။ ကျွန်ုပ်ဤအကြောင်း ကိုရေးနေခြင်းမှာ အစပျိုးနေခြင်းသာဖြစ်သည်။ ယခုအခါ ဒေါ်စုဦးဆောင်သော အတိုက်အ ခံများက စီးပွါးရေးပိတ်ဆို့သဖြင့် တိုင်းပြည်နိမ့်ကျနေရကြောင်း တွင်တွင်ဝါဒဖြန့်နေမှုကို တွေ့မြင်နေရသဖြင့် ကျွန်ုပ်၏ အမြင်ရှုထောင့် ဘလော့တကာမှဖတ်မှတ်ခဲ့သော အမြင်များ ကိုပေါင်းစပ်ရေးရန် စဉ်းစားမိသဖြင့် အစပျိုးနေခြင်းမျှသာဖြစ်ပါသည်။

နောက်အပိုင်းများ တွင် ထိုအကြောင်းအရာများနှင့်တကွ မြန်မာ့နိုင်ငံရေးကို ကျွန်ုပ်မြင်သလို ထပ်မံရေးသွား ပါမည်။ ကျွန်ုပ်၏မိတ်ဆွေများ အတွေးတစ်စရလျှင်ပင် ကျေနပ်ပါကြောင်းပါခင်ဗျားးးးး

ဆက်ဖတ်ရန်ကျန်သေးသည်...

အပူရှောင်ကြသူများ

မောင်ကျည်ပွေ့တယောက် ရေမြေခြားမှာကျင်လည်နေတာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ မကြာ ခဏ တခြားသူတွေက လာလာမေးတတ်ကြတဲ့မေးခွန်းတခုက “ဘယ်တော့မြန်မာပြည် ပြန်မလဲ”ဆိုတာပါပဲ။

ဒီအမေး မေးခံရတဲ့အခါတိုင်း ပြန်ဖြေဖြစ်တာ က “အဆင်ပြေတဲ့တနေ့နေ့ပေါ့” ။ “ဘယ်တော့အဆင်ပြေမှာလဲ”လို့ ဆက်မမေးကြတာကို ကျေးဇူးတင်မိပါရဲ့ဗျာ။ နို့မို့ဆို ဆက်ဖြေဖို့ရာ အဖြေမရှိတော့ပါဘူး။ ဘယ်တော့လောက်မှ မွေးရပ်မြေမှာ မိဘဆွေမျိုးတွေနဲ့ ငြိမ်းချမ်းလုံခြုံတဲ့ဘ၀ကို ရရှိမလဲဆိုတာေ၀၀ါးနေဆဲပါပဲ။

မိဘတွေကလည်း အသက်ကြီးလွန်းလှပါပြီ။ ကျွန်တော့်အနေနဲ့ မွေးရပ်မြေမှာ ပြန်ပြီးအခြေ ချဖို့ ကြိုးစားခဲ့ပါတယ်။ လုပ်ကိုင်စားသောက်လို့မရဘူးရယ်လို့တော့ မဟုတ်ပါဘူး။ တ၀မ်း တခါးအတွက်ကတော့ ရှာရလွယ်ပါရဲ့၊ သို့သော် မိသားစုတခုလုံးအတွက်ဆိုတာကတော့ ဘယ်လိုမှကို မဖြစ်နိုင်ဘူးဖြစ်နေပါတယ်။

ကိုယ့်အိမ်ထောင်ကို လောက်ငှအောင်စီမံရမှာ ဖြစ်သလို သူ့ဘက်ကိုယ့်ဘက်မိဘတွေကိုထောက်ပံ့နိုင်ဖို့ဆိုရင်တော့ အင်းးးးးး ဒါတောင် မိဘတွေကို လုံးဝတာဝန်ယူဖို့အဆင့် မတွေးရသေးဘူးနော်။ ကျွန်တော့်ဘလော့မှာ ကိုယ်ရေးကိုယ်တာတွေကို သိပ်ရေးလေ့ရေးထ မရှိပါဘူး။

အခုရေး နေတာက ထိုင်းနိုင်ငံရောက်အလုပ်သမားတွေထဲက တယောက်ရဲ့ဘ၀ကိုရေးပြတဲ့ သဘောလောက်ပါပဲ။ ကျွန်တော့်လိုမျိုးမဟုတ်တာတောင် ဆင်တူရိုးမှားလေးတွေ အများ ကြီးဖြစ်နေပါတယ်။ အထူးသဖြင့် အခြေခံလူတန်းစားဖြစ်တဲ့ ကျွန်တော်တို့အလုပ်သမား တွေရဲ့ဘ၀တွေဟာ ထိုနည်းနှင်နှင်လို့ပြောလို့ရသလို ဒီ့ထက်တောင်ပိုဆိုးသူတွေလည်း ဒုနဲ့ဒေးပါပဲ။

ကျွန်တော်တို့ရဲ့သားသမီးအနာဂတ်ကို ထပ်မထည့်တော့ပါဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ မွေးရပ်မြေမှာ လုပ်စားကိုင်စား လို့ အဆင်မပြေတာကြောင့် ထွက်ပေါက်ရှာတဲ့အနေနဲ့ ထိုင်းနိုင်ငံကို ရောက်လာပြီး တ၀ဲလည်လည်နဲ့ လုပ်ကိုင်စားသောက်နေရတုန်းပါပဲ။ ကိုယ့်ဘ၀ရဲ့အပူမီးတွေကို ငြိမ်းနိုင် ဖို့ရည်ရွယ်ချက်နဲ့ သူများနိုင်ငံမှာ အောက်တန်းကျ၊အနှိမ်ခံပြီး အလုပ်လာလုပ်နေရကြရပါ တယ်။

အဲဒီလိုလာလုပ်လို့ အပူမီးတွေငြိမ်းမသွားပေမဲ့ ထိန်းတော့ထိန်းနိုင်ပါတယ်။ဒါကြောင့်လည်း မောင်ကြီးမပြန်နိုင် ဆိုသလို ကြိတ်မှိတ်ပြီး နေနေကြတာ ဆယ်စုနှစ်ကျော်လို့ တချို့ဆို ဒုတိယမျိုးဆက်တွေကိုပါခေါ်လာပြီး အလုပ်လုပ်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေသေချာ တာကတော့ ကျွန်တော်တို့အားလုံးဟာ ကိုယ့်နိုင်ငံကို ပြန်ကြမယ်ဆိုတဲ့ ဆန္ဒကတော့ အားလုံးရဲ့ရင်ထဲမှာ ကိုယ်စီကိုယ်စီရှိနေကြပါတယ်။

သူများနိုင်ငံထဲမှာ ခိုးဝင်သူဘ၀နဲ့ အလုပ်လာလုပ်နေကြရတဲ့ အဓိကအကြောင်းအရင်းဟာ ကိုယ့်နိုင်ငံက ငတ်မွတ်ခေါင်းပါး လို့၊ သယံဇာတချို့တဲ့လို့၊ ရာသီဥတုမမျှတလို့၊ လူဦးရေများလို့၊ အလုပ်အကိုင်ရှားပါးလို့..... အစရှိတဲ့ အခြားနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကြောင့် မဟုတ်ပါဘူး။ဒီလို နိုင်ငံခြားကို တဖွဲဖွဲနဲ့ ထွက်လာနေကြတဲ့ အကြောင်းအရာတွေ အများကြီးထဲက အား လုံး ၀ိဝါဒမကွဲပဲ လက်ခံနိုင်ကြမယ့်ဟာကတော့ ဘ၀တိုးတက်မှုကိုလိုချင်လို့ ဆိုတာပါပဲ။

အရင်တုန်းကဆိုရင် နိုင်ငံခြားကို အစုလိုက်အပြုံလိုက်ထွက်ပြီးအလုပ်လုပ်ကြတာဟာ အခြေခံလူတန်းစားတွေ အထူးသဖြင့် တိုင်းရင်းသားတွေအများစုဖြစ်ပါတယ်။ အခုနောက် ပိုင်းမှာတော့ တောရောမြို့ပါ လူတန်းစားပေါင်းစုံဖြစ်နေပါပြီ။ အထူးသဖြင့် လူငယ်တွေဟာ တိုင်းပြည်ထဲမှာ မနေနိုင် မနေချင်ကြတော့ပါဘူး။

အတန်းပညာမမြင့်တဲ့လူတွေက အလုပ် လုပ်ဖို့ အတန်းပညာမြင့်တဲ့လူတွေက အဆင့်မြင့်ပညာသင်ဖို့ စသည်ဖြင့် ဖြစ်လာပါပြီ။ အခုလက်ရှိမှာ ဘယ်လိုအကြောင်းကြောင့်ပဲ နိုင်ငံခြားကိုထွက်ထွက် သေချာတာကတော့ ကိုယ့်နိုင်ငံကို တော်ရုံနဲ့ပြန်ဖြစ်ဖို့မလွယ်ကြတာ ကိုယ့်တွေ့အရ၊ မြင်နေကြားနေချက်အရ ဖြစ်နေကြပါပြီ။ ကျွန်တော်တို့လို အလုပ်လာလုပ်နေတဲ့သူတွေကလည်း ပြည်တွင်းမှာ အလုပ်ပြန်လုပ်ဖို့ တော်ရုံနဲ့မဆုံးဖြတ်ရဲပါဘူး။

ဝင်ငွေချင်းက တော်တော်လေးကွာပါတယ်။ နေရထိုင်လုပ်ကိုင်ရတဲ့ အဆင့်အတန်းချင်းကလည်းကွာနေပါတယ်။ ထို့အတူပဲ နိုင်ငံခြားမှာပညာသင်နေတဲ့လူတွေကလည်း ပညာသင်ပြီးရင် ကိုယ့်တိုင်းပြည် ပြန်ဖို့ဆိုတာမလွယ်ပါဘူး။ သင်ထားတဲ့ပညာနဲ့ကိုက်ညီမယ့်အလုပ်၊ ၀င်ငွေအဆင့်အတန်း စတာတွေက ဘယ်လိုမှမယှဉ်သာတဲ့အတွက် နိုင်ငံခြားမှာပဲ ရပ်တည်နေကြပါတယ်။

အခု ဆိုရင် ပိုက်ဆံရှိတဲ့အသိုင်းအ၀ိုင်းကလည်း သားသမီးတွေကို နိုင်ငံခြားလွှတ်ကျောင်းတက် ဆိုတာတွေက ထုံးစံလိုဖြစ်နေပါပြီ။ ကျွန်တော်မြင်နေတာကတော့ အဲဒီလူတွေဟာလည်း တော်ရုံနဲ့ မြန်မာပြည်ပြန်ဖို့ မလွယ်တော့ပါဘူး။ အထက်မှာ ကျွန်တော်ပြောခဲ့သလို ဖြစ်နေ ကြဦးမှာပါ။ ဒါတောင် ပြည်တွင်းက ထွက်လာချင်လျက်နဲ့ အဆင်မပြေလို့ မလာနိုင်တဲ့သူ တွေကို ထည့်မတွက်ထားသေးပါဘူး။

အကျဉ်းချုပ်အနေနဲ့ဆိုရင်တော့ ကျွန်တော်တို့ဟာ ရင်ဆိုင်နေရတဲ့ အပူအမျိုးမျိုးကြောင့် နိုင်ငံခြားကို ထွက်လာနေကြပါတယ်။ အဲဒီအတွက် ကြောင့်လည်း အပူတွေကနေသက်သာခွင့်တွေ ရနေကြပါတယ်။ ဒါပေမဲ့ သေချာတာက တော့ ကျွန်တော်တို့ရဲ့အပူတွေ မငြိမ်းသွားပါဘူး။ ဒါဆိုရင် ကျွန်တော်တို့အပူတွေကို ငြိမ်းသွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ မေးစရာ ဖြစ်လာပါပြီ။

ကျွန်တော်တို့ အခုလိုပဲ နိုင်ငံခြားကို နည်းမျိုးစုံနဲ့ ထွက်နေကြတာဟာ အမှန်ဆုံးနည်းလမ်းပဲလား...၊ တခြားဘာနည်းလမ်းတွေရှိသေးသလဲ... နောက်လာမယ့် မျိုးဆက်တွေအတွက် ကျွန်တော်တို့ ခင်းထားတဲ့လမ်းက အဆင်ပြေနိုင်မလား.... ကျွန်တော်ကတော့ အဲဒီ လား..ပေါင်းများစွာနဲ့ ပတ်လည်ရိုက်နေပါတယ်။ မိတ်ဆွေများ လည်း ကျွန်တော်နဲ့ အတွေးတိုက်ဆိုင်ခဲ့ရင် ၀ိုင်းစဉ်းစားကြပါဦးခင်ဗျာ။ အဖြေတခုခုတော့ ရနိုင်ကောင်းမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျားးးးးးးးးးးး။

ဆက်ဖတ်ရန်ကျန်သေးသည်...

မြင်ကွင်းများ

ကျွန်ုပ်အမိမြန်မာပြည်သို့ပြန်သောအခါ ထိုင်းနိုင်ငံရောက်တောင်ကျော်အလုပ်သမားတို့ ထုံးစံအတိုင်း ကိစ္စအ၀၀ကို ပွဲစားထံဆက်သွယ်ပြီး ယင်း၏စီစဉ်ပေးမှုဖြင့် နယ်စပ်မဲဆောက် သို့ရောက်ရှိခဲ့သည်။

ထိုမှတဆင့်မွေးရပ်မြေသို့ ဆက်လက်ထွက်ခွါလာရာ လမ်းတလျှောက် တွင် ဂိတ်ကြီးဂိတ်ငယ်အသွယ်သွယ်ကို ခြသေ့င်္တထောင်တန်အားကိုးဖြင့် အခက်အခဲမရှိ ဖြတ်သန်းခဲ့ပေသည်။ ကားလမ်းတလျှောက် ၀ါးလုံးတန်းဖြင့် တားထားသော ၀ါးတားဂိတ် များစွာကိုတွေ့ရသည့်အခါ မဆီမဆိုင် အမေရိကန်သမ္မတတဦးကို သတိရမိသေးသည်။ ၀ါးတားဂိတ်အရေးကြောင့်ထိုသူပြုတ်သွားခဲ့သည်မဟုတ်လော။

ဒီဝါးတားဂိတ်ကတော့ အာဏာရူးတို့ သက်ဆိုးရှည်ရန် ထောက်ပံ့ပေးနေသေးသည်။ သံတူကြောင်းကွဲပေမင့် ကိုယ့်ဖါသာကိုယ်တွေးရင်း ပြုံးမိချေသည်။သို့ကလို့ အိမ်သို့ရောက်ပြီးသည့်နောက်တွင် ဦးစွာလုပ်ရသည်မှာကား အိမ်ထောင်စုစာရင်း ဖြစ်ပေသည်။

ကျွန်ုပ်၏သက်ထားကို အိမ်ထောင်စုစာရင်းထဲသွင်းရန်အတွက် မူလ အိမ်ထောင်စုစာရင်းကိုတောင်းကြည့်သောအခါ “ဟဲ့ပလုတ်တုတ် ဒါကဘယ်လိုဖြစ်တာ တုန်း” ဟုမေးရပြန်တော့သည်။ ကျွန်ုပ်တို့မိသားစုအားလုံး မွေးကင်းစကလေးပါမကျန် ကြံ့ဖွတ်အသင်းဝင်ဖြစ်နေပြန်သည်။ ကျွန်ုပ်၏မိခင်ကြီးက “သိပါဘူးကွယ် ဟိုတလောက စာရွက်အသစ်လဲရမယ်ဆိုပြီးနောက်ပိုင်း ဒီလိုဖြစ်ရတာပဲ” ဟုပြန်ဖြေလေသည်။

ကျွန်ုပ်မှာ မိမိမုန်းနေသောအဖွဲ့ထဲတွင် အမည်စာရင်းပါနေသည်ကိုကြည့်၍ ဘာပြန်ပြောရမှန်းမသိ အောင်ဖြစ်နေရပေသည်။ ယခုအခါ ကျွန်ုပ်အား မည်သည့်အဖွဲ့တွင် ပါဝင်သလဲဟုမေးလာ မည်ဆိုပါက ကြံ့ဖွတ်ဟေ့ ကြံ့ဖွတ်တဲ့ကွ ဟူ၍ပြန်ဖြေရပေတော့မည်။ သင်တို့သည်လည်း ကျွန်ုပ်နှင့်စကားပြောမည်ဆိုပါက ဆင်ခြင်ပြောရန် သတိပေးလိုသည်။ (ကြံ့ဖွတ်တဲ့နော် သိတယ်မဟုတ်လား... ၆၅နှစ်ဖြစ်သွားမယ် ဟင်းဟင်းဟင်းးးးးးးးး)ကျွန်ုပ်ပြန်ရောက်နေပြီဟု ကြားသိကြသောအပေါင်းသင်းများသည်လည်း လာရောက်နှုတ် ဆက်ကြလေသည်။

ထိုအပေါင်းအသင်းများကိုတွေ့ရသောအခါ များစွာချွတ်ခြုံကျနေသည် စိတ်မကောင်းစွာတွေ့ရပေသည်။ လွန်ခဲ့သော ၂၀၀၂ခုနှစ် ကျွန်ုပ်ပြန်သွားစဉ်က တောက် တောက်ပြောင်ပြောင်ရှိခဲ့သလောက် ယခုအခါ တခြားစီဖြစ်နေပေသည်။ အလုပ်အကိုင်က လည်းရှားပါးကြောင်း လွန်စွာညည်းနေကြသည်။ တချိန်က နှစ်လုံးဂဏန်းဖြင့် စီးပွါးရှာ ၀င်ငွေဖြောင့်၍ သိန်းရာချီရှိခဲ့ရာက ယခုအခါ ဆိုင်ကယ်အစုတ်လေးတစီးနှင့် လိုင်းဆွဲကာ ရုန်းကန်နေကြရသည်။

တနေ့သုံးထောင်ကျပ်ခန့်ရမှသာ သူတို့မိသားစုအဆင်ပြေကြမည် ဖြစ်ရာ သူတို့မှာ ခရီးသည်ရရန် ဆိုက္ကားဆရာတို့နှင့်အပြိုင် ဈေးလျော့လုဆွဲနေကြရသည်။ တခါတရံခရီးသည်လုရင်း စကားများထိုးကြိတ်ပွဲများဖြစ်ကြကြောင်းလည်း စိတ်မကောင်း စွာကြားသိရသည်။ ထိုသို့တနေ့တနေ့ စားဖို့စားရိတ်ရရန်သာလုံးပန်းနေကြရသဖြင့် တခြားအရေးကိစ္စမပေါ်စေ ရန် သူတို့မှာဆုတောင်းနေကြရသည်။ ဥပမာ- မိသားစုထဲတွင် တစုံတဦးနေထိုင်မကောင်း ဖြစ်လာမည်ဆိုပါက ဆေးကုသရန်စားရိတ်မတတ်နိုင် မရှာနိုင်ဖြစ်နေကြရကြောင်းသိရပေ သည်။

အနာဂတ်အရေးဆိုသည်ကား သူတို့အတွက်ဘာမှမရှိသလိုဖြစ်နေရပေသည်။ သူတို့၏ထွက်ပေါက်ကား အရက်ဖြစ်ပေသည်။ နိုင်ငံတော်၏စေတနာကြောင့် မြန်မာပြည် တွင် အရက်ဘီယာဆေးလိပ်တို့ လွန်စွာဈေးပေါပေသည်။ အရက်တစ်ပုလင်း သုံးရာကျပ် ဆေးပေါ့လိပ်တစ်ရာဖိုးလေးလိပ် အချဉ်ထုပ်နှစ်ထုပ်တစ်ရာ ငွေငါးရာကျပ်ရှိလျှင်ပင် လူသုံးယောက်ကောင်းစွာမူး၍ ရပြီဖြစ်သည်။ သူတို့အတွက်ဘာမှထွက်ပေါက်မရှိသလိုဖြစ်နေသဖြင့် ကျွန်ုပ်မှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေရသည်။

နိုင်ငံခြားထွက်အလုပ်လုပ်ရန်လည်း အဆက်အသွယ် အရင်းအနှီးလိုပြန် သည်။ ကျွန်ုပ်အနေနှင့်ကလည်း ကိုယ့်ဟာကိုယ် မနည်းရုန်းကန်နေရသဖြင့် ဘာမှမကူညီ နိုင်၊ နောက်ဆုံး သူတို့ကိုနှစ်သိမ့်ရန် တခွက်လျှင် ငါးရာနှုန်းဖြင့်ရောင်းနေသော မြန်မာတို့၏ မြန်မာဘီယာကိုသာ အ၀တိုက်လွှတ်လိုက်ရပေတော့သည်။ ဘီယာဖြင့်ဝိုင်းဖွဲ့ စကားစမြည် ပြောကြရာတွင် စကြနောက်ကြရင်း သူငယ်ချင်းတဦး၏ ညီမအပျိုလေးအကြောင်း ရောက် သွား၍ အခြားသူများက ယောက်ဖဘာညာဖြင့် ၀ိုင်းပြောကြရာ ထိုသူငယ်ချင်းကလည်း စကားတခွန်းဖြင့်တုံ့ပြန်ပြောဆိုလေသည်။

ထိုစကားမှာ “မင်းတို့ကောင်တွေ စကားပြောရင် ကောင်းကောင်းပြောကြလေ နိုင်ငံရေးအကြောင်းတွေမပြောကြနဲ့” ဟူ၏။ ထို့ကြောင့် ကျွန်ုပ်မှာ “သြော်..ဒို့နိုင်ငံမှာ နိုင်ငံရေးဆိုတာ မကောင်းတဲ့စကား တားမြစ်တဲ့စကား ဖြစ်နေ ပါပေါ့လား” ဟုအတွေးဝင်မိသည်။ကျွန်ုပ်၏သူငယ်ချင်းအများစုမှာ လူပျိုဟိုင်းစာရင်းများသို့ဝင်နေကြပြီဖြစ်သဖြင့် ကျွန်ုပ်က “မင်းတို့ အိမ်ထောင်ပြုဖို့ဘာဖို့ မလုပ်တော့ဘူးလား”ဟု စပ်စုမိပြန်သည်။

ထိုအခါသူတို့က “ကိုယ့်ဟာကိုယ်တောင် မနည်းရုန်းကန်နေရတာကွာ ပြီးတော့ ဒီခေတ်က စိတ်ကူးယဉ်အ ချစ်ဘာညာတွေနည်းကုန်ပြီ။ မီးမီးတို့အကြိုက် ဖိုးတီးဖိုက်ကွ ၊ ကောင်မလေးတွေက ငါတို့ လိုဆင်းရဲသားတွေထက် ငွေရှိတဲ့ လေးဆယ်ကျော်ငါးဆယ်အရွယ်အဖိုးကြီးတွေကို ပိုစိတ် ၀င်စားနေကြတာကွ” ဟုပြန်ပြောလေသည်။ ကျွန်ုပ်မှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့ရပြန် သည်။ နှလုံးသားရေးကိစ္စများပြောဆိုနေရာမှ နှစ်လုံးဂဏန်းကိစ္စသို့ စကားဦးရောက်သွား ပြန်သည်။

ဟိုယခင်က တစ်လလျှင် ခွန်နစ်ရက်သာ လောင်းကစားလုပ်ကြသော်လည်း ယခုအခါ တပတ်လျှင်ငါးရက် တစ်ရက်လျှင်နှစ်ကြိမ် ချဲထွက်ကြောင်းသိရသည်။ စနေ တနင်္ဂနွေသာနားကြောင်း ထိုနားရက်တွင်လည်း ဘော်လုံးပွဲလောင်းခြင်းသို့ အလှည့်ပေး ကြောင်းသိရသည်။ ယခုအခါ ထိုးသားဖက်မှ အထိုးနည်းလာသဖြင့် ဒိုင်က နှစ်လုံးတိုက်ကို ၈၅ဆလျော်ကြောင်းသိရရာ ကျွန်ုပ်မှာ များစွာထိတ်လန့်မိလေသည်။ ပုံမှန်အားဖြင့် ၆၅ဆ သာလျော်လေ့ရှိရာမှ ၈၅ဆ အထိလျော်ပေးသည်ဆိုရာတွင် ထိုးသားများမည်မျှ အရှုံးပေါ် နေသည်ကို သိနိုင်ပေသည်။ ကျွန်ုပ်မှာ ကျယ်လောင်ဖေါင်ပွစွာပြောဆိုနေကြသော သူငယ်ချင်းများကို တိတ်တဆိတ်နား ထောင်ရင်း အကဲခတ်နေမိသည်။

သူတို့ပြောနေသောအကြောင်းများထဲတွင် အတိတ်က မည်သို့ပျော်ရွှင်စွာ နေထိုင်လုပ်ကိုင်ခဲ့ကြသည် ဆိုသည်ချည်းဖြစ်နေသည်။ အနာဂတ်အ ကြောင်း တစိုးတစိမှမပါ၊ ယုတ်အဆွဆုံး လက်ရှိအနေအထားအကြောင်းပင် ဟဟမပြော ချင်ကြ။ ယောင်ဝါးနေသောအနာဂတ်၊ တည်ရာမဲ့လက်ရှိအခြေအနေကို တမင်မေ့ထားသ လိုနေနေသည်ဟု ကျွန်ုပ်ထင်မိသည်။ ကျွန်ုပ်ကိုယ်တိုင်ကလည်း သူတို့နှင့်ဘာမှမထူးသူ သာဖြစ်သည်။

လက်ရှိမှာ သူတို့ထက် စာရေးသောက်ရေးနည်းနည်းသာသည်မှလွဲ၍ အနာဂတ်မဲ့နေသူသာဖြစ်သည်။ တခါတခါ သူတို့လိုပဲ ဘာမှမတွေးမိအောင်နေထိုင်ရင်း ကြုံသလိုပျော်သလိုနေရင် ကောင်းမလားဟုပင် တွေးမိချေသည်။ တခါက နိုင်ငံခြားသားတဦးနှင့် စကားပြောဖြစ်ရာ ထိုသူက “မင်းတို့မြန်မာတွေ အလုပ်လုပ်၊ ငွေရှာ၊ စားသောက် ဒါနဲ့ပဲလည်နေကြတာများတယ်။

နိမ့်ကျနေတဲ့ဘ၀ကို မြင့်ဖို့ဘာမှလုပ် တာမတွေ့ရဘူး” ဟု သူမြင်သလို ဝေဖန်သွားသည်။ ထိုစဉ်ကကျွန်ုပ်ဘာမှပြန်မဖြေနိုင်ခဲ့၊ ယခုထိလည်းဖြေရန်အဖြေမရှိသေး။ အဖြေမရသေးသောပုစ္ဆာကို တွေးရင်းတွေးရင်းးးးးးးးးးး ဘာများတတ်နိုင်ဦးမှာမည်နည်းးးးးးးးးး

ဆက်ဖတ်ရန်ကျန်သေးသည်...

ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၃

ရဲ့အနားစွန်းနှစ်ဖက်ဟာ ရှည်ရှည်ဆွဲလေ ပိုဝေးလေဖြစ်တယ်။ ဘယ်တော့မှပေါင်းဆုံ နိုင်မှာမဟုတ်ဘူး။ အဲဒါဟာ စစ်တပ်နဲ့ဒီမိုတွေဖြစ်နေတဲ့အခြေအနေပဲ။ ငါတို့က Y လိုမျိုး အဲ ဒီမပေါင်းဆုံတာကို ဆွဲယူပြီး လမ်းကြောင်းတခုတည်းဖြစ်အောင်လုပ်မယ်”အထက်ပါစကားစုဟာ ကျွန်တော်မြန်မာပြည်ပြန်သွားတုန်းက တတိယအုပ်စုလို့ ကိုယ့် ကိုယ်ကို ခံယူတဲ့ သူငယ်ချင်းတယောက်ရဲ့စကားဖြစ်ပါတယ်။

ကျွန်တော့်သူငယ်ချင်းနဲ့ နိုင် ငံရေးအကြောင်းကို သူ့အမြင်ကိုယ့်အမြင် တော်တော်လေးဖလှယ်ဖြစ်ခဲ့ပါတယ်။ အစပိုင်း မှာ သူကကျွန်တော့်ကို အစွန်းရောက်တဲ့ သဘောထားတင်းမာတဲ့လူလို့ထင်နေပါတယ်။ ပြောဆိုငြင်းခုန်ရင်းနဲ့ နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ သူမသိထားတဲ့ သူမသိ လိုက်ရတဲ့ အချက်အလက်တွေအများကြီးရှိနေသေးတယ်လို့ ၀န်ခံပါတယ်။

ဘာကြောင့်လဲ ဆိုတော့ မျက်စိပိတ်နားပိတ်ခံနေရတဲ့ အနေအထားမှာ သူ့အနေနဲ့ ထိတွေ့ခွင့်ရတဲ့ ပြည် တွင်းမီဒီယာက အချက်အလက်တွေကိုအခြေခံပြီး လမ်းကြောင်းရှာထားရလို့ပဲဖြစ်ပါတယ်။သူ့အမြင်ရဲ့အကျဉ်းချုပ်ကတော့ စိတ်ရှည်သည်းခံပြီး ကိုယ်လိုချင်တဲ့လမ်းကြောင်းပေါ်ကို တဖြေးဖြေးနဲ့ဆွဲဆောင်သွားရမယ် ဆိုတာပါပဲ။ ကျွန်တော်က မင်းရဲ့ယုံကြည်ချက်တွေ အကောင်အထည်ဖေါ်ဖို့ အချိန်ဘယ်လောက်ကြာမလဲလို့ မေးတဲ့အခါ သူတိတိကျကျ မပြောနိုင်ပါဘူး။ အနဲဆုံးတော့ အနှစ်၂၀ လောက်ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ပြောပါတယ်။

ဒါက တတိယအုပ်စုလို့ခံယူနေတဲ့သူတွေထဲက တယောက်ရဲ့အတွေးအမြင်တွေပါ။ အဲဒီတတိယအုပ်စုလို့ခံယူနေကြသူတွေထဲမှာလဲ ပုံစံကွဲတွေအမျိုးမျိုးရှိပါတယ်။ ကျွန်တော် မြင်သလောက်ဆို အကြမ်းဖျင်းအရ သုံးမျိုးလောက်ရှိပါတယ်။ အဖြူထည်အုပ်စု၊ ရောင်စုံ အုပ်စုနဲ့ ၀ါဒဖြန့်အုပ်စုတို့ပါပဲ။ အဖြူထည်အုပ်စုဆိုတာက ခုနကကျွန်တော့်သူငယ်ချင်းလို တိုင်းပြည်ကိုတိုးတက်စေချင်တဲ့ စေတနာအရင်းခံအုပ်စုပါ။ သူတို့တွေထဲမှာ ပညာတတ်လူ ငယ်တွေ ဘာသာရေးကိုစိတ်ဝင်စားတဲ့လူတွေအများစုပါဝင်ပြီး အရာရာကိုငြိမ်းချမ်းစွာနဲ့ ဖြေရှင်းဖို့ လိုလားပါတယ်။


နောက်ပြီး ဒီမိုအရေးလှုပ်ရှားနေသူတွေကို သိပ်အယုံကြည်မရှိ တဲ့လူတွေများပါတယ်(များဆို...ဆရာသမားတွေကလဲ နှစ်နှစ်ဆယ်ကြာတာတောင် ဘာမှ လောက်လောက်လားလားမလုပ်နိုင်ခဲ့ဘူးမဟုတ်လား) ။ရောင်စုံအုပ်စုကတော့ လူကောင်းနည်းပြီး လူခပ်ရှုပ်ရှုပ်တွေများပါတယ်။ ဒီအုပ်စုထဲမှာ ငါးမင်းဆွေတို့အေးလွင်တို့လို ဒီမိုထွက်တွေကအစ ပညာရှင်ယောင်ယောင်လူတွေအဆုံး အမျိုးမျိုးပါဝင်နေကြပြီး စစ်တပ်နဲ့ပေါင်းလုပ်ဖို့ကို တော်တော်လေးစိတ်အားထက်သန်ပါ တယ်။

(အထူးသဖြင့် စီးပွါးရေးတွေမှာပေါ့လေ) သူတို့က ဒီမိုသမိုင်းကြောင်းတွေရှိနေတော့ စစ်တပ်က သူတို့ကိုယုံအောင် ဒေါ်စုနဲ့ဒီချုပ်ကို အဓိကထားတိုက်ခိုက်ပြနေကြတယ်။ သူတို့ ကသာလျှင် တိုင်းပြည်ငြိမ်းချမ်းဖို့တိုးတက်ဖို့ လုပ်ဆောင်နိုင်သလိုလိုအပေါက်မျိုးချိုးကြပါ တယ်။ သူတို့အုပ်စုထဲမှာ တိုင်းပြည်အပေါ်စေတနာထားတာထက် ကိုယ့်အတ္တကို တည်ဆောက်နေသူက အများစုလို့ယူဆပါတယ်။ ဒါကြောင့်လည်း သူတို့အုပ်စုက နည်း နည်းရင်း များများမြတ်နိုင်တဲ့ လမ်းကြောင်းကိုရှာနေတာပါ။

လောလောဆယ်တော့၂၀၁၀ ရွေးကောက်ပွဲပေါ့လေ။နောက်တအုပ်စုဖြစ်တဲ့ ၀ါဒဖြန့်အုပ်စုကိုတော့ အထူးပြောစရာမရှိပါဘူး နဂိုကတည်းက စစ် တပ်အတွက်ဝါဒဖြန့်နေတာပါ။ သူတို့မှာ ခံယူချက်တွေ ယုံကြည်ချက်တွေ ဘာမှလောက် လောက်လားလားမရှိပါဘူး။ စားကောင်းသောက်ကောင်းအောင် ထထအော်နေတာသာဖြစ် ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုအုပ်စုတွေခွဲပြီးတဲ့နောက်မှာ နောက်ထပ် သူတို့နဲ့ ပတ်သက်လို့ မြင်သလောက်ပြောရမယ်ဆိုရင် ပထမဆုံးအဖြူထည်အုပ်စုကို အရင်ဆုံး ပြောချင်တာက မြန်မာ့နိုင်ငံရေးဟာ နက်ရှိုင်းရှုပ်ထွေးပါတယ်။

စာအုပ်ကြီးတွေထဲက ပုံသေ နည်းတွေ နှိုင်းယှဉ်ချက်တွေကို တရားသေသုံးလို့မရပါဘူး။ အထူးသဖြင့် မျိုးဆက်သစ်လူ ငယ်တွေဟာ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ဘာမှမသိကြသေးတာ များပါတယ်။ တိုင်း ရင်းသားတွေဟာ ဗမာတွေကို ဘယ်လိုသဘောထားတယ်၊ သူတို့ဘာကိုလိုချင်သလဲ၊ ဘယ်လိုဖြေရှင်းရမလဲ အစရှိတဲ့ စိန်ခေါ်မှုတွေကို ရှင်းနိုင်ဖို့လိုအပ်ပါတယ်။

နောက်တခုကတော့ ဒီအဖြူထည်အုပ်စုက အာဏာရှင်တွေရဲ့ယုံကြည်မှုကို ရလိမ့်မယ်လို့ သူတို့မျှော်မှန်းနေပါတယ်။ တကယ်တော့ အာဏာရှင်ဆိုတာ ကိုယ့်ကိုယ်ကိုကလွဲရင် ဘယ်သူ့ကိုမှ မယုံကြည်တတ်ပါဘူး။ တခြားလူဆိုတာခဏထား အမြဲတမ်းလက်တွဲလာတဲ့ ကိုယ်လုပ်ဖေါ်ကိုင်ဖက်ကိုတောင် မယုံကြည်ပါဘူး။ ယုံနေသလိုဟန်ဆောင်တာပဲရှိပါတယ်။ ဒါကြောင့်လည်း အဏာရှင်ရယ်လို့ဖြစ်နေတာပါ။ အာဏာရှင်စနစ်ကိုချုပ်ငြိမ်းစေချင်ရင် အာဏာရှင်ကိုဖြုတ်ချရပါမယ်။

အဲဒီလိုမှမဟုတ် ပေါင်းလုပ်ရင်းနဲ့တဖြေးဖြေးပြောင်းယူမယ် ဆိုတာက မြန်မာ့နိုင်ငံရေးလမ်းဟောင်းကြီးကို လိုက်နေတာပဲဖြစ်ပါတယ်။ ဘိုနေ၀င်းအာ ဏာသိမ်းထားတုန်းကလည်း အဲဒီခေတ်က ပုဂ္ဂိုလ်တော်တော်များများလုပ်ခဲ့ဖူးပါတယ်။ သူတို့က ဘိုနေ၀င်းကို သိမ်းသွင်းဖို့ဆိုတာထက် သူတို့ကို ဘိုနေ၀င်းကပဲ သိမ်းသွင်းပြီး အသုံးချတာတွေ ကန်ထုတ်တာတွေခံလိုက်ရပါတယ်။ နာမည်ကြီးခဲ့တဲ့ကြွေးကြော်သံတခု တောင်ကျန်ခဲ့ပါသေးတယ်။

ဘာတဲ့ ဆိုရှယ်လစ်စနစ်တည်ဆောက်မယ်ဆိုရင် ခွေးကတက် ကပဲနေရနေရပူးပေါင်းပါဝင်မယ် ဆိုတာပါပဲ။ အဖြူထည်အုပ်စုတော်တော်များများဟာ လူလတ်တန်းစားပညာတတ်အများစုဖြစ်ပါတယ်။ အတွေးအခေါ်ရှိတဲ့လူတွေဆိုတော့ တိုင်းပြည်ကိုတခုခုလုပ်ပေးချင်တဲ့စိတ်တွေရှိပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာက ကောင်းတာလုပ်ဖို့မလွယ်ပါဘူး (ဘုန်းကြီးတရားဟော တာတောင် ၀န်ခံချက်လက်မှတ်ထိုးရတယ်မဟုတ်လား)။ ဒီတော့ ကောင်းတာလုပ်တဲ့သူ တွေဟာ ခက်ခက်ခဲခဲလုပ်ရမယ်၊ ပြဿနာတွေတက်နိုင်တယ်ဆိုတာ သူတို့သိထားပါတယ်။

မလုပ်ပဲနေဖို့ကလည်း စဉ်းစားဥာဏ်ရှိတဲ့လူတွေဖြစ်တော့ ကိုယ့်လိပ်ပြာကိုယ်မလုံဘူးပေါ့ လေ။ဒါနဲ့ပဲ ကိုယ့်လိပ်ပြာလည်းလုံ ပြဿနာလည်းမတက်နိုင်တဲ့ ၂၀၁၀ကြီးကိုရွေးပြီး ဒါဟာလက်တွေ့ကျတယ် ဘာတယ်ညာတယ်ပေါ့လေ ထအော်ကြတာပဲလို့မြင်ပါတယ်။ ကိုယ့်လူတွေကို အာမနာတမ်းပြောရရင် သားသမီးလည်းရချင်တယ် ဟ၀ှာပြုရမှာလည်း ကြောက်တယ်ဆိုတဲ့ အပျိုကြီးတွေလိုပဲလို့ မြင်ပါတယ်။ စစ်တပ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင် ပြည်သူတွေ သေကျေပျက်စီးတာတွေ ဘာတွေဖြစ်မှာ ဘာညာနဲ့လည်းပြောတတ်ကြပါ တယ်။

အခုလည်းဘာထူးလို့တုန်း လူတွေမသေသေးတာကလွဲရင် ကျေပြီးပျက်စီးနေကြ တာပဲမဟုတ်လား။စစ်တပ်ကလိုက်လျောမှုတွေ ပူးပေါင်းမှုတွေရဖို့ဆိုရင် သူတို့လေးစား(သို့)ကြောက်နိုင် လောက်တဲ့ အနေအထားမျိုး ကိုယ့်ဖက်မှာရှိဖို့လိုပါတယ်။ အထူးသဖြင့် မြန်မာအာဏာရှင် တွေဟာ လေးစားတယ်ဆိုတဲ့ဝေါဟာရ သူတို့မှာမရှိပါဘူး။ သူတို့မှာကြောက်တာပဲရှိပါ တယ်။ သူတို့ရပ်တည်ချက်ကို ကိုင်လှုပ်နိုင်မယ့်သူမျိုးသာ သူတို့ကပူးပေါင်းဖို့ လိုက်လျော ဖို့ လုပ်တတ်တာပါ။

ဒီအချက်ကို အလေးနက်ထားပြီး စဉ်းစားရမှာဖြစ်ပါတယ်၊ တတိယ အုပ်စုလို့အမည်ခံနေကြသူများကို စစ်တပ်က ဘယ်လောက်အလေးထား နေရာပေးမလဲဆို တာ ကိုယ့်ဟာကိုယ်ပဲ ဆန်းစစ်ပါ။ ရောင်စုံအုပ်စုကိုတော့ သိပ်ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါဘူး။ လက်ရှိမြန်မာစစ်တပ် မှာ ဗိုလ်မှူးကြီးနဲ့အထက်ပုဂ္ဂိုလ်များဟာ တပ်ထဲကို တိုင်းပြည်ချစ်စိတ်အခြေခံလို့ ၀င်ရောက် ခဲ့ကြသူ အများစုပါ။ သို့သော်လည်း ဒီနေ့ဒီအချိန်မှာကျတော့ ပြည်သူ့အကျိုးဆိုတာထက် ရာထူးစည်းစိမ်လေး မပျောက်ဖို့ပဲ လုပ်နေကြတာတွေ့ရမှာပါ။

စည်းစိမ်အာဏာဆိုတာ လူ တွေကို ဖေါက်ပြန်ရူးသွပ်စေပါတယ်။ စည်းစိမ်အာဏာကြောင့်ပဲ လွတ်လပ်ရေးရကာစ မြန်မာနိုင်ငံမှာ သွေးသောက်ရဲဘော် လုပ်ဖေါ်ကိုင်ဖက်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နှိပ် စက်ခဲ့ကြတာ မကြာခဲ့သေးပါဘူး။ ဒီရောင်စုံအုပ်စုကရော အထက်ပါပုဂ္ဂိုလ်တွေထက် ထူး ခြားမြင့်မြတ်တဲ့ ကိုယ်ခံအားတွေရှိလား၊ လုပ်ပိုင်ခွင့်လေးရလာရင် ပြည်သူ့အကျိုးကို ပြန် ကြည့်နိုင်မလားဆိုတာ ကိုယ့်ဟာကိုယ်မေးကြည့်ကြပါ။

ဒီမိုတွေကရော မဖေါက်ပြန်ဘူးလားလို့ ပြန်မေးနိုင်ပါတယ်။ ဒီမိုတွေလည်း ဖေါက်ပြန်တတ် ကြတာပါပဲ။ သို့သော် အရေးယူနိုင်မှုနဲ့ စနစ်ကပြန်ထိန်းထားပါတယ်။ လွတ်လပ်တဲ့တရား စီရင်ခွင့်တွေ ထုတ်ဖေါ်ပြောဆိုခွင့်တွေရှိတဲ့အတွက် အကျင့်ပျက်မှုက ခေါင်းမထောင်နိုင်ပါ ဘူး။ လက်ရှိမှာ ရပ်ကွက်ဆယ်အိမ်ခေါင်းလောက်ကိုတောင် ဘာမှပြန်ပြောလို့မရတဲ့ခေတ် နောက်လည်း ဒီလူတွေပဲဆက်အုပ်ချုပ်ရင် ဘာမှပြန်ပြောလို့မရတာတွေပဲလာမှာပါ။

အဲဒါကို ပေါင်းလုပ်မယ် ပေါင်းလုပ်မယ်လို့ အော်နေကြတော့ ကိုယ့်ဟာကိုယ်ပဲ အမြီးအ မောက်တည့်အောင် စဉ်းစားကြည့်ကြဖို့ မဟာပညာကျော်များကို ပြောချင်ပါတယ်။ဝါဒဖြန့်တဲ့အုပ်စုကိုဘာမှတော့ ဝေဖန်လောက်စရာမရှိပါဘူး။ အစကတည်းကကျွန်တော် ဒီလောက် ရှည်ရှည်ရေးဖို့မရည်ရွယ်ထားပါ။ ရေးရင်းနဲ့ စာအရေးအသား မပိုင်နိုင်လို့ ရှည် လာတာ ၃ပိုင်းခွဲရတဲ့အဆင့်ရောက်သွားပါတယ်။ တကယ်ရေးချင်တဲ့ တခြားဟာလေးတွေ ရှိပါတယ်။ ပြည်တော်ပြန်အတွေ့အကြုံတွေ အတွေးအမြင်တွေ ၊ နောက်ပို့စ်မှာ ဆက်ရေးပါ မယ်။ မိတ်ဆွေများ.. မင်္ဂလာပါခင်ဗျားးးးးးးးးးးးးးးးးးးးးး

ဆက်ဖတ်ရန်ကျန်သေးသည်...

ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၂

မြန်မာပြည်ရဲ့နိုင်ငံရေးဟာ တခြားဘယ်နိုင်ငံနဲ့မှမတူပါဘူး။ အတိုက်အခံထဲမှာကို ကွဲပြား ခြားနားတဲ့အမြင်တွေနဲ့ အုပ်စုကွဲတွေအများကြီးရှိပါတယ်။ အဲဒီလိုကွဲနေတာက စစ်တပ်ဝါဒ ဖြန့်ဖြူးရေးအတွက် အခွင့်ကောင်းတခုပါ။

ဝါဒဖြန့်တဲ့နေရာမှာလည်း သူတို့ကိုယ်တိုင်ဝါဒ ဖြန့်သလို ဖါးတပိုင်းငါးတပိုင်းတွေကိုလည်း မြောက်ပေးပြီး ၀ါဒဖြန့်ခိုင်းပါတယ်။ သူတို့ဝါဒဖြန့်တာတွေက ဘယ်သူမှ စိတ်ဝင်စားမှုမရှိလို့ မအောင်မြင်ပေမဲ့ ဖါးတပိုင်း ငါးတပိုင်းတွေဝါဒဖြန့်တာကတော့ လူတွေကို ဟုတ်နိုးနိုးနဲ့ ထင်ယောင်မှား ဖြစ်စေနိုင်ပါ တယ်။

သူတို့က ပြည်သူ့ဘက်တော်သားလိုလို ဘာလိုလို အရေခြုံထားသလို၊ တချို့ကလည်း ယခင်လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့ဖူးတာကြောင့် လူတွေနဲနဲ ထင်ယောင်မှားဖြစ်နေရတာပါ။ဖါးတပိုင်းငါးတပိုင်းလုပ်နေတဲ့အုပ်စုကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ဒီမိုထွက်တွေနဲ့ ခေတ်ပညာတတ်လို့ခေါ်နေတဲ့ စာအုပ်အလွတ်ကျက်ထားတဲ့သူတွေချည်းဖြစ်ပါတယ်။

သူတို့ရဲ့တောင်စဉ်ရေမရာလျှောက်ပြောနေတာဘေးဖယ်ပြီး အနှစ်ချုပ်ဝါဒကို ကြည့်လိုက် မယ်ဆိုရင် စစ်တပ်နဲ့ပူးပေါင်း ရွေးကောက်ပွဲဝင် အမတ်တက်လုပ် ပြီးမှကိုယ်လိုသလိုပြုပြင် ဒီလိုပဲ အဓိပ္ပါယ်ထွက်ပါတယ်။ နောက်ပြီး သူတို့ကို နအဖ ဘက်တော်သားတွေလို့ပြောရင် သူတို့က မကြိုက်ပါဘူး၊ မဟုတ်ကြောင်းကို ဖင်ပိတ်ငြင်းကြပါတယ်။ ဒါမှလည်း လူတွေကို အယုံသွင်းလို့ ရမယ် မဟုတ်လား။

ပါးစပ်က ဘယ်လိုပင်ငြင်းနေပါစေ သူတို့ရဲ့ အယူဝါဒက ရှင်းရှင်းကြီး သက်သေခံနေပါတယ်။ သူတို့ပြောနေတဲ့အထဲမှာ အများဆုံးပါနေတာက ဒီချုပ်မကောင်းကြောင်းနဲ့ ဒေါ်စုမကောင်း ကြောင်းတွေပါပဲ။ ဒီချုပ်က ဘယ်လိုညံ့တယ်၊ ဒီချုပ်ခေါင်းဆောင်တွေက ဘယ်လိုဆိုးတယ်၊ ကွန်မြူနစ်တွေ ... အစရှိသဖြင့်ရေးကြပါတယ်။ အထူးသဖြင့် ဒီချုပ်ဟာ မြန်မာ့နိုင်ငံရေးကို နှစ် နှစ်ဆယ်နီးပါးလုပ်လာပေမဲ့ ဘာမှတိုးတက်မလာဘူး..ပြည်သူတွေမဲပေးထားတာ အလကားပဲ...အစရှိသဖြင့် ဒီလိုပဲအဓိပ္ပါယ်ထွက်တဲ့ အကြောင်းတွေရေးပြီး ၀ါဒဖြန့်ပါတယ်။

အပေါ်ယံတွေးရင် ဟုတ်သလိုလိုရှိနေပေမဲ့ သေချာစဉ်စားသင့်တဲ့အကြောင်းအရာက ဒီချုပ် မှာပါဝင်လှုပ်ရှားလို့ ထောင်ကျသွားသူတွေ၊ ဘ၀ပျက်သွားသူတွေ ဘယ်လောက်ရှိသွားပြီ လဲ၊ လက်ရှိနိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဒီချုပ်က ဘယ်နှရာခိုင်နှုန်းပါနေလဲဆိုတာ ဆန်းစစ်ကြည့်ရင် ဒီချုပ်က အလုပ်လုပ်/ မလုပ် ဆိုတာပေါ်လာမှာပါ။

အဲ.. အလုပ်ဖြစ် မဖြစ်ဆိုတာက နောက်တပိုင်းသွားမှာပါ။ ဒီချုပ်မှာလည်း အားနည်းချက် တွေရှိနိုင်သလို အမှားအယွင်းတွေလဲ ရှိကောင်းရှိမှာပါ။ နိုင်ငံရေးပါတီတခုအနေနဲ့ ဘာမှ လုပ်ဆောင်လို့မရအောင်လည်း စစ်တပ်က ရိုက်ချိုးထားတာကို ဆရာကြီးတွေက ထည့်မ ရေးတာကတော့ မသိလို့ ထည့်မရေးတာလား တမင်မရေးကြတာလား ဆိုတာ စာဖတ်သူတွေပဲ စဉ်းစားကြည့်ပါ။

ဒီချုပ်နဲ့ပတ်သက်ရင် ထိပ်ပိုင်း အလယ်ပိုင်း အောက်ခြေပိုင်း အကုန်လုံး ဟာ နှိပ်ကွပ်ခံနေရပါတယ်။ သတင်းတွေမှာတော့ ထိပ်ပိုင်းနဲ့ အလယ်ပိုင်းကလူ လောက်သာ အဖမ်းဆီးခံရ၊ ထောင်ချခံရ ဆိုတာတွေလောက်ပဲ ရေးနိုင်ကြတာပါ။ အောက်ပိုင်းက ပါတီဝင်တွေ ဖြစ်ရင် လူမသိ သူမသိ ပါပဲ။ နမူနာတခုအနေနဲ့ မေးခွန်းတခု ကို ကိုယ့်ကိုယ်ကို မေးကြည့်ပါတယ်။ မြန်မာပြည်မှာရှိစဉ်က ဒီချုပ်ကို ဘယ်လိုဆက်သွယ်၊ ဆက်နွယ်ဘူးလဲ ဆိုတာပါပဲ။

အဖြေကတော့ နိုး... ဘာကြောင့်လဲဆိုတော့ ထိမှာကြောက် လို့ လို့ ရပါတယ်။ စာဖတ်သူများလည်း ကျွန်တော့်လိုပဲ အဲဒီမေးခွန်းကို ဖြေကြည့်ပါ။ နိုး..လို့ ဖြေသူ ဘယ်နှယောက် ရက်စ်လို့ဖြေနိုင်သူ ဘယ်နှယောက်ထွက်လာမယ်၊ ဒီချုပ်ကို လှုပ်ရှားမရအောင် ဘယ်သူတွေက ဘယ်လို ချုပ်ထားတယ်ဆိုတာ အဖြေထွက်လာပါမယ်။ ဒေါ်စုနဲ့ပတ်သက်ရင်လည်း သူတို့ပြောပုံဆိုပုံက တော်တော်လေး ပညာပါတာကို တွေ့ရပါ တယ်။ ပထမဆုံးဒေါ်စုကို စောင်းမြောင်းတိုက်ခိုက်တာတွေ မလုပ်သေးဘူး။ ဒေါ်စုတော် တယ် ကောင်းတယ်ဆိုတာလောက်နဲ့ပဲ အစပျိုးလာပါတယ်။

တဖြေးဖြေးနဲ့မှ ကွန်မန့်တွေက တဆင့် ပို့စ်တွေအထိ တိုက်ခိုက်လာပါတယ်။ အခုနောက်ဆုံး ဒေါ်စုဟာ လူထုခေါင်းဆောင် လုပ်ပြီး ဒါလေးတောင်မှ မသိဘူးလား ဘာလားနဲ့ရေးလာပါတယ်။ သူပြောချင်တာက နအဖကလွှတ်ပေးခါနီးမှာ ယက်တောကို လက်ခံလို့ မလွတ်တော့ဘူး၊ ဒါလေးတောင် မစဉ်း စားတတ်ဘူးလားပေါ့ဗျာ။

အဲဒီထက် ဆိုးတာက မြန်မာ့နိုင်ငံရေးဟာ ဒေါ်စုရှုပ်နေလို့ မတိုး တက်တာ၊ အခုဒေါ်စုကိစ္စက သာမည တိုင်းပြည်က အဓိက ဆိုပြီးလုပ်လာပါတယ်။ ကွန်မန့်တွေမှာလဲ ဒေါ်စုဆန်ရှင်ချလို့ တိုင်းပြည်ဆင်းရဲတာတို့၊ ဒေါ်စုက တိုင်းပြည်အကျိုး ဘာတွေလုပ်ပေးဖူးလဲနဲ့ ၀ိုင်းအူကြတဲ့အပြင် သူ့အဖေကဂျပန်တွေခေါ်လာလို့ တိုင်းပြည်နာ ခဲ့ရပြီးပြီး၊ အခုသူက အမေရိကန်ခေါ်ဖို့လုပ်နေတယ်လို့ အင်မတန်အောက်တန်းကျတဲ့ စကားတွေနဲ့ တိုက်ခိုက်လာပါတယ်။

ပြည်သူတွေလွတ်မြောက်ဖို့ လှုပ်ရှားဆောင်ရွက်နေကြတဲ့ လူပုဂ္ဂိုလ်အသီးသီးထဲမှာ စစ်အာဏာရူးတွေအကြောက်ဆုံး နံပါတ်(၁)ကတော့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်စုကိုဖြိုဖို့နည်းလမ်းအမျိုးမျိုးနဲ့ နှစ်ရှည်လများကြိုးစားနေတာပါ။ ဒီပဲယင်းမှာ အပြတ်ရှင်းဖို့မအောင်မြင်တော့ အကျယ်ချုပ်နဲ့ ဘာမှလှုပ်ရှားလို့မရအောင် ထိန်းထားပါတယ်။ အဲဒီကာလမှာ သူတို့အာဏာတည်မြဲဖို့အတွက် တက်သုတ်ရိုက်ပြီး ရွေး ကောက်ပွဲလုပ်ဖို့နဲ့ စစ်တပ်အသွင်ပြောင်းရုပ်သေးအစိုးရပေါ်ပေါက်ဖို့ အသည်းအသန် လုံး ပန်းနေပါတယ်။

ဒီအချိန်မှာ ဒေါ်စုကိုလွှတ်လိုက်ရင် သူတို့လိမ်ထားတဲ့၉၂%ကြီး ဘူးပေါ် လာမယ့်အပြင် ဟန်ဆောင်ရွေးကောက်ပွဲဟာလည်း ပျက်စီးသွားပါလိမ့်မယ်။ ဒါကြောင့် ယက်တော မယက်တော ဘာဖြစ်ဖြစ် ဒေါ်စုကို လွှတ်မှာမဟုတ်ပါဘူး။ အဆုံးစွန် မတတ် သာလို့လွှတ်လိုက်ရရင်တောင် ဘာမှမလုပ်နိုင်ခင်မှာ အကြောင်းတခုခုပြပြီး အမြန်ဆုံး ထပ်ဖမ်းဦးမှာပါ။

ကိုမင်းကိုနိုင်တို့လို ခေါင်းဆောင်မျိုးတောင် လုပ်ခဲ့သေးတာပဲ။ ဒေါ်စုလို ခေါင်းဆောင်ကို သူတို့ ဘယ်လိုသတ္တိမျိုးနဲ့လွှတ်ပေးရဲမလဲဆိုတာ ကျွန်တော်တောသား ကတောင်စဉ်းစားတတ်ပါတယ်။ တကယ်က မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုရှိနေလို့သာ အဆိုးဆုံးအခြေအနေမဖြစ်သွားတာပါ။ ဒေါ်စုသာမရှိရင် အမြင်ကွဲပြားနေတဲ့အုပ်စုတွေ ပြေပြေလည်လည်ဖြစ်လာဖို့ ညိနှိုင်းဆွေး နွေးဖို့ဆိုတာ ဘယ်သူမှဦးဆောင်နိုင်မှာမဟုတ်ပါဘူး။

တိုင်းရင်းသားတွေအပါအ၀င် အုပ်စု ကွဲတွေက တညီတညွတ်တည်း လေးစားနေကြတာ ဒေါ်စုကလွဲရင် ဘယ်သူမှလည်း အခု မျက်မှောက်ခေတ်မှာ မရှိသေးပါဘူး။ ဒါကြောင့် နအဖရော သူ့ရဲ့သံတူကြောင်းကွဲ ငကြောင်တွေကပါ မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုကိုမရှိစေချင်တာပါ။ ဒါမှလည်း ကျန်တဲ့သူတွေ ကို ခြောက်တန်ခြောက် မြှောက်တန်မြှောက်ပြီး သူတို့စိတ်ကြိုက်လုပ်လို့ရမှာလေ။ တခြား မကြည့်ပါနဲ့ အခုပြည်ပမှာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အဖွဲ့တွေပုဂ္ဂိုလ်တွေပဲကြည့်ပါ။ သူတို့အားလုံး မျက်နှာစုံညီ ဆွေးနွေးဖို့ ဘယ်သူကဦးဆောင်စုစည်းနိုင်ပါသလဲ။

ဖြစ်နိုင် မယ်လို့ထင်ပါသလားခင်ဗျာ။ တကယ်လို့ ဒေါ်စုကသာ အထက်ပါအဖွဲ့တွေကို မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးဖို့ စုစည်းမယ်ဆိုရင် ငြင်းဆန်ကြမယ်လို့ထင်ပါသလား။ ဒါဟာ လက်ရှိ အခြေအနေမှာ ဒေါ်စုရဲ့အရေးပါမှု တစိတ်တပိုင်းမျှသာ ရှိပါသေးတယ်။ တခြား ကျွန်တော် မစဉ်းစားမိတဲ့ ဥာဏ်မမီတဲ့ အကြောင်းအရာတွေ အများကြီးရှိနေဦးမှာပါ။

စီးပွါးရေးပိတ်ဆို့တယ်ဆိုတာက နအဖနဲ့ ငကြောင်တွေကတော့ ခဏခဏ ခလုတ်လာလာ တိုက်ပါတယ်။ ဒေါ်စုက စီးပွါးရေးပိတ်ဆို့ခိုင်းလို့ပဲ အနောက်အုပ်စုက လိုက်လုပ်သလိုလို စီးပွါးရေးပိတ်ဆို့လို့ပဲ မြန်မာပြည်သူတွေဆင်းရဲနေရသလိုလို အမြဲတမ်းပြောတတ်ပါတယ်။ ရိုးရိုးလေးတွေးကြည့်မယ်ဆိုရင် မြန်မာပြည်မှာ လယ်ယာစိုက်ပျိုးနေသူတွေ၊ ၀န်ထမ်းတွေ စားဝတ်နေရေး မပြေလည်တာ အဲဒီစီးပွါးရေးပိတ်ဆို့မှုကြောင့်မပြေလည်ကြတာလား စီမံ ခန့်ခွဲမှုညံ့လို့မပြေလည်ကြတာလားဆိုတာ ရှင်းရှင်းလေးပါ။

မြန်မာပြည်ကဆန်စပါးနဲ့ အခြားသီးနှံတွေဟာ အနောက်နိုင်ငံတွေကို တင်ပို့ရတာမဟုတ်ပါဘူး။ မြန်မာပြည်က ၀န်ထမ်းတွေရဲ့လစာငွေတွေ ဒေါ်လာငါးဆယ်အောက်ရနေတာဟာ စီးပွါးရေးပိတ်ဆို့လို့ မဟုတ်ပါဘူးဗျာ။ တကယ်က စီးပွါးရေးပိတ်ဆို့ထားတယ်သာပြောနေတာပါ အမေရိကန် ရေနံကုမ္ပဏီနဲ့ ပြင်သစ်ရေနံကုမ္ပဏီတို့ အခုထိမြန်မာပြည်မှာရှိနေပါသေးတယ်။

ထို့အတူပဲ အာဆီယံနဲ့ဂျပန်တွေက စီးပွါးရေးပိတ်ဆို့မှုမှာမပါဝင်ကြပါဘူး။ အဲဒီနိုင်ငံက မြန်မာပြည်မှာ စက်ရုံတွေလာမဖွင့်ကြတာဟာ ဒေါ်စုကြောင့်လား၊ ဘာမှတိကျခိုင်မာမှုမရှိ တဲ့ စစ်အာဏာရူးတွေကိုမယုံလို့လား စဉ်းစားကြည့်ပါ။ ထို့အတူပဲ အနောက်အုပ်စုက စီးပွါး ရေးပိတ်ဆို့တာဟာ စစ်အုပ်စုကတိုင်းသူပြည်သားကိုဖိနှိပ်ရက်စက်လို့လားဒေါ်စုပြောလို့ လိုက်လုပ်တာလား ရှင်းပါတယ်။

ဒေါ်စုသာအနောက်အုပ်စုကို စေလိုရာစေခိုင်းနိုင်ရင် စစ် အုပ်စုပြေးရတာကြာပါပြီ။ တိုင်းသူပြည်သားတွေဆင်းရဲရခြင်းရဲ့အကြောင်းအရင်းဟာ စီးပွါးရေးပိတ်ဆို့လို့ ကျားကျားမီးယပ်အော်နေမဲ့အစား ကိုယ့်အဘတွေ အသုံးမကျလို့ စီမံ ခန့်ခွဲမှုညံ့ဖျင်းလို့ အမှန်အတိုင်းဝန်ခံရဲတဲ့သတ္တိမွေးသင့်ပါတယ်။ ဒေါ်စုက တိုင်းပြည် အတွက် ဘာတွေလုပ်ပေးဖူးသလဲဆိုတာထက် မောင်သန်းရွှေတို့စစ်အုပ်စုက တိုင်းပြည် ကောင်းကျိုးဘာတွေလုပ်ပေးဖူးသလဲဆိုတာကို အရင်ဆုံးပြောကြပါလို့ ငကြောင်များကို ပြောချင်ပါတယ်။ စာလဲတော်တော်ရှည်သွားပါပြီ။

ငကြောင်တွေရဲ့အတွေးအခေါ်နဲ့လမ်းစဉ်တွေအကြောင်းကို နောက်တပုဒ်မှာ အပြီးသတ်ရေးပါမယ်။ စာဖတ်သူမိတ်ဆွေများ.. မင်္ဂလာပါခင်ဗျာ။

ဆက်ဖတ်ရန်ကျန်သေးသည်...

ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၁

ဒီမှာကိုယ့်ဆရာ ခင်ဗျားတို့တွေ ချဲသမားကိုမြင်ဖူးကြလိမ့်မယ်။ သို့မဟုတ် ပြောရဆိုရကတ် သတ်တဲ့ ဘုန်းကြီးတစ္ဆေလိုလူမျိုးတွေကို ကြုံဖူးကြလိမ့်မယ်။

ချဲသမားဆိုတာတွေက တွက် နည်းနဲ့ပဲဖြစ်ဖြစ် ဘိုးတော်နတ်ကတော်တွေအထာပေးတာတွေပဲဖြစ်ဖြစ် ချဲထွက်ပြီးပြီဆို တာနဲ့ လူသူလေးပါးဆုံတဲ့နေရာမှာ အာပေါင်အာရင်းသန်သန်နဲ့ “ငါပြောသားပဲ ဒီအပတ်မှာ ဒီလိုဖြစ်ရမှာ.... ချိုင်းကဒီလိုပြထားတာ.....ဌာပနာမှာက ဒီလိုဂွင်ဆင်နဲ့..........ပေါင်းခြင်း ကဘယ်နှပွင့်........”အစရှိသဖြင့် မစားရ ၀ခမန်းပြောတတ်ကြသလို “ဘိုးတော်က လက် သီးဆုပ်ပြတာ သုံညပဲကွ၊ မင်းတို့က ငါးလို့ကောက်လို့လွဲသွားတာ.... ဆေးလိပ်ဖွါပြတာ ကလဲ အထာပဲ....” အဲဒီလိုမျိုးပြောနေပြီး ဆရာကြီးစတိုင်ဖမ်းနေတတ်ကြတယ်။

သူတို့ ကိုယ်တိုင်ကတော့ ချဲပေါက်ဖို့မပြောနဲ့ ချဲထိုးဖို့တောင် ငွေရှိကြတာမဟုတ်ဘူးဗျ။ ဆရာကြီး စတိုင်နဲ့ ကျွမ်းကျင်သူလိုလို ဘာလိုလိုပေါ့လေ။ အဲ... ထွက်မယ့်ချဲဂဏန်းအကွက်ကို မတွက်ပြနိုင်ပေမဲ့ အရင်အပတ်က ထွက်ပြီးသားဂဏန်းတွေဆိုရင်တော့ အပတ်စဉ်လိုက် ပေါင်းပြ နှုတ်ပြနဲ့ တွက်လိုက် ကွက်တိကျနေအောင် လုပ်ပြတတ်တယ်။

အဲဒါကိုယုံပြီး အောမိတဲ့သူကတော့ ခံပေရော့ပဲ။ဟုတ်ကဲ့ နောက်တမျိုးကတော့ ဘုန်းကြီးတစ္ဆေဆိုတဲ့ လူစားမျိုးတွေပေါ့ဗျာ။ ဒီလူမျိုးတွေက ချဲသမားတွေလို သိပ်ပြီးပေါတောတောမဆန်ဘူး။ အများအားဖြင့် သူတို့ဟာ အသိဥာဏ် တွေ ရှိတတ်ကြတယ်။ သို့သော်ငြားလည်း ငါသာလျှင်သိ ငါသာလျှင်တတ် ငါ့လောက်နား မလည်ကြဘူး အစရှိသဖြင့် အတ္တဘ၀င်ရူးနေကြသူတွေဖြစ်တယ်။

ဒါကြောင့်လည်း သိထား မှတ်သားထားဖူးတာလေးတွေကို အခြေခံပြီး အငြင်းသန်နေကြသူတွေပေါ့။ သူတို့လို ဟာ မျိုးတွေဟာ အကိုးအကားတွေ အချက်အလက်တွေကို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ် စေ လူတွေအထင်ကြီးအောင်တော့ အမြဲကိုးကားတတ်ပါတယ်။ ဒါကြောင့် ရုတ်တရက်ဆို သူတို့ရဲ့ စကားတွေကပဲ ဟုတ်နေသလိုလို ထင်ရအောင် လုပ်တတ်ကြပါတယ်။

သူတို့နဲ့ အမြင်မတူလို့စကားပြောမယ်ဆိုရင် ပြောတဲ့လူကို အကိုးအကားတွေနဲ့ မျက်စိလည်အောင် လုပ်ပြီး ရောချတတ်ကြတာ သူတို့ရဲ့လမ်းစဉ်ပါပဲ။ကျွန်တော်တို့ နိုင်ငံရေးအကြောင်းရေးနေတဲ့ ဘလော့တွေထဲမှာ အဲဒီချဲသမားလို ဘုန်းကြီး တစ္ဆေလို ဟာမျိုးတွေရှိတယ်ဗျ။ သူတို့ကိုယ်သူတို့ သမာသမတ်ကျတဲ့လူတွေ၊ လက်တွေ့ ကျကျတွေးတတ်တဲ့လူတွေ ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့လူတွေ အစရှိသဖြင့် သူတော်ကောင်းယောင်ဆောင်နေကြတယ်။

တကယ့်အနှစ်သာရကတော့ အကြံတုံး ဥာဏ် တုံးတွေဆိုတာ တဖြေးဖြေးပေါ်လွင်လာတဲ့လူတွေပေါ့ဗျာ။ သူတို့မှာတိကျတဲ့လမ်းစဉ် မရှိဘူး၊ စွန့်စားရဲတဲ့သတ္တိတွေမရှိဘူး၊ အဲဒီတော့ စစ်တပ်အလိုကျ လမ်းပြမြေပုံကိုပဲ ဦးထိပ် ရွက်ကိုးကွယ်နေကြတယ်။ အဲဒီဟာကပဲဟုတ်သလိုလို၊ ပြည်သူတွေကပဲ အခြေခံဥပဒေကို ထောက်ခံအတည်ပြုသလိုလို ယောင်ဝါးပြောနေကြတယ်။

စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကသာ မြန်မာ့နိုင်ငံရေးအတွက် အကောင်းဆုံးအဖြေ၊ ထွက်ပေါက်ဖြစ်တယ်လို့ တင်စားနေတယ်။ တကယ်တော့ အဲဒီလူတွေဟာ ဆရာကြီးနေရာ ကလည်းနေချင်တယ်၊ ထိုက်တန်တဲ့ပေးဆပ်မှုမျိုးလည်းမလုပ်ချင်တဲ့ အချောင်သမားတွေ ပါပဲ။ သို့သော်လည်း လူတိုင်းမှာ လွတ်လပ်စွာတွေးခေါ်ဆုံးဖြတ်ပိုင်ခွင့်ရှိတာဆိုတော့ ကျွန်တော့်အနေနဲ့ ဘာမှမပြောလိုပါဘူး။ မပြောလိုပေမဲ့ ပြောစရာဖြစ်လာတဲ့ အကြောင်း တွေ တွေ့လာတော့လည်း ပြောရပါဦးမယ်။

အထက်ကဆိုခဲ့ပြီးသလို နိုင်ငံရေးချဲသမားတွေ က ဒီချုပ်နဲ့ပတ်သက်လာရင် ဘယ်တုန်းက ဘယ်လိုအကွက်နဲ့ ဘယ်လိုလုပ်ရမှာ အခုတော့ တွေ့ပြီမဟုတ်လား ဦးဆောင်ပါတီလုပ်နေပြီး ဒါလေးတောင်မသိဘူး.... အစရှိ သဖြင့်တမျိုး၊ တကယ်ဆို ဘယ်တုန်းကတည်းက ဘယ်လိုပွဲသိမ်းလုပ်ရမှာ အသုံးကိုမကျ ဘူး ပြည်သူတွေဆီက ထောက်ခံမဲတွေယူပြီး အလကားပဲ ဘာမှအဖြစ်မရှိဘူး....... စသည်ဖြင့် ဝေဖန်လေကန်လာကြတာတွေ့ရပါတယ်။

အခုနောက်ပိုင်း ဒေါ်စုကိစ္စမှာလည်း တကယ်က ရက်ပိုင်းအတွင်းမှာ ဒေါ်စုဟာလွတ်ရက် စေ့နေပြီ ယက်တောကိုလက်မခံထားသင့်ဘူး အခုပြဿနာတက်ပြီမဟုတ်လား လူထုခေါင်းဆောင်လုပ်ပြီး ဒါလေးတောင်မှနားမလည်ဘူးလား... ဆိုပြီး ဝေဖန်သလိုလို နဲ့ နှိပ်ကွပ်လာပါတယ်။ အဲဒါအပြင် ဒေါ်စုဟာ တိုင်းပြည်အတွက် ဘာတွေများ လောက်လောက်လားလား စွမ်းဆောင်ပေးဖူးလို့လဲ သူကဘာအစွမ်းအစရှိလို့လဲ..နဲ့ ပြော လာတဲ့အပြင် ဒေါ်စုက ဆန်ရှင်ချလို့ တိုင်းပြည်ဆင်းရဲရသလိုလို ဘာလိုလိုနဲ့ ရောချလာပါ တယ်။

အခုနောက်ဆုံး ဒေါ်စုကိစ္စရှုပ်နေလို့ တိုင်းပြည်ရဲ့နိုင်ငံရေးဟာ တိုးတက်သင့်သ လောက်မတိုးတက်လာသလိုလို... ရွေးကောက်ပွဲတော့ နှောင့်နှေးပါပြီ၊ ပုဂ္ဂိုလ်ရေးက တိုင်းပြည်ရေးထက်ရှေ့တန်းရောက်နေပြီ ဒုက္ခပါပဲ.... အစရှိသဖြင့် တိုင်းပြည်ချစ်လွန်းလို့ ရင်လေးရတဲ့ပုံစံတွေအထာတွေနဲ့ လုပ်လာပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လူ့အသိုင်းအ၀ိုင်းမှာမဆို ကောင်းတဲ့ဘက်မှာပဲဖြစ်ဖြစ် ဆိုးတဲ့ဘက် မှာပဲဖြစ်ဖြစ် ထွန်းထွန်းပေါက်ပေါက် ခေါင်းဆောင်နိုင်တဲ့လူတွေဟာ ၁၅ရာခိုင်နှုန်းလောက် စီပဲရှိကြပါတယ်။

ကျန်တဲ့၇၀%ကတော့ ကောင်းတဲ့ဘက်လိုလို ဆိုးတဲ့ဘက်လိုလိုနဲ့ ရေရာ တိကျမှုမရှိတတ်ကြပါဘူး။ အဲဒီတော့ ကောင်းတဲ့ဘက်ကပဲဖြစ်ဖြစ် ဆိုးတဲ့ဘက်ကပဲဖြစ်ဖြစ် သူ့ဘက်အင်အားများအောင် ခုနက ၇၀% ကိုစည်းရုံးဆွဲဆောင်ကြရပါတယ်။ ဒီသဘော အတိုင်းပဲ စစ်တပ်ဘက်ကလူတွေက သူတို့ဘက်ပါအောင် စည်းရုံးနေပါတယ်။

စစ်တပ် ကောင်းကြောင်းတွေနဲ့တည့်တိုးကြီးစည်းရုံးလို့မရဘူး မဖြစ်နိုင်ဘူးဆိုတာ သိနေကြတော့ တဖက်လှည့်နဲ့ စစ်တပ်မကောင်းတာကို ဖေါ့ထားပြီး ဒီချုပ်ကဘယ်လို ဒေါ်စုကဘယ်လိုနဲ့တိုက်ခိုက်နေကြတာပါပဲ။ စစ်တပ်မကောင်းပေမဲ့လည်း အနီးကပ်ပေါင်းပြီး စည်းရုံးပြုပြင် သွားရင် ကိုယ်ဖြစ်စေချင်သလို ကောင်းလာနိုင်သလိုလို ၀ါဒဖြန့်နေကြပါတယ်။

ကျွန်တော့်အနေနဲ့ အဲဒါတွေနဲ့ပတ်သက်ပြီးရေးရပြောရမယ်ဆို သိပ်ပြီးတော့မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ အဲဒီဘုန်းကြီးတစ္ဆေတွေလို ဥပဒေအချက်အလက် တွေ အကိုးအကားတွေနဲ့ မပြောတတ် မပြောနိုင်လို့ပါပဲ။ သူတို့က ၀ါဒဖြန့်ဖို့အရေး လူအင် အားတွေအများကြီးနဲ့ အချိန်တွေအများကြီး အကုန်ခံနိုင်ကြပါတယ်။

ဒါပေမဲ့ အမည်းရောင် ကို အလင်းဖြတ်သန်းမှုသီအိုရီ အရောင်ဘာသာဗေဒ စိတ်ပညာသီအိုရီအချက်အလက် စတဲ့ စာအုပ်ကြီးတွေကိုးကားပြီး အမည်းရောင်ဟာ အဖြူပါပဲလို့ ဘယ်လိုပဲပြောပြော ကျွန်တော်တို့အတွက်တော့ အမည်းဟာ အမည်းပါပဲ၊ အမည်းကို အမည်းလို့မြင်ဖို့အတွက် ဘာသီအိုရီ ကျမ်းစာအထောက်အထားမှ မလိုပါဘူး။

ဘ၀ပေးအသိအမြင်အရကို အမည်းလို့မြင်နေပြီးသားပါ။ အဖြူကိုလည်းထို့အတူ အဖြူလို့မြင်ပြီးသားပါ။ ရိုးရိုးသာမန်ပြည်သူထဲကလူတဦး အထူးသဖြင့် လူများစုဖြစ်တဲ့ အခြေခံလူတန်းစားထဲက လူတဦးဖြစ်တဲ့ ကျွန်တော့်ရဲ့အမြင်တွေကို နောက်တပိုင်းမှာ ထပ်မံတင်ပြသွားပါမယ်။ 

ဆက်ဖတ်ရန်ကျန်သေးသည်...

နဲနဲပြောမယ်

မြန်မာနိုင်ငံရဲ့အခြေအနေကတော့ ထုံးစံအတိုင်း စစ်အာဏာရှင်တို့ရေးဆွဲထားသလိုပဲဖြစ် နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရတော့မယ့်အချိန်မှာ အကြောင်း တခုခုပြပြီး ဆက်ထိန်းထားပါဦးမယ်။

သူတို့အနေနဲ့ ကြောက်ရွံ့ရတဲ့သူတွေထဲမှာ နံပါတ်၁ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အယောင်ဆောင်ရွေးကောက်ပွဲလုပ်မယ့်ကာလမှာ လွှတ်ထားပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အနှစ်နှစ်အလလ လိမ်လည်ထားသမျှ ပျက်စီးသွားမှာကို သူတို့ကြောက်ပါတယ်။ အခြားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့ ကို နှစ်ရှည်ထောင်ဒဏ်ချထားပြီး လမ်းရှင်းထားပြီဖြစ်ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို အလားတူပဲ ထပ်မံချုပ်နှောင်ထားဦးမှာဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ သူတို့ဦးတည်ချက်ကို ဘယ်သူတွေဘာပြောပြော ဂရုမစိုက်ပဲ လုပ်ဆောင်ခဲ့တဲ့ထုံးစံအတိုင်း အကောင်ထည်ဖေါ်သွားမှာ မလွဲဧကန်ပါပဲ။ တိုင်းပြည် လွတ်မြောက်ရေး နဲ့ပတ်သက်လို့ ကျွန်တော်ရဲ့အမြင်ကိုပြောရရင် အခုချိန်မှာ လူထုအုံကြွမှု ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူထုကနိုင်ငံရေးကို စိတ်မ၀င်စားလို့ဆိုတာထက် အကြောင်းမဲ့မစွန့်စားချင်တာက အဓိကဖြစ်ပါတယ်။

ဒါကလည်း သဘာဝကျပါတယ်။ တစုံ တခုဖြစ်လာရင် အရင်ဆုံးနှိပ်ကွပ်တာကို သူတို့ပဲခံရတာပါ။ အသတ်ခံရမယ်၊ ထောင်ချတာ ခံရမယ်၊ နှိပ်စက်မှုတွေခံရမယ်၊ စီးပွါးရေးကိုဖျက်စီးတာခံရမယ် စသည်ဖြင့် အမြဲတမ်းပဲခံ နေရတဲ့ ခံဖက်ကချည်းဆိုတော့ ဘယ်သူမဆို ဘာမှမပိုင်ပဲနဲ့ ဘာမှမလုပ်ချင်ကြတာပါပဲ။ တကယ်လို့သာ စစ်တပ်ဖက်ကဖြစ်စေ၊ ကြံ့ဖွတ်စွမ်းအားရှင်ဖက်ကဖြစ်စေ အလားတူ အထိခိုက်တွေရှိတယ်ဆိုရင် သူတို့မှာ အားတက်လာစရာရှိနိုင်ပါတယ်။

အခုတော့ ကိုယ့် ဖက်ကချည်းပဲ အမြဲတမ်းခံဖက်ကချည်းဖြစ်နေတဲ့အပြင် ဘယ်သူကမှ ဘာမှအားပေးတာ တွေ၊ ထောက်ပံ့တာတွေမရှိတော့ နဂိုကမှယဲ့ယဲ့ကလေးတွေက စိတ်ပျက်လာတာ၊ လမ်း ပျောက်သလိုဖြစ်လာတာ မဆန်းပါဘူး။ နောက်တခုကလည်း အကြောင်းကိစ္စတခု ပေါ်လာ မှ တပွဲတိုး ထထလုပ်နေသလိုဖြစ်နေတာပါပဲ။ ကြိုတင်ပြင်ဆင် တာဝန်ယူလုပ်ဆောင်ခဲ့ တာ မရှိခဲ့လေတော့ ရန်သူက အလွယ်တကူပဲ နှိမ်နင်းဖြိုခွဲတာခံနေကြရပါတယ်။ခက်တာက နိုင်ငံရေးကိစ္စကို အပျော်တမ်းသဘောမျိုးလုပ်နေတာတွေ ဖြစ်နေကြပါတယ်။

ကြေညာချက်ထုတ်လိုက်၊ သံရုံးရှေ့မှာသွားအော်လိုက်၊ တောင်းဆိုချက်ထုတ်လိုက်နဲ့ အရေးမပါ အရာမရောက်တာတွေပဲ လုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်။ စစ်အာဏာ ရှင်တွေက ဘယ်နှစ် ဘယ်လ ဘယ်ရက်မှာ ဘာတွေကိုလုပ်မယ် စသည်ဖြင့် တိတိကျကျ ရှိပါတယ်။ ကိုယ့်ဖက်မှာက ဘာမှတိတိကျကျပလန်မျိုးမရှိပဲနဲ့ ကြုံရာကျပန်း ပေါ်ပင်လိုက် နေကြတော့ ဘာမှမဖြစ်လာတာ အံ့သြစရာမဟုတ်ပါဘူး။ အဲဒီအပြင် နိုင်ငံရေးကိုစိတ်ပါ တဲ့မျိုးဆက်အသစ်လေးတွေကို စိတ်ပျက်အားလျော့အောင် လုပ်ပြနေသလိုလည်း ဖြစ်နေပါတယ်။

အဖွဲ့တွေသာ မရေတွက်နိုင်အောင်များနေပြီး တိကျတဲ့လုပ်ဆောင်ချက်က လောက် လောက်လားလား မည်မည်ရရမရှိတာတွေကို အမြန်ဆုံးပြုပြင်သင့်နေပါပြီ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဒီလိုနဲ့ပဲ အမှောင်ထဲမှာ လမ်းပျောက်နေကြရဦးမှာပါ။ အထူးသဖြင့် ဘာပဲ လုပ်လုပ် ဇယားချပြီး ဖြစ်မြောက်အောင် လုပ်ရမှာဖြစ်ပါတယ်။ အဓိကလိုအပ်တဲ့ ရန်ပုံငွေ ကို ဘယ်လိုရှာမလဲ(ကိုယ့်အားကိုယ်ကိုးစနစ်မျိုး) ဘယ်သူတွေက ဘယ်အပိုင်းကို တာဝန် ယူမလဲ အစရှိသဖြင့် လုပ်ဆောင်ကြဖို့ အထူးပဲအရေးကြီးပါတယ်။ ယူအန်တွေ အီးယူတွေ ကို ထည့်တွက်စရာကိုမလိုပါဘူး။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမှာပါ။ အဲလိုမှမဟုတ်ရင် စစ်တပ်ချေလို့ တိုင်းပြည်ကျေပါတော့မယ်။ အစကတော့ ကျွန်တော်မရေးဘူးလို့ ရည်ရွယ်ထားပေမဲ့မနေနိုင်လို့ရေးမိပြောမိပါတယ်။ ကျွန်တော်တို့တွေမှာ သင့်တင့်တဲ့ဝင်ငွေတွေရှိတယ်၊ ထိုက်သင့်တဲ့ အတတ်ပညာတွေရှိ တယ် ကိုယ့်နိုင်ငံကိုလည်း လွတ်မြောက်စေချင်တဲ့စိတ်တွေရှိတယ်။ ဘာဆက်လုပ်ကြမလဲ ဆိုတာ ကိုယ်စီကိုယ်စီ စဉ်းစားဆုံးဖြတ်လုပ်ဆောင်ကြဖို့ အရေးကြီးနေပါပြီလို့ပဲ တင်ပြဆွေး နွေးလိုက်ပါတယ်ခင်ဗျာ။

ဆက်ဖတ်ရန်ကျန်သေးသည်...

လက်ဆောင်

ကျွန်တော် မြန်မာပြည် ကပြန်ရောက်လာတော့ အတွေ့အကြုံတွေကို ရေးမယ်လို့ စဉ်းစား ထားပါတယ်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ရေးချင်စိတ် ပျောက်နေခဲ့ပါတယ်။

သို့ပေမဲ့လည်း မြန်မာပြည်ကိုရောက်တုန်းက နားထောင်ဖြစ်ခဲ့တဲ့ မိုးကုတ်နယ်လှည့်ဓမ္မကထိက ဆရာတော်ဥူးသုမင်္ဂလရဲ့ စကားတခွန်းကို မျှဝေပေးချင်ပါ တယ်ခင်ဗျာ။ တချို့မိတ်ဆွေများလည်း သိပြီးဖြစ်ပါလိမ့်မယ်။

မသိတာထက်မသိချင်တာကပိုခက်၏မသိချင်တာထက်သိနေယောင်ဆောင်နေတာက ပိုပိုခက်၏တဲ့ခင်ဗျ။ တိုပေမဲ့ တော်တော်ထိတဲ့စကားလုံးတွေဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်တော့ တော်တော်လေးကိုကြိုက်နှစ်သက်မိပါတယ်။ အစားကောင်းစားရတဲ့အခါ ချစ်ခင်သူများကို သတိရတယ်ဆိုသလို ကျွန်တော်လည်း စကားကောင်းကြားခဲ့ရလို့ ကျွန်တော်ချစ်တဲ့ မိတ်ဆွေများကို ဝေငှလိုက်ပါတယ်။ မင်္ဂလာပါခင်ဗျား....

ဆက်ဖတ်ရန်ကျန်သေးသည်...

အထူး.......

လွန်ခဲ့တဲ့ ၂လပိုင်းကစပြီး ကျွန်တော်ဘလော့ရေးတာ ရပ်နားခဲ့ပါတယ်။ အဓိကအကြောင်း ကတော့ မလုပ်မဖြစ်လုပ်ရမယ့် ကိစ္စတချို့ကိုလုပ်ရမှာရယ်၊ ခြောက်နှစ်ကျော်ခွဲခွါခဲ့တဲ့ မိဘနဲ့မိသားစုတွေရှိရာ မွေးရပ်မြေကို ပြန်ဖို့အကြောင်းပေါ်လာတာရယ်ကြောင့်ပဲဖြစ်ပါ ပါတယ်။

နောက်တခုက ရင်ထဲမှာ အစာမကျေဖြစ်နေရတာတွေများများလာတာလည်း တကြောင်းပေါ့ခင်ဗျာ။ ကျွန်တော်ဘလော့စရေးဖြစ်တာ ၂.၃.၂၀၀၈ ကဆိုတော့ အခုဆိုရင် ၁နှစ်ကျော်ကြာခဲ့ပါပြီ။ အခြားသော ဘလော်ဂါညီအကိုများလိုပဲ နှစ်ပတ်လည် အမှတ်တရ ရေးချင်ပေမဲ့ ရေးဖို့အခွင့်မသာခဲ့လို့ မရေးခဲ့ရတာကြောင့် အခုမှပဲ ရေးဖြစ်ပါတော့တယ်။

နှစ်ပတ်လည်အမှတ်တရရေးခဲ့ကြတဲ့ ပို့စ်တွေဖတ်ခဲ့ရဖူးပါတယ်။ တနှစ်တာအတွင်းဖြတ် သန်းလာတဲ့အတွေ့အကြုံတွေ၊ ခင်မင်ရင်းနှီးမှုတွေ၊ ရေးခဲ့တဲ့ပို့စ်အမျိုးအစားတွေ အစရှိသ ဖြင့် ဝေေ၀ဆာဆာနဲ့ တကယ့်ကို အမှတ်တရဖြစ်အောင်လည်း ရေးခဲ့ကြတာ ကြည်နူးစွာ ဖတ်ခဲ့ရပါတယ်။

ကျွန်တော်ကတော့ အဲဒီလိုစနစ်တကျနဲ့ ရေးသားနိုင်စွမ်းမရှိပါဘူးခင်ဗျာ။ သို့သော်လည်း မဖြစ်မနေရေးရမှာကတော့ ကျေးဇူးစကားပါ။ ရှေးဦးစွာ ကျွန်တော့်ကို ဘလော့ဖွင့်ပေးခဲ့တဲ့ သူငယ်ချင်းနဲ့ ပြင်ဆင်ပေးခဲ့တဲ့သူငယ်ချင်းကို အထူးကျေးဇူးတင်ရှိပါ ကြောင်းပြောချင်ပါတယ်။ ပို့စ်ကိုဘယ်လိုတင်ရတယ်ဆိုတာကိုလည်း သူတို့နှစ်ဦးကပဲ ကျွန်တော်လူပြိန်းကို နားလည်အောင် ကြိုးစားသင်ပေးခဲ့ပါတယ်။

ဘလော့ရေးပြီးတဲ့နောက်ပိုင်းမှာလည်း စာဖတ်ပရိတ်သတ်တွေ သိလာအောင်မိတ်ဆက် ပေးခဲ့တဲ့ ကိုမောင်ဒိုင်း၊ ကိုလျှာရှည်တို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အဲဒီ နောက် ဘလော့အညွှန်းမှာထည့်သွင်းပေးတဲ့ ကိုသင်ကာ၊ ကိုကျော်ထင်တို့ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ ထို့အတူ လင့်ခ်ချိတ်ပြီးညွှန်းပေးခဲ့တဲ့ ဘလော်ဂါညီအကိုမောင်နှမများ ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

တဦးချင်းနာမည်တွေကို မဖေါ်ပြနိုင်တာကို လည်း ခွင့်လွှတ်ကြဖို့ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ လင့်ခ်ချိတ်ပေးထားတာတွေ ကို ရှာမတတ်လို့ပါခင်ဗျာ။ နားလည်တဲ့သူငယ်ချင်းတွေကလည်း အနားမှာမရှိတာကြောင့် မှတ်မိသလောက်ရေးမယ်ဆိုရင် နာမည်တွေကျန်ခဲ့တာတွေဖြစ်လာမှာစိုးလို့ ခြုံပြီးတော့ပဲ ကျေးဇူးစကားဆိုလိုက်ရပါတယ်။

ကျွန်တော်ကိုယ်တိုင်ကလည်း ပြန်ပြီးတော့ လင့်ခ်ချိတ်ချင်ပေမဲ့ ပို့စ်တင်ရုံကလွဲပြီး ဘာမှမ လုပ်တတ်တာကြောင့် အခုလိုပဲဖြစ်နေရတာပါခင်ဗျာ။ ပို့စ်တွေမှာ ကွန်မန့်ပေးတာတောင် တော်တော်လေးကြာမှလုပ်တတ်တဲ့ ကျွန်တော်ငထူကို ခွင့်လွှတ်နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

နောက်ထပ်ကျေးဇူးတင်ရမယ့် မိတ်ဆွေတွေကတော့ တခုတ်တရ လာရောက်ဖတ်ရှုအားပေးကြတဲ့ ညီအကိုမောင်နှမများပဲဖြစ်ပါတယ်။ အခုလိုလာရောက် ဖတ်ရှုအားပေးခဲ့လို့လည်း ကျွန်တော်ဘလော့ထဲမှာရှင်သန်ခွင့်ရနေတာဖြစ်တာကြောင့် အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ အထူးသဖြင့် ကျွန်တော့်ရဲ့ ကဘောက်တိကဘောက် ချာ စာအရေးအသားကို သည်းညည်းခံပြီး လာရောက်ဖတ်ရှုပေးခဲ့ကြတာ ကျွန်တော်ကြည် နူးစွာနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အဲဒီအပြင် ကွန်မန့်တွေ စီဘောက်တွေမှာ နှုတ်ဆက် အားပေးခဲ့ကြတာကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မိတ်ဆွေများရဲ့နှုတ်ဆက် စကား၊ မှတ်ချက်စကားတွေဖတ်ရတိုင်းလည်း အားရကျေနပ်မှုတွေဖြစ်ခဲ့ရပါတယ်ခင်ဗျာ။ ကျွန်တော့်အတွက် ဘလော့ဆိုတာ လောကအသစ်မှာ မိတ်ဆွေအသစ်တွေနဲ့ ရင်းနှီးခွင့် ရနေတယ်လို့ အမြဲတမ်းယုံကြည်ခံစားခဲ့ရပါတယ်။

အတွေးအမြင်သစ်တွေ ခံစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘလော့လောကထဲမှာ ရပ်တည်ခွင့်ပေးခဲ့တဲ့ မိတ်ဆွေများကို အထူးပဲကျေး ဇူးတင်ပါကြောင်းနဲ့ မိတ်ဆွေများရဲ့တကူးတကအချိန်ပေးကြတာနဲ့ လျော်ညီအောင် ကြိုးစားအားထုတ်သွားပါမယ်လို့ ပြောကြားပါရစေခင်ဗျာ။ မင်္ဂလာပါခင်ဗျား................

ဆက်ဖတ်ရန်ကျန်သေးသည်...

ဝေးးးးရာ

မိတ်ဆွေများခင်ဗျာ... ပြီးခဲ့တဲ့အပတ်ကရေးထားသလိုပဲ အမုန်းရောဂါရနေတဲ့အတွက် ကျွန်တော် စာရေးတာတွေခဏနားပါမယ်ခင်ဗျာ။ ကိုယ့်ကိုယ်ကိုလည်း ဆေးကုရင်းပေါ့။ လာရောက်နှုတ်ဆက် ဝေဖန်အားပေးခဲ့ကြတဲ့ ရှိစုမဲ့စု စာဖတ်သူမိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပစ်ထားတဲ့လုပ်စရာကိစ္စလေးတွေလည်းလုပ်ရင်းနဲ့ ပြန်လည်အားမွေးလိုက်ပါဦးမယ်ခင်ဗျာ။ တခါက ကလူသစ်လုပ်ခဲ့သလိုပဲ ခေတ္တထွက်စို့ လို့ ပဲမိတ်ဆွေများကိုနှုတ်ဆက်ပါရစေခင်ဗျာ....... မင်္ဂလာပါ။

ဆက်ဖတ်ရန်ကျန်သေးသည်...

ရောဂါ

မောင်ကျည်ပွေ့စာမရေးဖြစ်တာ တော်တော်ကြာသွားပြီဗျာ။ ဘလော့မိတ်ဆွေတွေကလည်း စာရေးဖို့အတွက် တကူးတက လာလာသတိပေးနေကြတယ်။ တခုတ်တရလာသတိပေး တာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်စာမရေးဖြစ်တာက နှစ်ပေါင်းများစွာ စွဲကပ်လာ တဲ့ရောဂါတခုကအခုမှလာပြီး ထ နေလို့ပါဗျာ။ ဘာရောဂါလည်းဆိုတော့ ရောဂါကနဲနဲဆန်း တယ်။ လူတော်တော်များများမှာ မဖြစ်တတ်တဲ့ ပုံမှန်မဟုတ်ဘူးလို့လည်းပြောနိုင်တဲ့ ရောဂါ တမျိုးပါ။ ကိုယ့်ဟာကိုယ်တော့ ဒီရောဂါကို အမုန်းရောဂါလို့ နာမည်တပ်ထားမိပါတယ်။

 

ဒီရောဂါ စ တာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကပါပဲ။ မောင်ကျည်ပွေ့ ထိုင်းနိုင် ငံထဲကို တောင်ကျော်အလုပ်သမားအဖြစ် စ၀င်လာတုန်းက ကိုယ့်လိုပဲ ဘ၀တူတွေ အ များကြီးတွေ့ရတယ်။ အဲဒီမှာ စ စဉ်းစားမိတာက ငါတို့နိုင်ငံသားတွေ ဘာကြောင့်သူများ နိုင်ငံထဲကို အနှိမ်ခံပြီး ဒီလောက်တောင်ခိုးဝင်နေရတာလဲပေါ့။ အရင်းစစ်တော့အမြစ်မြေဆို သလိုပဲ ကိုယ့်နိုင်ငံကမကောင်းလို့ဆိုတာ ဘွင်းဘွင်းကြီးမြင်လာရတယ်။ အဓိကတရားခံက တော့ ဘိုနေ၀င်းကအစ သန်းရွှေအထိအုပ်စိုးလာတဲ့ စစ်တပ်ကြောင့်လို့မြင်လာတယ်ဗျာ။ တကယ်က မောင်ကျည်ပွေ့ဟာ စစ်တပ်ကိုသိပ်အထင်ကြီးပြီး လေးစားအားကျခဲ့တာပါ။ ဆယ်ကျော်သက်ဘ၀ကတည်းက စစ်သား စစ်ဗိုလ်သိပ်ဖြစ်ချင်ခဲ့တာ။ ၀င်ဖို့လည်းကြိုးစား ခဲ့ပါသေးတယ်ဗျာ။ အမိမြေမှသားကောင်းများတို့ တင်သန်းဦးဝတ္ထုတို့နဲ့ကြီးပြင်းလာခဲ့ရတာ ဆိုတော့လေ။ ပါပီမတို့ အဖေနဲ့သားများတို့ကလည်း ဆွဲဆောင်ခဲ့သေးသကိုးဗျ။ အဲဒီလို အထင်ကြီးခဲ့ လေးစားခဲ့ရတာလေးတွေဟာ ထိုင်းကိုရောက်ပြီးမကြာပါဘူး လက်တွေ့ဘ၀ က သင်ပေးလိုက်တာနဲ့ နေလာနှင်းပျောက်သလိုဖြစ်သွားတော့တာပါပဲ။

 

အဲဒီက စ ပြီး စစ်တပ်ကိုမုန်းတဲ့ရောဂါက စ လာတာပါပဲဗျာ။ ကိုယ်နဲ့သိကျွမ်းခဲ့ရတဲ့သူတွေ အထူးသဖြင့်တိုင်းရင်းသားတွေက စကားစမိတာနဲ့ ၀ိုင်းပြောကြတာပဲဗျ။ သူတို့စိတ်နာမယ် ဆိုလည်း နာစရာပဲလေ၊ တကယ်တော့သူတို့လည်း အိုးပစ်အိမ်ပစ်နဲ့ ဘယ်လာချင်မှာလဲ။ သူတို့မှာ ကိုယ်ပိုင်လယ်တွေ၊ယာတွေခြံတွေရှိကြတာ အေးအေးဆေးဆေးလုပ်ကိုင်စား ချင်ကြတာပါပဲ။ သို့သော်လည်း ခဏပေါ်တာ၊ တော်ကြာလုပ်အားပေး နောက်တမျိုးဘာ ကြေးညာကြေးတွေနဲ့ဆိုတော့ ကိုယ့်ရပ်ကိုယ့်ရွာကို စိတ်ကုန်လာပြီပေါ့။ နောက်ဆုံးသည်း ညည်းခံပြီးလုပ်၊ မ၀ရေစာစားပြီး ပိုက်ဆံစုတာတောင်မှ တနှစ်ပြီးလို့ဘာမှမကျန်ဆိုတော့ သူများနိုင်ငံထဲ မျက်နှာငယ်ရပေမဲ့လို့ ရွှေနဲ့ငွေနဲ့နေနိုင်တယ် လူနေမှုအဆင့်အတန်း မီးရေ မှန်တယ် ဆိုတာလေးနဲ့ပဲ လာမှိန်းနေရတာပါပဲ။ သို့သော်လည်း အမာရွတ်မြင်တိုင်း စိတ်နာ တဲ့ပုဏ္ဏားလိုပဲ ဗမာမြင်တိုင်းဘာမဆိုင်ညာမဆိုင်နဲ့ အပြောခံအမုန်းခံရတော့ စဉ်းစားသာ ကြည့်ပါတော့ကိုယ့်ဆရာတို့ရေ။ မောင်ကျည်ပွေ့က စစ်တပ်ကိုမုန်းတာဆန်းသလားဗျာ။

 

အဲဒီလိုနဲ့ပဲ စစ်တပ်မုန်းတဲ့ရောဂါက တဖြေးဖြေးရင့်လာတာပေါ့ဗျာ။ အဲဒီမှာ ကိုယ်နဲ့ရင်းနှီး တဲ့တိုင်းရင်းသားတွေကို ငါတို့တွေဟာဘ၀တူတွေပါကွာဆိုပြီး အကျိုးသင့်အကြောင်းသင့် ရှင်းပြရတာပေါ့လေ။ တော်တော်များများကတော့ သဘောပေါက်သွားကြပါတယ်၊ သို့သော် ဘယ်လိုမှပြောလို့မရတဲ့ သတ္တ၀ါတွေရှိသေးတယ်ဗျ။ သူတို့ကတော့ ရာဇ၀င်နဲ့ချီပြီးကို ဗမာ မုန်းတယ်ပေါ့၊ ဗမာဆိုလို့ကတော့ စစ်တပ်သောဘာသောမသိဘူး အကုန်လုံးသိမ်းကြုံး တော့တာပါပဲ။ သူတို့က သူတို့တိုင်းရင်းသားအဖွဲ့တွေမှာလည်း ပါဝင်ဖူးတယ်ပေါ့။ ခေါင်းဆောင် ငယ်အဆင့်လောက် ဘာလောက်တော့ဖြစ်ဖူးကြတယ်။ အဓိကခေါင်းဆောင်တွေအဆင့် လည်းမဟုတ်ဘူး။ အဲဒီကိုယ်တော်မြတ်တွေကတော့ ဗမာဆိုရင်အသေမုန်း၊ သူ့လူမျိုးကို လည်း သူတို့လောက်ချစ်တာသူတို့ပဲရှိတယ်ဆိုတဲ့ ဒီဇိုင်းမျိုးပေါ့ဗျာ။

 

ကိုယ့်လူမျိုးကိုအဲဒီလောက်ချစ်တာကွာ မင်းဘာတွေများကိုယ့်လူမျိုးကောင်းကျိုးအတွက် လုပ်ပေးဖူးခဲ့ပြီလဲလို့ သေချာမေးရင်တော့လား ဘာသာရေးလိုလို၊ ပညာရေးလိုလိုနဲ့ လိုလို တွေပဲများသွားတာပါပဲ။ အဲ..လက်ရှိမှာသူတို့အဓိကလုပ်နေကြတာကတော့ ငွေတိုးချ၊ပွဲစား၊ ကယ်ရီ အစရှိသဖြင့် ခပ်မြတ်မြတ်လေးရိတ်တဲ့အလုပ်တွေပဲဗျ။ တခြားနေရာမှာသာလူမျိုး ရေးတွေခွဲနေတာ အဲဒီသူတို့စီးပွါးရေးမှာတော့ ကိုယ့်ဆရာရေ ဘာလူမျိုးမှခွဲမနေဘူး။ အထူးသဖြင့် သူတို့သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုယ့်လူမျိုးအချင်းချင်းကို ရိတ်တာမှ တက်တက် စင်အောင်ကိုရိတ်တာဗျာ။ တချို့တွေများလူမျိုးချင်းတူတာအသာထားဗျာ တရွာတည်းသား ချင်းတောင်ချမ်းသာမပေးဘူး။ အဲ.. သူတို့လူမျိုးတွေရဲ့အထိမ်းအမှတ်ပွဲတွေဘာတွေလုပ် ရင်တော့ အဲဒီခုနကပြောတဲ့ဆရာသမားတွေက ရှေ့ဆုံးမှာနေရာယူပြီးအသံကောင်းဟစ် နေကြတာများဗျာ..။ ကိုယ့်ဆရာတို့ရေ မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါတိုးလာတာပါပဲဗျာ၊ မုန်းရမယ့်လူတွေကလည်းများလာတာကိုး။

 

ဒီလိုနဲ့ပဲမဖြစ်တော့ဘူဆိုပြီး ပြည်သူ့လွတ်လပ်ရေးကိုဆောင်ကျဉ်းပေးမယ့်အဖွဲ့တွေဘာတွေ နဲ့ဆက်သွယ်ဦးမှပဲ တတပ်တအားပါဝင်မယ်ပေါ့။ ဘုရားဘုရား.. လို့တောင် တ မိပါရဲ့ဗျာ။ များလိုက်တဲ့အဖွဲ့တွေ နာမည်တွေကိုလိုက်မှတ်ရတာကိုပဲ တော်တော်ခက်နေပြီ။ အဖွဲ့များ တော့ နည်းလမ်းမျိုးစုံနဲ့တိုက်ပွဲဝင်ရတာပေါ့လို့ ကိုယ့်ဆရာတို့ထင်ကောင်းထင်မယ်။ အောင်မယ်လေးကိုယ့်ဆရာရေ သူတို့အချင်းချင်းကို မတည့်ကြတာက ပိုဆိုးနေသေးဗျာ။ ဒါတောင် ဗမာအချင်းချင်းတွေပဲရှိသေးတာနော်။ တိုင်းရင်းသားအဖွဲ့တွေထည့်မတွက်ရ သေးဘူး။ မောင်ကျည်ပွေ့လိုပဲ လူတော်တော်များများက မြန်မာပြည်အပြင်ရောက်လာရင် အဲဒီ နိုင်ငံရေးဆရာသမားတွေနဲ့ တကွေ့မဟုတ်တကွေ့ ဆုံဖြစ်တတ်ကြပါတယ်ဗျာ။ တချို့ လည်းစိတ်ဝင်စားကြတယ်၊ အဆင်သင့်ရင်ပူးပေါင်းပါဝင်ချင်တဲ့ဆန္ဒ အနည်းနဲ့အများတော့ ရှိတတ်ကြတာပါပဲ။ သို့သော်လည်း စကတည်းက ယဉ်သကိုဆိုသလိုပဲဗျာ ကြာကြာမ၀ါးမိ ခင်မှာပဲ ခါးမှန်းသိကုန်ကြတော့ နောက်ဆုတ်ကြကုန်တာပါပဲ။

 

စည်းရုံးရေးစွမ်းရည်ထက်မြက်လွန်းလို့လေ။ အစက အဖွဲ့ဝင်တွေအများကြီးနဲ့ နောက်ကြာ လာတော့ တိုးတက်ရမဲ့အစား ဥက္ကဌကိုယ်တိုင်က တွဲဖက်အဖွဲ့ဝင်ဆိုပြီးလုပ်ရမယ့်ကိန်း ဆိုက်တော့တာပါပဲ။ အဖွဲ့ဝင်မှမရှိတော့တာကိုးဗျ၊ အာဏာရှင်ကိုမကြိုက်ပါဘူးဆိုမှ သူတို့ ချည်းငါတကောကောပြီး ရာသက်ပန်ဥက္ကဌလုပ်နေမှတော့ဗျာ သိပ်လည်းမပြောချင်တော့ ပါဘူးဗျာ။ ဒီကနေ့မှာ အားလုံးလည်းသိနေကြပါပြီလေ၊ အဲဒီတော့ကာ မောင်ကျည်ပွေ့ရဲ့ နဂိုကတည်းကရှိတဲ့အမုန်းရောဂါဟာ ပိုဆိုးလာတော့တာပါပဲ။ ဆိုး ဆိုမုန်းစရာလူတွေက လည်းတိုးလာမင့်ကိုးဗျ။

 

အဲဒီတော့အမုန်းရောဂါအပြင် စိတ်ပျက်တာလေးပါအဆစ်ရလာတော့တယ်။ ဟော ဗြုန်းဆို ရွှေဝါရောင်တော်လှန်ရေးဖြစ်လာတော့ ဒီတခါတော့ဟုတ်ပကွဲ့လို့ အားတက်လာပါလေရော လားဗျ။ ငါဒို့ကိုသံဃာတော်တွေကပဲ ကယ်တင်တော့မယ်ပေါ့။ ဒို့နိုင်ငံမှာတော့ သံဃာ တော်တွေက ဦးဆောင်ပြီး ညှိုညှိုနှိုင်းနှိုင်းနဲ့ သမိုင်းလည်းလှမယ့် အလှည့်ပြောင်းတော့ ပေါ် တော့မှာပဲဆိုပြီး ၀မ်းသာလို့မဆုံးခင်မှာပဲဗျာ လူမဆန်တဲ့ဖက်ဆစ်လိုကောင်မျိုးတွေကြောင့် မြန်မာ့သမိုင်းတောင်မက သာသနာ့သမိုင်းပါရိုင်းအောင်အလုပ်ခံခဲ့ရပါရောလား။ အဲဒါကို များ သူတို့ပဲမှန်သလိုလို သံဃာတော်တွေကပဲ မှားသလိုလိုနဲ့ ဘလော့တွေမှာရေးလာတဲ့ ဟာတွေဖတ်ရင်း အမုန်းရောဂါက တလိပ်လိပ်တိုးလာပါရောလားဗျ။ စီဘောက်တွေမှာ တမျိုး ကွန်မန့်တွေမှာတဖုံ ဘလော့ထောင်လို့တသွယ်နဲ့ သူတို့ပထွေးဘုန်းတော်ဘွဲ့တွေ ရေးကြတာများ ထောင်းလမောင်းထနေပါရောလား။

 

မောင်ကျည်ပွေ့တို့မုန်းတာများ တခါမှဒီလောက်မမုန်းဖူးဘူးလို့ဆိုရလောက်အောင်ပါပဲ။ သို့ သော် ဒီတခါတက်လာတဲ့အမုန်းရောဂါကိုဖြေဖို့ရာ ဆေးရသွားတယ်။ ဘာဆေးလဲဆိုတော့ ဘလော့ဆေးတော်ကြီးပေါ့ဗျာ။ ဘာရမလဲ မုန်းနေတာတွေကို ဘလော့ပေါ်မှာဖွင့်ထုတ်၊ တခြားဘလော်ဂါတွေ အထူးသဖြင့် ခံစားမှုခြင်း နီးစပ်တဲ့ဘလော်ဂါတွေရဲ့စာတွေဖတ်ပြီး ကိုယ့်ရောဂါကိုယ်ကုခဲ့ရတယ်။ သက်သာစပြုနေတဲ့အချိန်မှာတခါ နာဂစ်က၀င်ပြန်ရောဗျာ၊ ကိုယ့်ဆရာတို့သိတဲ့အတိုင်းပဲ ဘာနဲ့ခိုင်းနှိုင်းပြရမှန်းကိုမသိတော့ပါဘူးဗျ။ အဲဒါကိုတခါ ကာကွယ်တဲ့စာတွေရေးပြန်ရောဗျာ။ မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါက တိုးလာဆိုးလာ လိုက်တာ ဘလော့ဖြေဆေးတောင် သိပ်မနိုင်ချင်ဖြစ်သွားပါရဲ့ဗျာ။

 

နောက်ဆုံးတော့ ဘာမှဒီကောင်တွေကိုအဖက်လုပ်ပြီးရေးမနေတော့ဘူးဗျ။ ဒီကောင်တွေ က ဒဲ့ရေးရင်လည်း ရှောင်ထွက်သွားကြတာဆိုတော့။ ဒီလိုနဲ့ပဲ ကိုယ့်မှာရှိတဲ့အမုန်းရောဂါ ကို ဘလော့ဆေးတော်ကြီးနဲ့ပဲ ဖြေရင်းဖြေရင်းပေါ့ဗျာ။ သက်သာသလိုလိုရှိနေရာကနေ အခုနောက်ဆုံး မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါဟာ တခါမှမရောက်ဖူးတဲ့ အမြင့်ဆုံးအဆင့် ကိုရောက်လာပြီ။ အခုလိုမျိုးဘယ်သူ့ကိုမှ မမုန်းဖူးဘူးဗျ၊ အခုမုန်းနေတာမှ တကယ့်ကို ခါးခါးသီးသီးဖြစ်နေတာ။ သြော်..ဘယ်သူရှိရမလဲ ဒီကောင်မောင်ကျည်ပွေ့ မောင်ကျည်ပွေ့ ကိုပဲမုန်းနေတာလေဗျာ။ ကျွန်တော်အခု တခြားသူကိုမုန်းနေတာထက် ကိုယ့်ကိုယ်ကိုပဲ မုန်းနေတော့တယ်။ အရင်က တခြားသူကိုသာလိုက်ပြီး ဟိုလိုဒီလို အပြစ်ရှာနေတာ အခု တော့ သိပြီဗျာ။ တကယ်မုန်းစရာကောင်းတာ ကိုယ်ကိုယ်တိုင်ပဲဗျာ။

 

ဘာဖြစ်ရမှာလဲဗျာ.. သူများတွေကိုသာ ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ အပြစ်တွေလိုက် တင်နေတာ ကိုယ်ကိုယ်တိုင်က ဒီအသက်ဒီအရွယ်ထိ ဘာမှဖြစ်မြောက်အောင်မလုပ်ခဲ့ဖူး ဘူးဗျ။ ဘာသာရေးလိုလို၊ လူမှုရေးလိုလို နဲ့ ယောင်တောင်ပေါင်တောင်လုပ်နေတာလေ။ တကယ့်တကယ်ကြတော့ ကိုယ့်ဘ၀တိုးတက်ရေးအတွက် ကောင်းမယ်ထင်တဲ့အလုပ် လေးရှာလုပ်လိုက်၊ အထောက်အကူဖြစ်မယ်ထင်တဲ့ ပညာလေးပြေးသင်လိုက်နဲ့ ဒီကြားထဲ ကိုယ်ကိုယ်တိုင်မလုပ်နိုင်ပဲ သူများကိုအပြစ်တင်ချင်သေးတယ်လေ။ ကိုယ့်ဟာကိုယ် မစွန့် စားရဲတာကို ဟိုလူတွေကြောင့် ဒီလိုတွေကြောင့် စိတ်ပျက်လို့ပဲ မလုပ်တာလိုလို ဟန် ဆောင်ချင်သေးတယ်ဗျာ။

 

အဲဒါကြောင့်ပြောပါတယ် ဖြစ်ခဲ့ဘူးတဲ့အမုန်းရောဂါတွေထဲမှာ ဒီတခါမုန်းတဲ့ရောဂါ ကိုယ့်ကိုယ်ကိုမုန်းနေတဲ့ရောဂါဟာ အဆိုးဆုံးလို့။ ဘလော့ဆေးနဲ့လည်း မပျောက်နိုင်တော့ ဘူးဗျ။ ပျောက်ဖို့နေနေသာသာ သက်သာဖို့တောင် မဖြစ်နိုင်တော့ဘူးဗျာ။ တကယ်မုန်း တယ်ဗျာ။ ခါးခါးသီးသီးကိုမုန်းနေတယ်ဗျာ ဟောဒီမောင်ကျည်ပွေ့ဆိုတဲ့ကောင် အလကား ကောင် မုန်းစရာကောင်းလွန်းတဲ့အကောင် ကျွန်တော်မောင်ကျည်ပွေ့ဆိုတဲ့အကောင်ပါဗျာ။

ဆက်ဖတ်ရန်ကျန်သေးသည်...

တောင်းပန်ပါရစေ

ကျွန်တော်ဟာ ဘာကောင်မှမဟုတ်ပါဘူး။ သာမန် မြန်မာနိုင်ငံသားတစ်ယောက်ပါပဲ။ ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း တိုင်းပြည်နဲ့လူမျိုးကို ချစ်တတ်ပါတယ်။

မြန်မာနိုင်ငံသား တော်တော်များများလိုပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းတို့ ကို လေးစားကြည်ညိုပါတယ်။ ခုတလောကြားရမြင်ရတာတွေကြောင့် ရင့်ထဲမှာအောင့် အောင့်လာလို့ ဒီစာကိုရေးရတာပဲဖြစ်တယ်။

ကျွန်တော်အခုပြောချင်တာကဘလော့တွေမှာ လူပြောများနေတဲ့ ဟစ်ဟော့အကြောင်းနဲ့ တိုင်းရင်းသားတချို့ရေးတင်ထားတဲ့ စာတပုဒ် အကြောင်းပါပဲ။ အဓိက ကတောင်းပန်ချင်လို့ပါ၊ ဘယ်လိုတောင်းပန်ချင်လဲဆိုတော့ ခင်ဗျား တို့ယုံကြည်ယူဆထားတဲ့အကြောင်းတွေ၊ ပြောချင်တာတွေကို လွပ်လွပ်လပ်လပ်နဲ့ပြောကြ ပါဗျာ။

ကျွန်တော်တို့ခေါင်းဆောင်ကြီးတွေကို နှိုင်းယှဉ်ဆွဲထည့်ပြီး မလုပ်ကြပါနဲ့။ပထမဆုံး ဗိုလ်ချုပ်ရဲ့မိန့်ခွန်းနဲ့နှိုင်းယှဉ်ထားတဲ့ ဟစ်ဟော့ကိစ္စကို နဲနဲပြောချင်တယ်။ အဲဒီ လိုနှိုင်းယှဉ်ပြီးရေးတဲ့သူတွေကိုယ်တိုင်လည်း ကျွန်တော်လိုပဲ ဗိုလ်ချုပ်ကိုလေးစားကြည်ညို တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒါပေမဲ့ ခင်ဗျားတို့ကိုးကားတာ နေရာလွဲနေတယ်လို့ ကျွန်တော်ခံစားရတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း ဗိုလ်ချုပ်ဟာ သူ့ဘ၀တလျှောက်လုံး နိုင်ငံ နဲ့လူမျိုးအတွက် ပေးဆပ်ခဲ့တယ်။ အခုအငြင်းပွါးနေတဲ့လူငယ်တွေရဲ့အသက်အရွယ်မှာကို ပဲ အဲဒီလူငယ်တွေဘ၀မှာရနိုင်တဲ့ ပျော်ရွှင်မှုတွေဘေးချိတ်လို့ နိုင်ငံနဲ့လူမျိုးအရေးအတွက် သူ့အနာဂတ်ကို စတေးခဲ့ပါတယ်။ နောင်လာနောက်သားတွေအတွက် အတူယူစရာတွေ စံထားစရာတွေလည်း အများကြီးလုပ်ပြခဲ့ပါတယ်။ သူလိုနိုင်ငံ့ခေါင်းဆောင်မျိုး လွယ်လွယ် နဲ့မပေါ်နိုင်ပါဘူးဗျာ။

အဲဒါကို ဘာမဟုတ်တဲ့အကြောင်းအရာမှာ ဘာမဟုတ်တဲ့ လူတွေနဲ့ နှိုင်းရေးတာဖတ်လိုက်ရတော့ ကျွန်တော့်ရင်ထဲမှာတော်တော်အောင့်သွားပါတယ်။ရေးတဲ့လူတွေကိုယ်တိုင်ကလည်း ရုတ်တရက်အမှတ်မထင် ရေးမိတယ်လို့ပဲ နားလည်ပေး ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့လည်း ကျွန်တော့်လိုပဲ ဗိုလ်ချုပ်ကို လေးစား ကြည်ညိုပြီးသားလို့ ယုံကြည်ထားလို့ပါပဲ။

ဒါကြောင့်မို့လို့ နောက်ကို ဘာမဟုတ်တဲ့အ ကြောင်းအရာတွေမှာ ဘာမဟုတ်တဲ့လူတွေနဲ့ ဗိုလ်ချုပ်ကို မနှိုင်းပါနဲ့လို့ တောင်းပန်ပါတယ်။ ဗိုလ်ချုပ်ဟာအနှိုင်းမဲ့လူသားမဟုတ်ပေမဲ့ တော်ရုံတန်ရုံလောက်နဲ့တော့ မနှိုင်းကောင်းဘူး၊ မနှိုင်းအပ်ဘူးလို့တော့ ရိုးသားစွာယုံကြည်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့ဗိုလ်ချုပ်ကို မပြောပလောက်တဲ့လူတွေနဲ့ ထပ်တူနှိုင်းတာမျိုး မလုပ်ဖို့ ထပ်ပြီးတောင်းပန်ပါတယ်။နောက်ထပ်တောင်းပန်ချင်သေးတဲ့လူတွေရှိပါသေးတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကို ရေးသားထားတဲ့အကြောင်းလေးပါ။ ကျွန်တော်ဘလော့တွေလည်ရင်းနဲ့ တိုင်းရင်းသား တွေရေးတဲ့ စာမျက်နှာတခုကို ရောက်သွားပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် တိုင်းရင်းသား တွေရဲ့သဘောထားတွေ လုပ်ဆောင်ချက်တွေကလည်း အင်မတန်အရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ကျွန်တော်လည်းအလျှင်းသင့်သလို လေ့လာခဲ့ပါတယ်။ တချို့ နေရာတွေမှာ အမြင်ချင်းဆန့်ကျင်နေပေမဲ့ ဒီနေ့ဒီအချိန်မှာ မပြောသင့်သေးဘူး၊ မပြောအပ် သေးဘူးလို့ ယူဆထားတာကြောင့် တခါတလေရင်နာစရာတွေနဲ့ကြုံရင်တောင်မှ မျိုသိပ် ထားခဲ့ပါတယ်။ အဓိကကတော့ ဒီနေ့ဒီအချိန်မှာ အင်မတန်အရေးတကြီးလိုအပ်နေတဲ့ စည်းလုံညီညွတ်မှု ကို အလေးထားလို့ပါပဲ။

စစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့ဆိုရင် စည်းလုံးညီညွတ်မှု ပူးပေါင်း ဆောင်ရွက်မှုတွေမရှိဘဲနဲ့ မဖြစ်မြောက် မအောင်မြင်နိုင်ဘူးလို့ယုံကြည်ထားလို့ပါပဲ။ တော် ရုံတန်ရုံကိစ္စတွေလောက်ဆို ဘာမှမပြောချင်ပေမဲ့ အခု ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပုတ်ခတ်ထားတဲ့ဟာက စည်းလုံးမှုကိုထိခိုက်နိုင်တာကြောင့် တောင်းပန်တဲ့အနေနဲ့ ရေးရ တာပါ။

အဲဒီဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပုတ်ခတ်ရေးလိုက်ရင် ခင်ဗျားတို့အတွက် ဘာတွေအကျိုးထူးသွားမှာလဲဗျာ၊ နောက်ပြီးအဲဒီအကြောင်းအရာဟာ အမှန်တကယ်ပဲလား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်လည်း သေချာမသိဘူး။ အထောက်အထားလည်းမရှိဘူး၊ ခင်ဗျားတို့ကိုယ်တိုင်လည်း တခြားတိုင်းရင်းသားဝဘ်ဆိုဒ်မှာတွေ့လို့ ကူးလာတာလို့ပဲဆို ထားတော့ ဒီအခြေအမြစ်မရှိတဲ့ဟာက ဘာတွေများအကျိုးပြုသွားလို့ ခင်ဗျားတို့ရေးတင် ထားတာလဲဗျာ။

အဲဒီလိုတင်ထားရင် ဖြစ်လာနိုင်တာက စစ်ကျွန်ဘ၀ရောက်နေတဲ့လူတွေအချင်းချင်း မုန်း တီးမှုတွေများလာမယ်၊ ညီညွတ်မှုတွေပြိုကွဲမယ်၊ စစ်တပ်ကတော့ပြုံးပြုံးကြီးကြည့်နေမယ်၊ ဒါတွေပဲဖြစ်လာတော့မှာပေါ့ဗျာ။ ခင်ဗျားတို့ ကျွန်တော်တို့လိုချင်နေတဲ့ လွတ်လပ်ခွင့်တွေ တန်းတူညီမျှခွင့်တွေရဖို့ ဘယ်လိုနည်းလမ်းတွေရှာကြံပြီးလုပ်ကြမယ်၊ ပူးပေါင်းဆောင်ကြ မယ်ဆိုတာတွေရေးရင် ပိုမကောင်းဘူးလားဗျာ။

တကယ်တော့ တိုင်းရင်းသားတွေထဲမှာ လည်း စစ်ကျွန်ဘ၀ရောက်နေတဲ့သူအချင်းချင်း ကိုယ်ချင်းစာပေးတဲ့၊ အမြင်ကျယ်တဲ့လူ တွေအများကြီးရှိပါတယ်။ အစွန်းရောက်တဲ့လူဆိုတာ တိုင်းရင်းသားမှမဟုတ်ဘူး ဗမာတွေ ထဲမှာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ဒီချိန်မှာကတော့ ညီညွတ်မှုတွေလိုနေတာ အားလုံးအသိပဲမဟုတ်လား။ အဲဒါကြောင့် ကျွန်တော်တောင်းပန်ချင်တာကတော့ ဘုံရန်သူကိုချေမှုန်းဖို့ပဲ အာရုံစိုက်ကြ ပါ၊ လုပ်ဆောင်ကြပါဗျာ။

ရန်သူအားပေးဖြစ်မယ့် လုပ်ဆောင်ချက်တွေ ပြုမူချက်တွေကို အတတ်နိုင်ဆုံး ရှောင်ကြပါလို့ တောင်းပန်ချင်ပါတယ်။ အခုကျွန်တော်တို့ခင်ဗျားတို့ဟာ စစ်ကျွန်ဘ၀တောင်မက ကမ္ဘာ့ကျွန်ဘ၀အထိဖြစ်နေပြီ။ ဒါကြောင့် ဒီလိုဘုံကျွန်ဘ၀တွေ ကို နောင်လာမယ့်မျိုးဆက်ထိမရောက်အောင်ကိုပဲ ခင်ဗျားတို့ကျွန်တော်တို့ အာရုံစိုက်သင့် ပါတယ်။

ခုချိန်မှာ စစ်တပ်ကကောင်တွေက ကျွန်တော်တို့အချင်းချင်း သွေးကွဲအောင် အာရုံလွဲအောင် နည်းမျိုးစုံသုံးပြီး လိုက်ဖွနေချိန်မှာ ကျွန်တော်တို့တွေ အရင်ကထက်ပိုပြီး သတိထား အာရုံစိုက်သင့်ပါတယ်။ ဒီစာကိုရေးဖို့ ကျွန်တော်တော်တော်စဉ်းစားခဲ့ပါတယ်။ ပေါ့စေလိုလို့ ကြောင်ဆေးထိုးကာမှ ဆေးအတွက်ပိုလေးရတယ် ဆိုသလိုမဖြစ်စေချင်ပါဘူး။

ဒီစာကိုဖတ်ပြီးရင် တခြားဘာ အကြောင်းအရာကိုမှ အာရုံမထားပဲ ညီညီညွတ်ညွတ်နဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်ကြ မယ်ဆိုတာကိုပဲ အဓိကထားဖို့ တောင်းပန်ပါတယ်ခင်ဗျာ။ မှားတာပဲဖြစ်ဖြစ် မှန်တာပဲဖြစ် ဖြစ် အတိတ်သမိုင်းဆိုတာ သင်ခန်းစာယူရုံမျှသာလို့ပဲ ပြောပါရစေတော့ခင်ဗျာ။ ဟုတ်ကဲ့ .. ........................................................တောင်းပန်ပါတယ်။ 

ဆက်ဖတ်ရန်ကျန်သေးသည်...

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB