တဂ်စာ

ကျွန်ုပ်သည် ဘလော့လောကထဲသို့ ဆော်စာ ကလော်စာများရေးရင်း ၀င်ရောက်လာခဲ့ သည်။ အမြင်မတော်ဟုထင်လျှင် မည်သူမှမရွေး အားလုံးကိုဆော်ခဲ့ ကလော်ခဲ့သည်။

ယခု လည်း ဆော်ရ၊ ကလော်ရဦးပေမည်၊ အခြားသူမဟုတ် ကိုယ့်ကိုယ်ကို ပင်ဖြစ်သည်။ စာရေး သားခြင်းနှင့် အခြားအနုပညာအတတ်များတွင် ပညာရှင်အဆင့်ကျွမ်းကျင်နေသော ကျွန်ုပ် ကလေးစား အားကျရသော ဆရာ သစ်နက်ဆူး က ချစ်ခင်သောအားဖြင့် တဂ် လာသည့် မိမိကိုယ်မိမိ မုန်းနေသာ ၁၀ ချက်ကို ရေးရပေတော့မည်။

အခြားသူများကိုသာ အားမနာ လျှာကျိုးဝေဖန်ခဲ့သော ကျွန်ုပ် ယခုကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်လိုက်ပါသည်။ ၁။ အလုပ်ကို နေ့ရွှေ့ညရွှေ့လုပ်တတ်သောအကျင့်
၂။ လူမှုရေးဆက်ဆံမှုညံ့ခြင်း
၃။ မိမိ၏ရည်မှန်းချက်ကို မရမနေလုပ်မည့် ဇွဲမရှိခြင်း
၎။ အဆိုးမြင်တတ်မှုများနေခြင်း
၅။ သည်းခံနိုင်မှုနည်းခြင်း
၆။ အငြင်းသန်ခြင်း
၇။ ဖတ်ခဲ့သောစာများကို မေ့လွယ်ခြင်း
၈။ ယခုအသက်အရွယ်ထိ ဘာအတတ်ပညာတခုမှ မတတ်မြောက်သေးခြင်း
၉။ ဘာသာရေးနှင့်ပတ်သက်၍ ဆရာကောင်းများနှင့်ကြုံခဲ့သော်လည်း တိုးတက်မှုမရှိခြင်း
၁၀။ စာရေးရန်ပျင်းခြင်းထပ်ရေးရလျှင် နောက်ထပ်အချက်များစွာ ကျန်နေပါသေးသည်။ အခြားဘလော်ဂါများလို ဖတ်ချင်စဖွယ်ဖြစ်အောင် မရေးနိုင်သောကြောင့် ဤမျှသာ ရေးလိုက်ပါသည်။ ကျေနပ်ပါ ဆရာဆူးခင်ဗျား………

2 comments:

သစ်နက်ဆူး said...

ကိုပွေ့ ( ဆရာခေါ်တာ မကြိုက်ဘူးဆိုလို့ )
လာဖတ်သွားပြီဗျ...ကိုယ့်ကိုယ်ကိုလဲ ဒီလောက်ဆော်ရရင် တော်ပြီပေါ့ ...ကိုပွေ့ ရေ..
ကျနော်လဲ ဆရာ မဟုတ်ဘူးနော်...
ဆရာခေါ်တာနဲ့  နောက်ထပ် အကျပ်ကိုင်ပြီိး တက်ဂ် ပစ်လိုက်မှာ...
ဟားဟား...
ကျေးဇူးတင်ပါတယ်ဗျာ...
အားလုံးအဆင်ပြေပါစေ...

ဟန်လင်းထွန်း said...

နဲ နဲပျော့်တယ်။ ခပ်ပြင်းပြင်းလေးမှ ကြိုက်တာ။ လောက်ခေါင်လိုပေါ့။ `` ဟဟ

စကားမစပ် ၊၊! word verification လေး ဖြုတ်ပါလား။ ကွန့်ရတာ ပိုလွယ်လို့

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB