လက်ဆောင်

ကျွန်တော် မြန်မာပြည် ကပြန်ရောက်လာတော့ အတွေ့အကြုံတွေကို ရေးမယ်လို့ စဉ်းစား ထားပါတယ်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ရေးချင်စိတ် ပျောက်နေခဲ့ပါတယ်။

သို့ပေမဲ့လည်း မြန်မာပြည်ကိုရောက်တုန်းက နားထောင်ဖြစ်ခဲ့တဲ့ မိုးကုတ်နယ်လှည့်ဓမ္မကထိက ဆရာတော်ဥူးသုမင်္ဂလရဲ့ စကားတခွန်းကို မျှဝေပေးချင်ပါ တယ်ခင်ဗျာ။ တချို့မိတ်ဆွေများလည်း သိပြီးဖြစ်ပါလိမ့်မယ်။

မသိတာထက်မသိချင်တာကပိုခက်၏မသိချင်တာထက်သိနေယောင်ဆောင်နေတာက ပိုပိုခက်၏တဲ့ခင်ဗျ။ တိုပေမဲ့ တော်တော်ထိတဲ့စကားလုံးတွေဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်တော့ တော်တော်လေးကိုကြိုက်နှစ်သက်မိပါတယ်။ အစားကောင်းစားရတဲ့အခါ ချစ်ခင်သူများကို သတိရတယ်ဆိုသလို ကျွန်တော်လည်း စကားကောင်းကြားခဲ့ရလို့ ကျွန်တော်ချစ်တဲ့ မိတ်ဆွေများကို ဝေငှလိုက်ပါတယ်။ မင်္ဂလာပါခင်ဗျား....

1 Comentário:

Unknown said...

သိချင်ယောင်ဆောင်တယ်ဆိုတာ ညာတာပဲဗျို့။

ပြန်လာတာဝမ်းသာတယ်

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB