နာဂစ်မုန်တိုင်းတနှစ်ပြည့် အပြောင်းအလွဲ


နာဂစ်မုန်တိုင်းတနှစ်ပြည့် အပြောင်းအလွဲ

ချစ်သူငယ်ချင်းတို့ရေ

Photo by www.Myanmarphoto.com
နာဂစ်မုန်တိုင်း တိုက်ပြီးတဲ့နောက်

Photo By http;//kyawtheinkha.blogspot.com
နင်တို့ မလေးရှားကို ရောက်သွားတာ ငါကြားလိုက်တယ်


ဖူ့ တာမိုက် ဘလော့မှကူးယူဖေါ်ပြသည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

လှောင်ချိုင့်ထဲကတေး

သံလွင်ရေတွေလည်းမခမ်းသရွေ့ ကွယ်။

စက်တင်ဘာ ၇၊ ၂၀၀၉

သံလွင်ရေတွေလည်းမခမ်းသရွေ့ ကွယ်။

စစ်ပြေးဘဝများ
လုံးပါးကြုံဆုံ၊ လူ့ ဂုဏ်သိက္ခာ
ပြိုကာသုဉ်း၊ မုန်းစစ်ပွဲကြား
သနားညှာတွေး၊ မင့်ရင်သွေးရေးတွေ
ကျန်းမာရေး၊ ပညာရေး
အရေးတွေခမ်း၊ လမ်းတွေမဲ့
ကမ်းမဲ့ဗေဒါ၊ မရေရာမှူမျိုးနဲ့ 
ဖုန်းဆိုးထောင်းထ၊ ဘဝမောတွေ
ပျံသင်နေလေဆဲတလမ်းအကွေ့ မယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Prison

မြေနိမ့်ရာ လှံစိုက်ကြသူများ

ကျွန်တော် ရေးဖြစ်တဲ့ စာကို လူထုအသံအွန်လိုင်းဂျာနယ်ကို ပို့ဖြစ်ပါတယ်။ အယ်ဒီတာက စာအဆင်ချောအောင် ပြင်ဆင်တည်းဖြတ်ပြီး တင်ထားပေးတယ်။ အခု အဲဒါကိုပဲ ကော်ပီကူးပြီး တင်လိုက်ပါတယ်။ မိတ်ဆွေများဖတ်ရတာ အဆင်ပြေရင် အယ်ဒီတာတော်လို့ဖြစ်ပြီး ဖတ်ရတာ အဆင်မပြေရင် ကျွန်တော်ရေးတာ ထုံးစံအတိုင်း အချိုးသိပ်မပြေလို့ လို့ ခါတိုင်းလိုပဲ သည်းခံဖတ်ပေးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။
အကြောင်းအရာကတော့ ထုံးစံအတိုင်း အလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ တစိတ်တဒေသတခုပါ။

တည်ငြိမ်နေသော ရေပြင်ပေါ်သို့ ခဲလုံး သေးသေးလေးမျှပင် ကျရောက် စေကာမူ ထွက်ပေါ်လာသော လှိုင်းဂယက်သည် တဖြေးဖြေး ကြီးမား သွားသလိုပင်။

ဆက်ဖတ်ရန်ကျန်သေးသည်...

မပြောမဖြစ်

ဆောင်းပါး - မောင်ကျည်ပွေ့

ဘာလိုလိုနဲ့ ဘလော့မှာစာမရေးဖြစ်တာလဲ တော်တော်ကြာသွားပြီ။ ဒီကြားထဲမှာ စာရေး ဖြစ်ပေမဲ့ ဘလော့မှာ မတင်ဖြစ်ဘူး၊ စိတ်ထဲမှာရှိတာတွေချရေးချင်သော်ငြားလည်း အခြေ အနေအရ ရေးလို့မရတဲ့အကြောင်းတွေရှိနေပြန်တယ်။ ဘာပဲဖြစ်ဖြစ် ၂လတာ အတွေ့အကြုံတွေကနေ သင်ခန်းစာယူစရာတွေ အများကြီးရခဲ့တာ အမြတ်ပဲလို့ ခံယူလိုက် ပါတယ်။

ဒီကြားထဲမှာ ကျေးဇူးတင်ရမယ့် သူငယ်ချင်းကို ကျေးဇူးစကားလေးတောင် မဆို ဖြစ်ခဲ့ရဘူး။ သူငယ်ချင်းတယောက်ရဲ့ နာရေးကတဆင့် နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းတယောက်နဲ့ ပြန်ဆုံခဲ့ပါတယ်။ အရင်က ကြီးတော်နွားကျောင်းတဲ့အလုပ်ကို အတူတူလုပ်ခဲ့တဲ့ စိတ်တူကိုယ်တူသူငယ်ချင်း၊ သူနဲ့ကျွန်တော် ဘလော့ကို အပြန်အလှန် ဖတ်ဖူးနေကြပေမဲ့ မောင်ကျည်ပွေ့ဆိုတာ ကျွန်တော်မှန်း သူမသိသလို ကျွန်တော်ကလည်း သူ့ဘလော့ကိုဖတ်ပြီး သူမှန်းမသိခဲ့ဘူး။

ဆက်ဖတ်ရန်ကျန်သေးသည်...

ပြီးခဲ့သည်ပို့စ်တွင် မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံသို့ဝင်လာရခြင်းအကြောင်းကိုရေးခဲ့သည်။ ယခင်ကလည်း မုန်းတီးခြင်း၏သားကောင်အတွဲထဲတွင် အလုပ်သမားတို့ဝင်ရောက်လာ သည့်လမ်းကြောင်း၊ ကြုံတွေ့ခဲ့ရသည်များကို ကျွန်ုပ်ရေးခဲ့ဖူးသည်။

မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံထဲဝင်လာရခြင်းအကြောင်းအရင်းနှင့် ၀င်ရောက်လာပုံများသေချာကွဲပြားစွာ သိစေလို၍ဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ထိုသို့ပင် ဖြတ်သန်းလာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ် ၏အတွေ့အကြုံကိုအခြေခံပြီး လက်ရှိမြန်မာ့နိုင်ငံရေးထင်မြင်ယူဆချက်များကို ဆက်လက် တင်ပြသွားပါမည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

အကယ်၍

အကယ်၍

မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . .

ဆက်ဖတ်ရန်ကျန်သေးသည်...

Myanmar song, "Dancer" by Lwan Moe

မယ်လဒုက္ခသည်စခန်းတွင် ၀က်သက်ရောဂါဖြစ်ပွားမှု များပြားလာ

Submitted by Karen Information Center on September 5, 2009 – 4:20 amNo Comment
စက်တင်ဘာ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မြောက်ဘက် (၄၅)ကီလိုမီတာ အကွာအဝေးတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ၀က် သက်ရောဂါ ဖြစ်ပွားမှုနှုန်း ယခင်ကထက် ပိုမိုများပြားလာကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်းတနေရာ

ပြီးခဲ့သည့် ဇူလိုင်လပိုင်းက အဆိုပါ ၀က်သက်ရောဂါ စတင်ဖြစ်ပွားလျှက်ရှိရာ ယခု စက်တင်ဘာလထိတိုင် ကူးစက် ပြန့်ပွားနှုန်း လျှော့ကျမှု မရှိသေးကြောင်း မယ်လဒုက္ခသည်စခန်းမှ ဆေးရုံအုပ် စောနေစဲန်က ပြောသည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

သူ့အမြင်နဲ့ ကိုယ့်အမြင်

ပြီးခဲ့သည်ပို့စ်တွင် မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံသို့ဝင်လာရခြင်းအကြောင်းကိုရေးခဲ့သည်။ ယခင်ကလည်း မုန်းတီးခြင်း၏သားကောင်အတွဲထဲတွင် အလုပ်သမားတို့ဝင်ရောက်လာ သည့်လမ်းကြောင်း၊ ကြုံတွေ့ခဲ့ရသည်များကို ကျွန်ုပ်ရေးခဲ့ဖူးသည်။

မြန်မာနိုင်ငံသားတို့ ထိုင်းနိုင်ငံထဲဝင်လာရခြင်းအကြောင်းအရင်းနှင့် ၀င်ရောက်လာပုံများသေချာကွဲပြားစွာ သိစေလို၍ဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ထိုသို့ပင် ဖြတ်သန်းလာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ် ၏အတွေ့အကြုံကိုအခြေခံပြီး လက်ရှိမြန်မာ့နိုင်ငံရေးထင်မြင်ယူဆချက်များကို ဆက်လက် တင်ပြသွားပါမည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

နမူနာပဲရှိသေးတယ်

ဒီနေ့မနက်ပဲ အလုပ်သမားတွေအကြောင်း ရေးတင်လိုက်တာ အခုကျွန်တော့်သူငယ်ချင်းက သတင်းတစ်ပုဒ်ပေး လာပါတယ်။ ကျွန်တော်လဲ တခြားဆိုဒ်တွေမှာ လိုက်ကြည့်ကြည့်တော့ ဘယ်သူမှရေးထားတာမတွေ့တာနဲ့ သူယူလာပေးတာကို တင်လိုက်ပါပြီ။

အဖြစ်အပျက်ကတော့...မောင်ဖွန်လို့အမည်ရတဲ့ကလေးငယ်ကို ၄.၂.၂၀၀၆ နေ့မှာ မိခင် မမိုးမိုးက ဘန်ကောက်အ နီး စမွတ်ပရာကန်ခရိုင်ဆေးရုံမှာမွေးခဲ့ပါတယ်။ မမိုးမိုးဟာအလုပ်လုပ်ခွင့်လက်မှတ်(ဘတ်) ရှိတဲ့အလုပ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့သားကလေးကို ထိုင်းရဲတွေကဖမ်း သွားပြီး နိုင်ငံထဲခိုးဝင်တဲ့အမှုနဲ့ နယ်စပ်ကိုပြန်ပို့ဖို့လုပ်နေကြောင်းသိရပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

နိဒါန်း

မောင်ကျည်ပွေ့နေထိုင်ရာ မဟာချိုင်မည်သော ဘန်ကောက်အနီးရှိမြို့ကလေးတွင် မြန်မာ နိုင်ငံသား တောင်ကျော်အလုပ်သမားများ ၂-၃သိန်းခန့်ရှိသည်။ မြို့ကလေးကသေးငယ် သော်လည်း စက်ရုံအလုပ်ရုံပေါင်း ကြီးကြီးငယ်ငယ် ရှစ်ထောင်ခန့်ရှိ၍ အများအားဖြင့် ပင်လယ်အစားအစာစက်ရုံများဖြစ်ပြီး အခြားသော သံထည်စက်ရုံ၊ ပရိဘောဂစက်ရုံ၊ ဖိနပ်၊ အထည်ချုပ် စသောစက်မှုလက်မှုလုပ်ငန်းများလည်းရှိပေသည်။

မြေပုံပေါ်တွင် စမွတ်စာခွန် ခရိုင် ဟုခေါ်သောထိုမဟာချိုင်မြို့လေးမှ တစ်နှစ်လျှင်နိုင်ငံခြားထွက်ကုန်တန်ဖိုးဘတ်သန်း ပေါင်း သိန်းနှင့်ချီ၍ထုတ်လုပ်နေသည်။ ထိုထုတ်ကုန်အများစုမှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသား တောင်ကျော်အလုပ်သမားတို့၏ သွေးချွေးမှထွက်ပေါ်လာသည်ဟုဆိုလျှင်ရ၏။

ဆက်ဖတ်ရန်ကျန်သေးသည်...

အပူရှောင်ကြသူများ

မောင်ကျည်ပွေ့တယောက် ရေမြေခြားမှာကျင်လည်နေတာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ မကြာ ခဏ တခြားသူတွေက လာလာမေးတတ်ကြတဲ့မေးခွန်းတခုက “ဘယ်တော့မြန်မာပြည် ပြန်မလဲ”ဆိုတာပါပဲ။

ဒီအမေး မေးခံရတဲ့အခါတိုင်း ပြန်ဖြေဖြစ်တာ က “အဆင်ပြေတဲ့တနေ့နေ့ပေါ့” ။ “ဘယ်တော့အဆင်ပြေမှာလဲ”လို့ ဆက်မမေးကြတာကို ကျေးဇူးတင်မိပါရဲ့ဗျာ။ နို့မို့ဆို ဆက်ဖြေဖို့ရာ အဖြေမရှိတော့ပါဘူး။ ဘယ်တော့လောက်မှ မွေးရပ်မြေမှာ မိဘဆွေမျိုးတွေနဲ့ ငြိမ်းချမ်းလုံခြုံတဲ့ဘ၀ကို ရရှိမလဲဆိုတာေ၀၀ါးနေဆဲပါပဲ။

ဆက်ဖတ်ရန်ကျန်သေးသည်...

မြင်ကွင်းများ

ကျွန်ုပ်အမိမြန်မာပြည်သို့ပြန်သောအခါ ထိုင်းနိုင်ငံရောက်တောင်ကျော်အလုပ်သမားတို့ ထုံးစံအတိုင်း ကိစ္စအ၀၀ကို ပွဲစားထံဆက်သွယ်ပြီး ယင်း၏စီစဉ်ပေးမှုဖြင့် နယ်စပ်မဲဆောက် သို့ရောက်ရှိခဲ့သည်။

ထိုမှတဆင့်မွေးရပ်မြေသို့ ဆက်လက်ထွက်ခွါလာရာ လမ်းတလျှောက် တွင် ဂိတ်ကြီးဂိတ်ငယ်အသွယ်သွယ်ကို ခြသေ့င်္တထောင်တန်အားကိုးဖြင့် အခက်အခဲမရှိ ဖြတ်သန်းခဲ့ပေသည်။ ကားလမ်းတလျှောက် ၀ါးလုံးတန်းဖြင့် တားထားသော ၀ါးတားဂိတ် များစွာကိုတွေ့ရသည့်အခါ မဆီမဆိုင် အမေရိကန်သမ္မတတဦးကို သတိရမိသေးသည်။ ၀ါးတားဂိတ်အရေးကြောင့်ထိုသူပြုတ်သွားခဲ့သည်မဟုတ်လော။

ဆက်ဖတ်ရန်ကျန်သေးသည်...

ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၃

ရဲ့အနားစွန်းနှစ်ဖက်ဟာ ရှည်ရှည်ဆွဲလေ ပိုဝေးလေဖြစ်တယ်။ ဘယ်တော့မှပေါင်းဆုံ နိုင်မှာမဟုတ်ဘူး။ အဲဒါဟာ စစ်တပ်နဲ့ဒီမိုတွေဖြစ်နေတဲ့အခြေအနေပဲ။ ငါတို့က Y လိုမျိုး အဲ ဒီမပေါင်းဆုံတာကို ဆွဲယူပြီး လမ်းကြောင်းတခုတည်းဖြစ်အောင်လုပ်မယ်”အထက်ပါစကားစုဟာ ကျွန်တော်မြန်မာပြည်ပြန်သွားတုန်းက တတိယအုပ်စုလို့ ကိုယ့် ကိုယ်ကို ခံယူတဲ့ သူငယ်ချင်းတယောက်ရဲ့စကားဖြစ်ပါတယ်။

ကျွန်တော့်သူငယ်ချင်းနဲ့ နိုင် ငံရေးအကြောင်းကို သူ့အမြင်ကိုယ့်အမြင် တော်တော်လေးဖလှယ်ဖြစ်ခဲ့ပါတယ်။ အစပိုင်း မှာ သူကကျွန်တော့်ကို အစွန်းရောက်တဲ့ သဘောထားတင်းမာတဲ့လူလို့ထင်နေပါတယ်။ ပြောဆိုငြင်းခုန်ရင်းနဲ့ နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ သူမသိထားတဲ့ သူမသိ လိုက်ရတဲ့ အချက်အလက်တွေအများကြီးရှိနေသေးတယ်လို့ ၀န်ခံပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၂

မြန်မာပြည်ရဲ့နိုင်ငံရေးဟာ တခြားဘယ်နိုင်ငံနဲ့မှမတူပါဘူး။ အတိုက်အခံထဲမှာကို ကွဲပြား ခြားနားတဲ့အမြင်တွေနဲ့ အုပ်စုကွဲတွေအများကြီးရှိပါတယ်။ အဲဒီလိုကွဲနေတာက စစ်တပ်ဝါဒ ဖြန့်ဖြူးရေးအတွက် အခွင့်ကောင်းတခုပါ။

ဝါဒဖြန့်တဲ့နေရာမှာလည်း သူတို့ကိုယ်တိုင်ဝါဒ ဖြန့်သလို ဖါးတပိုင်းငါးတပိုင်းတွေကိုလည်း မြောက်ပေးပြီး ၀ါဒဖြန့်ခိုင်းပါတယ်။ သူတို့ဝါဒဖြန့်တာတွေက ဘယ်သူမှ စိတ်ဝင်စားမှုမရှိလို့ မအောင်မြင်ပေမဲ့ ဖါးတပိုင်း ငါးတပိုင်းတွေဝါဒဖြန့်တာကတော့ လူတွေကို ဟုတ်နိုးနိုးနဲ့ ထင်ယောင်မှား ဖြစ်စေနိုင်ပါ တယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

ချဲသမားနဲ့ဘုန်းကြီးတစ္ဆေများ ၁

ဒီမှာကိုယ့်ဆရာ ခင်ဗျားတို့တွေ ချဲသမားကိုမြင်ဖူးကြလိမ့်မယ်။ သို့မဟုတ် ပြောရဆိုရကတ် သတ်တဲ့ ဘုန်းကြီးတစ္ဆေလိုလူမျိုးတွေကို ကြုံဖူးကြလိမ့်မယ်။

ချဲသမားဆိုတာတွေက တွက် နည်းနဲ့ပဲဖြစ်ဖြစ် ဘိုးတော်နတ်ကတော်တွေအထာပေးတာတွေပဲဖြစ်ဖြစ် ချဲထွက်ပြီးပြီဆို တာနဲ့ လူသူလေးပါးဆုံတဲ့နေရာမှာ အာပေါင်အာရင်းသန်သန်နဲ့ “ငါပြောသားပဲ ဒီအပတ်မှာ ဒီလိုဖြစ်ရမှာ.... ချိုင်းကဒီလိုပြထားတာ.....ဌာပနာမှာက ဒီလိုဂွင်ဆင်နဲ့..........ပေါင်းခြင်း ကဘယ်နှပွင့်........”အစရှိသဖြင့် မစားရ ၀ခမန်းပြောတတ်ကြသလို “ဘိုးတော်က လက် သီးဆုပ်ပြတာ သုံညပဲကွ၊ မင်းတို့က ငါးလို့ကောက်လို့လွဲသွားတာ.... ဆေးလိပ်ဖွါပြတာ ကလဲ အထာပဲ....” အဲဒီလိုမျိုးပြောနေပြီး ဆရာကြီးစတိုင်ဖမ်းနေတတ်ကြတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

နဲနဲပြောမယ်

မြန်မာနိုင်ငံရဲ့အခြေအနေကတော့ ထုံးစံအတိုင်း စစ်အာဏာရှင်တို့ရေးဆွဲထားသလိုပဲဖြစ် နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရတော့မယ့်အချိန်မှာ အကြောင်း တခုခုပြပြီး ဆက်ထိန်းထားပါဦးမယ်။

သူတို့အနေနဲ့ ကြောက်ရွံ့ရတဲ့သူတွေထဲမှာ နံပါတ်၁ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အယောင်ဆောင်ရွေးကောက်ပွဲလုပ်မယ့်ကာလမှာ လွှတ်ထားပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အနှစ်နှစ်အလလ လိမ်လည်ထားသမျှ ပျက်စီးသွားမှာကို သူတို့ကြောက်ပါတယ်။ အခြားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့ ကို နှစ်ရှည်ထောင်ဒဏ်ချထားပြီး လမ်းရှင်းထားပြီဖြစ်ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို အလားတူပဲ ထပ်မံချုပ်နှောင်ထားဦးမှာဖြစ်ပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

လက်ဆောင်

ကျွန်တော် မြန်မာပြည် ကပြန်ရောက်လာတော့ အတွေ့အကြုံတွေကို ရေးမယ်လို့ စဉ်းစား ထားပါတယ်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ရေးချင်စိတ် ပျောက်နေခဲ့ပါတယ်။

သို့ပေမဲ့လည်း မြန်မာပြည်ကိုရောက်တုန်းက နားထောင်ဖြစ်ခဲ့တဲ့ မိုးကုတ်နယ်လှည့်ဓမ္မကထိက ဆရာတော်ဥူးသုမင်္ဂလရဲ့ စကားတခွန်းကို မျှဝေပေးချင်ပါ တယ်ခင်ဗျာ။ တချို့မိတ်ဆွေများလည်း သိပြီးဖြစ်ပါလိမ့်မယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

အထူး.......

လွန်ခဲ့တဲ့ ၂လပိုင်းကစပြီး ကျွန်တော်ဘလော့ရေးတာ ရပ်နားခဲ့ပါတယ်။ အဓိကအကြောင်း ကတော့ မလုပ်မဖြစ်လုပ်ရမယ့် ကိစ္စတချို့ကိုလုပ်ရမှာရယ်၊ ခြောက်နှစ်ကျော်ခွဲခွါခဲ့တဲ့ မိဘနဲ့မိသားစုတွေရှိရာ မွေးရပ်မြေကို ပြန်ဖို့အကြောင်းပေါ်လာတာရယ်ကြောင့်ပဲဖြစ်ပါ ပါတယ်။

နောက်တခုက ရင်ထဲမှာ အစာမကျေဖြစ်နေရတာတွေများများလာတာလည်း တကြောင်းပေါ့ခင်ဗျာ။ ကျွန်တော်ဘလော့စရေးဖြစ်တာ ၂.၃.၂၀၀၈ ကဆိုတော့ အခုဆိုရင် ၁နှစ်ကျော်ကြာခဲ့ပါပြီ။ အခြားသော ဘလော်ဂါညီအကိုများလိုပဲ နှစ်ပတ်လည် အမှတ်တရ ရေးချင်ပေမဲ့ ရေးဖို့အခွင့်မသာခဲ့လို့ မရေးခဲ့ရတာကြောင့် အခုမှပဲ ရေးဖြစ်ပါတော့တယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

ဝေးးးးရာ

မိတ်ဆွေများခင်ဗျာ... ပြီးခဲ့တဲ့အပတ်ကရေးထားသလိုပဲ အမုန်းရောဂါရနေတဲ့အတွက် ကျွန်တော် စာရေးတာတွေခဏနားပါမယ်ခင်ဗျာ။ ကိုယ့်ကိုယ်ကိုလည်း ဆေးကုရင်းပေါ့။ လာရောက်နှုတ်ဆက် ဝေဖန်အားပေးခဲ့ကြတဲ့ ရှိစုမဲ့စု စာဖတ်သူမိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပစ်ထားတဲ့လုပ်စရာကိစ္စလေးတွေလည်းလုပ်ရင်းနဲ့ ပြန်လည်အားမွေးလိုက်ပါဦးမယ်ခင်ဗျာ။ တခါက ကလူသစ်လုပ်ခဲ့သလိုပဲ ခေတ္တထွက်စို့ လို့ ပဲမိတ်ဆွေများကိုနှုတ်ဆက်ပါရစေခင်ဗျာ....... မင်္ဂလာပါ။

ရောဂါ

မောင်ကျည်ပွေ့စာမရေးဖြစ်တာ တော်တော်ကြာသွားပြီဗျာ။ ဘလော့မိတ်ဆွေတွေကလည်း စာရေးဖို့အတွက် တကူးတက လာလာသတိပေးနေကြတယ်။ တခုတ်တရလာသတိပေး တာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်စာမရေးဖြစ်တာက နှစ်ပေါင်းများစွာ စွဲကပ်လာ တဲ့ရောဂါတခုကအခုမှလာပြီး ထ နေလို့ပါဗျာ။ ဘာရောဂါလည်းဆိုတော့ ရောဂါကနဲနဲဆန်း တယ်။ လူတော်တော်များများမှာ မဖြစ်တတ်တဲ့ ပုံမှန်မဟုတ်ဘူးလို့လည်းပြောနိုင်တဲ့ ရောဂါ တမျိုးပါ။ ကိုယ့်ဟာကိုယ်တော့ ဒီရောဂါကို အမုန်းရောဂါလို့ နာမည်တပ်ထားမိပါတယ်။

 

ဒီရောဂါ စ တာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကပါပဲ။ မောင်ကျည်ပွေ့ ထိုင်းနိုင် ငံထဲကို တောင်ကျော်အလုပ်သမားအဖြစ် စ၀င်လာတုန်းက ကိုယ့်လိုပဲ ဘ၀တူတွေ အ များကြီးတွေ့ရတယ်။ အဲဒီမှာ စ စဉ်းစားမိတာက ငါတို့နိုင်ငံသားတွေ ဘာကြောင့်သူများ နိုင်ငံထဲကို အနှိမ်ခံပြီး ဒီလောက်တောင်ခိုးဝင်နေရတာလဲပေါ့။ အရင်းစစ်တော့အမြစ်မြေဆို သလိုပဲ ကိုယ့်နိုင်ငံကမကောင်းလို့ဆိုတာ ဘွင်းဘွင်းကြီးမြင်လာရတယ်။ အဓိကတရားခံက တော့ ဘိုနေ၀င်းကအစ သန်းရွှေအထိအုပ်စိုးလာတဲ့ စစ်တပ်ကြောင့်လို့မြင်လာတယ်ဗျာ။ တကယ်က မောင်ကျည်ပွေ့ဟာ စစ်တပ်ကိုသိပ်အထင်ကြီးပြီး လေးစားအားကျခဲ့တာပါ။ ဆယ်ကျော်သက်ဘ၀ကတည်းက စစ်သား စစ်ဗိုလ်သိပ်ဖြစ်ချင်ခဲ့တာ။ ၀င်ဖို့လည်းကြိုးစား ခဲ့ပါသေးတယ်ဗျာ။ အမိမြေမှသားကောင်းများတို့ တင်သန်းဦးဝတ္ထုတို့နဲ့ကြီးပြင်းလာခဲ့ရတာ ဆိုတော့လေ။ ပါပီမတို့ အဖေနဲ့သားများတို့ကလည်း ဆွဲဆောင်ခဲ့သေးသကိုးဗျ။ အဲဒီလို အထင်ကြီးခဲ့ လေးစားခဲ့ရတာလေးတွေဟာ ထိုင်းကိုရောက်ပြီးမကြာပါဘူး လက်တွေ့ဘ၀ က သင်ပေးလိုက်တာနဲ့ နေလာနှင်းပျောက်သလိုဖြစ်သွားတော့တာပါပဲ။

 

အဲဒီက စ ပြီး စစ်တပ်ကိုမုန်းတဲ့ရောဂါက စ လာတာပါပဲဗျာ။ ကိုယ်နဲ့သိကျွမ်းခဲ့ရတဲ့သူတွေ အထူးသဖြင့်တိုင်းရင်းသားတွေက စကားစမိတာနဲ့ ၀ိုင်းပြောကြတာပဲဗျ။ သူတို့စိတ်နာမယ် ဆိုလည်း နာစရာပဲလေ၊ တကယ်တော့သူတို့လည်း အိုးပစ်အိမ်ပစ်နဲ့ ဘယ်လာချင်မှာလဲ။ သူတို့မှာ ကိုယ်ပိုင်လယ်တွေ၊ယာတွေခြံတွေရှိကြတာ အေးအေးဆေးဆေးလုပ်ကိုင်စား ချင်ကြတာပါပဲ။ သို့သော်လည်း ခဏပေါ်တာ၊ တော်ကြာလုပ်အားပေး နောက်တမျိုးဘာ ကြေးညာကြေးတွေနဲ့ဆိုတော့ ကိုယ့်ရပ်ကိုယ့်ရွာကို စိတ်ကုန်လာပြီပေါ့။ နောက်ဆုံးသည်း ညည်းခံပြီးလုပ်၊ မ၀ရေစာစားပြီး ပိုက်ဆံစုတာတောင်မှ တနှစ်ပြီးလို့ဘာမှမကျန်ဆိုတော့ သူများနိုင်ငံထဲ မျက်နှာငယ်ရပေမဲ့လို့ ရွှေနဲ့ငွေနဲ့နေနိုင်တယ် လူနေမှုအဆင့်အတန်း မီးရေ မှန်တယ် ဆိုတာလေးနဲ့ပဲ လာမှိန်းနေရတာပါပဲ။ သို့သော်လည်း အမာရွတ်မြင်တိုင်း စိတ်နာ တဲ့ပုဏ္ဏားလိုပဲ ဗမာမြင်တိုင်းဘာမဆိုင်ညာမဆိုင်နဲ့ အပြောခံအမုန်းခံရတော့ စဉ်းစားသာ ကြည့်ပါတော့ကိုယ့်ဆရာတို့ရေ။ မောင်ကျည်ပွေ့က စစ်တပ်ကိုမုန်းတာဆန်းသလားဗျာ။

 

အဲဒီလိုနဲ့ပဲ စစ်တပ်မုန်းတဲ့ရောဂါက တဖြေးဖြေးရင့်လာတာပေါ့ဗျာ။ အဲဒီမှာ ကိုယ်နဲ့ရင်းနှီး တဲ့တိုင်းရင်းသားတွေကို ငါတို့တွေဟာဘ၀တူတွေပါကွာဆိုပြီး အကျိုးသင့်အကြောင်းသင့် ရှင်းပြရတာပေါ့လေ။ တော်တော်များများကတော့ သဘောပေါက်သွားကြပါတယ်၊ သို့သော် ဘယ်လိုမှပြောလို့မရတဲ့ သတ္တ၀ါတွေရှိသေးတယ်ဗျ။ သူတို့ကတော့ ရာဇ၀င်နဲ့ချီပြီးကို ဗမာ မုန်းတယ်ပေါ့၊ ဗမာဆိုလို့ကတော့ စစ်တပ်သောဘာသောမသိဘူး အကုန်လုံးသိမ်းကြုံး တော့တာပါပဲ။ သူတို့က သူတို့တိုင်းရင်းသားအဖွဲ့တွေမှာလည်း ပါဝင်ဖူးတယ်ပေါ့။ ခေါင်းဆောင် ငယ်အဆင့်လောက် ဘာလောက်တော့ဖြစ်ဖူးကြတယ်။ အဓိကခေါင်းဆောင်တွေအဆင့် လည်းမဟုတ်ဘူး။ အဲဒီကိုယ်တော်မြတ်တွေကတော့ ဗမာဆိုရင်အသေမုန်း၊ သူ့လူမျိုးကို လည်း သူတို့လောက်ချစ်တာသူတို့ပဲရှိတယ်ဆိုတဲ့ ဒီဇိုင်းမျိုးပေါ့ဗျာ။

 

ကိုယ့်လူမျိုးကိုအဲဒီလောက်ချစ်တာကွာ မင်းဘာတွေများကိုယ့်လူမျိုးကောင်းကျိုးအတွက် လုပ်ပေးဖူးခဲ့ပြီလဲလို့ သေချာမေးရင်တော့လား ဘာသာရေးလိုလို၊ ပညာရေးလိုလိုနဲ့ လိုလို တွေပဲများသွားတာပါပဲ။ အဲ..လက်ရှိမှာသူတို့အဓိကလုပ်နေကြတာကတော့ ငွေတိုးချ၊ပွဲစား၊ ကယ်ရီ အစရှိသဖြင့် ခပ်မြတ်မြတ်လေးရိတ်တဲ့အလုပ်တွေပဲဗျ။ တခြားနေရာမှာသာလူမျိုး ရေးတွေခွဲနေတာ အဲဒီသူတို့စီးပွါးရေးမှာတော့ ကိုယ့်ဆရာရေ ဘာလူမျိုးမှခွဲမနေဘူး။ အထူးသဖြင့် သူတို့သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုယ့်လူမျိုးအချင်းချင်းကို ရိတ်တာမှ တက်တက် စင်အောင်ကိုရိတ်တာဗျာ။ တချို့တွေများလူမျိုးချင်းတူတာအသာထားဗျာ တရွာတည်းသား ချင်းတောင်ချမ်းသာမပေးဘူး။ အဲ.. သူတို့လူမျိုးတွေရဲ့အထိမ်းအမှတ်ပွဲတွေဘာတွေလုပ် ရင်တော့ အဲဒီခုနကပြောတဲ့ဆရာသမားတွေက ရှေ့ဆုံးမှာနေရာယူပြီးအသံကောင်းဟစ် နေကြတာများဗျာ..။ ကိုယ့်ဆရာတို့ရေ မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါတိုးလာတာပါပဲဗျာ၊ မုန်းရမယ့်လူတွေကလည်းများလာတာကိုး။

 

ဒီလိုနဲ့ပဲမဖြစ်တော့ဘူဆိုပြီး ပြည်သူ့လွတ်လပ်ရေးကိုဆောင်ကျဉ်းပေးမယ့်အဖွဲ့တွေဘာတွေ နဲ့ဆက်သွယ်ဦးမှပဲ တတပ်တအားပါဝင်မယ်ပေါ့။ ဘုရားဘုရား.. လို့တောင် တ မိပါရဲ့ဗျာ။ များလိုက်တဲ့အဖွဲ့တွေ နာမည်တွေကိုလိုက်မှတ်ရတာကိုပဲ တော်တော်ခက်နေပြီ။ အဖွဲ့များ တော့ နည်းလမ်းမျိုးစုံနဲ့တိုက်ပွဲဝင်ရတာပေါ့လို့ ကိုယ့်ဆရာတို့ထင်ကောင်းထင်မယ်။ အောင်မယ်လေးကိုယ့်ဆရာရေ သူတို့အချင်းချင်းကို မတည့်ကြတာက ပိုဆိုးနေသေးဗျာ။ ဒါတောင် ဗမာအချင်းချင်းတွေပဲရှိသေးတာနော်။ တိုင်းရင်းသားအဖွဲ့တွေထည့်မတွက်ရ သေးဘူး။ မောင်ကျည်ပွေ့လိုပဲ လူတော်တော်များများက မြန်မာပြည်အပြင်ရောက်လာရင် အဲဒီ နိုင်ငံရေးဆရာသမားတွေနဲ့ တကွေ့မဟုတ်တကွေ့ ဆုံဖြစ်တတ်ကြပါတယ်ဗျာ။ တချို့ လည်းစိတ်ဝင်စားကြတယ်၊ အဆင်သင့်ရင်ပူးပေါင်းပါဝင်ချင်တဲ့ဆန္ဒ အနည်းနဲ့အများတော့ ရှိတတ်ကြတာပါပဲ။ သို့သော်လည်း စကတည်းက ယဉ်သကိုဆိုသလိုပဲဗျာ ကြာကြာမ၀ါးမိ ခင်မှာပဲ ခါးမှန်းသိကုန်ကြတော့ နောက်ဆုတ်ကြကုန်တာပါပဲ။

 

စည်းရုံးရေးစွမ်းရည်ထက်မြက်လွန်းလို့လေ။ အစက အဖွဲ့ဝင်တွေအများကြီးနဲ့ နောက်ကြာ လာတော့ တိုးတက်ရမဲ့အစား ဥက္ကဌကိုယ်တိုင်က တွဲဖက်အဖွဲ့ဝင်ဆိုပြီးလုပ်ရမယ့်ကိန်း ဆိုက်တော့တာပါပဲ။ အဖွဲ့ဝင်မှမရှိတော့တာကိုးဗျ၊ အာဏာရှင်ကိုမကြိုက်ပါဘူးဆိုမှ သူတို့ ချည်းငါတကောကောပြီး ရာသက်ပန်ဥက္ကဌလုပ်နေမှတော့ဗျာ သိပ်လည်းမပြောချင်တော့ ပါဘူးဗျာ။ ဒီကနေ့မှာ အားလုံးလည်းသိနေကြပါပြီလေ၊ အဲဒီတော့ကာ မောင်ကျည်ပွေ့ရဲ့ နဂိုကတည်းကရှိတဲ့အမုန်းရောဂါဟာ ပိုဆိုးလာတော့တာပါပဲ။ ဆိုး ဆိုမုန်းစရာလူတွေက လည်းတိုးလာမင့်ကိုးဗျ။

 

အဲဒီတော့အမုန်းရောဂါအပြင် စိတ်ပျက်တာလေးပါအဆစ်ရလာတော့တယ်။ ဟော ဗြုန်းဆို ရွှေဝါရောင်တော်လှန်ရေးဖြစ်လာတော့ ဒီတခါတော့ဟုတ်ပကွဲ့လို့ အားတက်လာပါလေရော လားဗျ။ ငါဒို့ကိုသံဃာတော်တွေကပဲ ကယ်တင်တော့မယ်ပေါ့။ ဒို့နိုင်ငံမှာတော့ သံဃာ တော်တွေက ဦးဆောင်ပြီး ညှိုညှိုနှိုင်းနှိုင်းနဲ့ သမိုင်းလည်းလှမယ့် အလှည့်ပြောင်းတော့ ပေါ် တော့မှာပဲဆိုပြီး ၀မ်းသာလို့မဆုံးခင်မှာပဲဗျာ လူမဆန်တဲ့ဖက်ဆစ်လိုကောင်မျိုးတွေကြောင့် မြန်မာ့သမိုင်းတောင်မက သာသနာ့သမိုင်းပါရိုင်းအောင်အလုပ်ခံခဲ့ရပါရောလား။ အဲဒါကို များ သူတို့ပဲမှန်သလိုလို သံဃာတော်တွေကပဲ မှားသလိုလိုနဲ့ ဘလော့တွေမှာရေးလာတဲ့ ဟာတွေဖတ်ရင်း အမုန်းရောဂါက တလိပ်လိပ်တိုးလာပါရောလားဗျ။ စီဘောက်တွေမှာ တမျိုး ကွန်မန့်တွေမှာတဖုံ ဘလော့ထောင်လို့တသွယ်နဲ့ သူတို့ပထွေးဘုန်းတော်ဘွဲ့တွေ ရေးကြတာများ ထောင်းလမောင်းထနေပါရောလား။

 

မောင်ကျည်ပွေ့တို့မုန်းတာများ တခါမှဒီလောက်မမုန်းဖူးဘူးလို့ဆိုရလောက်အောင်ပါပဲ။ သို့ သော် ဒီတခါတက်လာတဲ့အမုန်းရောဂါကိုဖြေဖို့ရာ ဆေးရသွားတယ်။ ဘာဆေးလဲဆိုတော့ ဘလော့ဆေးတော်ကြီးပေါ့ဗျာ။ ဘာရမလဲ မုန်းနေတာတွေကို ဘလော့ပေါ်မှာဖွင့်ထုတ်၊ တခြားဘလော်ဂါတွေ အထူးသဖြင့် ခံစားမှုခြင်း နီးစပ်တဲ့ဘလော်ဂါတွေရဲ့စာတွေဖတ်ပြီး ကိုယ့်ရောဂါကိုယ်ကုခဲ့ရတယ်။ သက်သာစပြုနေတဲ့အချိန်မှာတခါ နာဂစ်က၀င်ပြန်ရောဗျာ၊ ကိုယ့်ဆရာတို့သိတဲ့အတိုင်းပဲ ဘာနဲ့ခိုင်းနှိုင်းပြရမှန်းကိုမသိတော့ပါဘူးဗျ။ အဲဒါကိုတခါ ကာကွယ်တဲ့စာတွေရေးပြန်ရောဗျာ။ မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါက တိုးလာဆိုးလာ လိုက်တာ ဘလော့ဖြေဆေးတောင် သိပ်မနိုင်ချင်ဖြစ်သွားပါရဲ့ဗျာ။

 

နောက်ဆုံးတော့ ဘာမှဒီကောင်တွေကိုအဖက်လုပ်ပြီးရေးမနေတော့ဘူးဗျ။ ဒီကောင်တွေ က ဒဲ့ရေးရင်လည်း ရှောင်ထွက်သွားကြတာဆိုတော့။ ဒီလိုနဲ့ပဲ ကိုယ့်မှာရှိတဲ့အမုန်းရောဂါ ကို ဘလော့ဆေးတော်ကြီးနဲ့ပဲ ဖြေရင်းဖြေရင်းပေါ့ဗျာ။ သက်သာသလိုလိုရှိနေရာကနေ အခုနောက်ဆုံး မောင်ကျည်ပွေ့ရဲ့အမုန်းရောဂါဟာ တခါမှမရောက်ဖူးတဲ့ အမြင့်ဆုံးအဆင့် ကိုရောက်လာပြီ။ အခုလိုမျိုးဘယ်သူ့ကိုမှ မမုန်းဖူးဘူးဗျ၊ အခုမုန်းနေတာမှ တကယ့်ကို ခါးခါးသီးသီးဖြစ်နေတာ။ သြော်..ဘယ်သူရှိရမလဲ ဒီကောင်မောင်ကျည်ပွေ့ မောင်ကျည်ပွေ့ ကိုပဲမုန်းနေတာလေဗျာ။ ကျွန်တော်အခု တခြားသူကိုမုန်းနေတာထက် ကိုယ့်ကိုယ်ကိုပဲ မုန်းနေတော့တယ်။ အရင်က တခြားသူကိုသာလိုက်ပြီး ဟိုလိုဒီလို အပြစ်ရှာနေတာ အခု တော့ သိပြီဗျာ။ တကယ်မုန်းစရာကောင်းတာ ကိုယ်ကိုယ်တိုင်ပဲဗျာ။

 

ဘာဖြစ်ရမှာလဲဗျာ.. သူများတွေကိုသာ ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ အပြစ်တွေလိုက် တင်နေတာ ကိုယ်ကိုယ်တိုင်က ဒီအသက်ဒီအရွယ်ထိ ဘာမှဖြစ်မြောက်အောင်မလုပ်ခဲ့ဖူး ဘူးဗျ။ ဘာသာရေးလိုလို၊ လူမှုရေးလိုလို နဲ့ ယောင်တောင်ပေါင်တောင်လုပ်နေတာလေ။ တကယ့်တကယ်ကြတော့ ကိုယ့်ဘ၀တိုးတက်ရေးအတွက် ကောင်းမယ်ထင်တဲ့အလုပ် လေးရှာလုပ်လိုက်၊ အထောက်အကူဖြစ်မယ်ထင်တဲ့ ပညာလေးပြေးသင်လိုက်နဲ့ ဒီကြားထဲ ကိုယ်ကိုယ်တိုင်မလုပ်နိုင်ပဲ သူများကိုအပြစ်တင်ချင်သေးတယ်လေ။ ကိုယ့်ဟာကိုယ် မစွန့် စားရဲတာကို ဟိုလူတွေကြောင့် ဒီလိုတွေကြောင့် စိတ်ပျက်လို့ပဲ မလုပ်တာလိုလို ဟန် ဆောင်ချင်သေးတယ်ဗျာ။

 

အဲဒါကြောင့်ပြောပါတယ် ဖြစ်ခဲ့ဘူးတဲ့အမုန်းရောဂါတွေထဲမှာ ဒီတခါမုန်းတဲ့ရောဂါ ကိုယ့်ကိုယ်ကိုမုန်းနေတဲ့ရောဂါဟာ အဆိုးဆုံးလို့။ ဘလော့ဆေးနဲ့လည်း မပျောက်နိုင်တော့ ဘူးဗျ။ ပျောက်ဖို့နေနေသာသာ သက်သာဖို့တောင် မဖြစ်နိုင်တော့ဘူးဗျာ။ တကယ်မုန်း တယ်ဗျာ။ ခါးခါးသီးသီးကိုမုန်းနေတယ်ဗျာ ဟောဒီမောင်ကျည်ပွေ့ဆိုတဲ့ကောင် အလကား ကောင် မုန်းစရာကောင်းလွန်းတဲ့အကောင် ကျွန်တော်မောင်ကျည်ပွေ့ဆိုတဲ့အကောင်ပါဗျာ။

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB