နမူနာပဲရှိသေးတယ်

ဒီနေ့မနက်ပဲ အလုပ်သမားတွေအကြောင်း ရေးတင်လိုက်တာ အခုကျွန်တော့်သူငယ်ချင်းက သတင်းတစ်ပုဒ်ပေး လာပါတယ်။ ကျွန်တော်လဲ တခြားဆိုဒ်တွေမှာ လိုက်ကြည့်ကြည့်တော့ ဘယ်သူမှရေးထားတာမတွေ့တာနဲ့ သူယူလာပေးတာကို တင်လိုက်ပါပြီ။

အဖြစ်အပျက်ကတော့...မောင်ဖွန်လို့အမည်ရတဲ့ကလေးငယ်ကို ၄.၂.၂၀၀၆ နေ့မှာ မိခင် မမိုးမိုးက ဘန်ကောက်အ နီး စမွတ်ပရာကန်ခရိုင်ဆေးရုံမှာမွေးခဲ့ပါတယ်။ မမိုးမိုးဟာအလုပ်လုပ်ခွင့်လက်မှတ်(ဘတ်) ရှိတဲ့အလုပ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့သားကလေးကို ထိုင်းရဲတွေကဖမ်း သွားပြီး နိုင်ငံထဲခိုးဝင်တဲ့အမှုနဲ့ နယ်စပ်ကိုပြန်ပို့ဖို့လုပ်နေကြောင်းသိရပါတယ်။

ယခုအခါ အဲ ဒီကလေးကို ဘန်ကောက်အင်မီဂရေးရှင်းရုံးမှာ ချုပ်နှောင်ထားပါတယ်။ တကယ်တော့ဒီ ကလေးမှာ မွေးစာရင်းတွေလဲလုပ်ထားကြောင်းသိရပါတယ်။ အခုအခါမှာ ထိုင်းရှေ့နေများ ကောင်စီက ဒီအမှုကို လိုက်လံကူညီဆောင်ရွက်နေပြီး ဒီကလေးကိုအပြစ်ရှိကြောင်း ဘယ်သူကဆုံးဖြတ်တာလဲ၊ ဘာကြောင့်ဆုံးဖြတ်တာလဲဆိုတာကို အင်မီဂရေးရှင်းထံစာပို့ ထားပြီး ကလေးကိုပြန်လွှတ်ဖို့လည်း ဥပဒေဆိုင်ရာအချက်လက်နဲ့တကွ စာပို့ထားကြောင်း သိရပါတယ်။

ဒီအကြောင်းအသေးစိတ်ကို ထိုင်းဘာသာဆိုဒ်တခုဖြစ်တဲ့- လေ့လာနိုင်ပါတယ်ခင်ဗျား။ဘန်ကောက်ပို့စ်သတင်းစာမှာလည်း ရေးထားကြောင်းတွေ့လို့ လင့်ကိုကူးပေးလိုက်ပါတယ်။ အင်္ဂလိပ်လိုဆိုတော့ မိတ်ဆွေများဖတ်မဖို့ မခက်ခဲပါဘူးခင်ဗျား။

3 comments:

ကလူသစ် said...

မွေးခါစ ကလေးကို ဖမ်းတာလား။ ဒါဆို သူ့အမေ အပြစ်ပဲဗျ။ အမှန်က ထိုင်းဖက်မှာခေါင်းထား၊ မြန်မာဖက်ကမ်းမှာ ဖင်ထားပြီး မွေးရမှာ။ ဒါမှ အင်မီကရေးရှင်းက အရေးယူလို့ မရမှာပေါ့။

ဒူကဘာ said...

အေးဗျာ.... ကြားရ နားဝ မသက်သာ ပါလား အရပ်ကတို့ရယ်....

သစ်နက်ဆူး said...

ကိုကျည်ပွေ့ ရေ..
ကျနော်ကိုယ်တိုင်လဲ ထိုင်းမှာ ဘ၀ကိုရုန်းကန်ခဲ့ရဘူးပါတယ်..
ဒါကဘာကြောင့်လဆြိုတော့ မိမိနိုင်ငံတွင်းအလုပ်အကိုင်ရှားပါးမှု၊ ငွေကြေးတန်ဘိုးကျဆင်းမှုတွေကြောင့်ပါ..။
ဒါဟာတိုင်းပြည်တခုရဲ့ ကျရှုံးမှုပါ..တိုင်းပြည်ကို အုပ်ချုပ် ကယ်တင်ပါတယ်ဆိုသူတွေရဲ့ ညံ့ဖျင်းမှုတွေပါ...။
ဒါကိုကိုယ်တိုင်မမြင်နိုင်မစဉ်းစားနိုင်ဘဲ...
ဒီလိုပြောတာနဲ့ မိမိနိုင်ငံအကြောင်းမကောင်းပြောတယ်...အမေကျော်ဒွေးတော်လွမ်းတယ် ပြောတော့တာဘဲ..။
အမေက သိပ်အချိုးမပြေတဲ့ အခါ ဒွေးတော်ဘဲဖြစ်ဖြစ်၊မိထွေးဘဲဖြစ်ဖြစ် လွမ်းရတော့တာပေါ့ဗျာ...။
ကိုယ့်သားချင်းတွေကို ဒီဒုက္ခတွေက လွတ်စေချင်လှပြီဗျာ.။

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB