သံလွင်ရေတွေလည်းမခမ်းသရွေ့ ကွယ်။

စက်တင်ဘာ ၇၊ ၂၀၀၉

သံလွင်ရေတွေလည်းမခမ်းသရွေ့ ကွယ်။

စစ်ပြေးဘဝများ
လုံးပါးကြုံဆုံ၊ လူ့ ဂုဏ်သိက္ခာ
ပြိုကာသုဉ်း၊ မုန်းစစ်ပွဲကြား
သနားညှာတွေး၊ မင့်ရင်သွေးရေးတွေ
ကျန်းမာရေး၊ ပညာရေး
အရေးတွေခမ်း၊ လမ်းတွေမဲ့
ကမ်းမဲ့ဗေဒါ၊ မရေရာမှူမျိုးနဲ့ 
ဖုန်းဆိုးထောင်းထ၊ ဘဝမောတွေ
ပျံသင်နေလေဆဲတလမ်းအကွေ့ မယ်။

ညစ်ထေးလှတကား
တို့ များဘဝ၊ ဆင်းမလှ
နွမ်းလျစွာတည်၊ ရာသီစစ်ပြေးဖြစ်
စစ်ဘေး၊စစ်ဒဏ်၊ စစ်လက်သံတွေ
မတန်မရာ၊ ယူကာခံရ
ကံဆိုးမမျိုး၊ ငြိုးခံရထင့်
ကစဥ့်ကလျား၊ ပြေးလွှားရှောင်ရင်း
ဖားစည်သံဆိတ်၊ ဒုံးသံတိတ်နေခဲ့
အို....မြေကမ္ဘာရေ
တောတွေ၊တောင်တွေ၊ လျိုမြောင်တွေကြား
ငြီးတွားငိုသံ၊ နာကျည်းသံတွေနဲ့ 
သံစဉ်တွေဝေမြဲအလွမ်းအတွေ့ ဝယ်။

စစ်ခွေးဒါးပြများ
ညီသားပြည်သူ၊ မည်သူမသိပါ
သံဃာသင်းခွဲ၊ စစ်ငရဲ
စစ်သရဲတွေအောက်၊ ဒူးထောက်ခိုဝင်
နင်...ဘဝင်စွဲ၊ ထင်မြင်လွဲရင်း
အချင်းချင်း၊ စစ်တလင်းဆင်လာ
"ယာလည်းညက်စေ၊ ကြက်လည်းမောစေ"တဲ့
နေဝင်စေမဲ့စကား၊ သတိထားမိရင်
နင်..ချိန်မှီသာ၊ ပြန်လာပါတော့လား
နှလုံးသားမှာ၊ အပြုံးများစီ
ညီနောင်ချင်းတွေမို့ ၊စောင့်လို့ နေချင်ပေ
သံလွင်ရေတွေလည်းမခမ်းသရွေ့ ကွယ်။ ။

(လင်္ကာဒီပ)

စစ်အစိုးရ ခေတ်အဆက်ဆက်မှ ယနေ့ ထက်တိုင် စစ်ပြေး၍သာနေရသော IDPစစ်ပြေးဒုက္ခသည်များအရေး
ရင်နင့်ခံစား ဤကဗျာလေးနှင့်မှတ်တမ်းပြုထားရစ်ပါသည်။

3 comments:

ကလူသစ် said...

အော်...အားလုံးကို ကဗျာဆရာတွေဖြစ်ကုန်ကျပါပေါ့လား။

ဂျစ်တူး ( မုံရွာ ) said...

ဗေဒါတွေကမ်းမမဲ့ပါဘူး-
ပန်းပန်နိုင်ဖို့ဘဲအရေးဋ္ဌကီးတာပါ-

mg kyi poae said...

ကလူသစ်ရေ... စာတောင်မှဖြောင့်အောင်မရေးတတ်ပါဘူးဆို စွတ်ပြီး အထင်ကြီးနေပြန်ပါပြီ။ ကျွန်တော် က ကဗျာစပ်ဖို့နေနေသာ ဖတ်ဖို့တောင် မနည်းကြိုးစားပြီး ဖတ်နေရတယ်။ ဒီခေတ်ကဗျာတွေက နမိတ်ပုံတွေ အသစ်အဆန်းတွေကလည်း များတာဆိုတော့လေ။ ကျွန်တော်ဘလော့မှာ ကဗျာတွေ ဓါတ်ပုံတွေ ဗွီဒီယိုတွေတွေ့ပြီဆို ကျွန်တော့်သူငယ်ချင်း စောကျော်ခွိ လက်ရာပဲ။ ကဘောက်တိကဘောက်ချာ အပိုင်းအစဆိုရင် သာ ကျွန်တော်ရေးတာခင်ဗျ။ မင်္ဂလာပါဂျစ်တူးရေ.. ဖွန့်မမြင်တာက ကျွန်တော့်စက်ကြောင့်လားမသိဘူး.. ဇော်ဂျီရော မြန်မာယူနီရော isp ရောထည့်ထားတာ။ ဂျီမေးလ်မှာ မြန်မာစာရိုက်ရင် ဘာတွေမှန်းမသိပေါ်နေတာ ပို့လိုက်ရင်တော့ အကောင်းပဲ အဲလိုဖြစ်နေတာခင်ဗျ

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB