အပိုင်းအစ

မင်္ဂလာပါခင်ဗျာ. သင်္ကြန်တွင်းနဲ့ သင်္ကြန်နောက်ပိုင်းမှာ အလုပ်တွေ အရမ်းရှုပ်နေလို့ ဘလော့ဖက်ကိုမလှည့် နိုင်ခဲ့ပါဘူး။ ကိုယ်ပိုင်ကွန်ပျူတာ၊ အင်တာနက်ကလည်းမရှိတော့ ဘလော့နဲ့ပိုကင်းကွာသွားတာပေါ့လေ။ နောက်အကြောင်းတခုကတော့ လုပ်စရာရှိတာကို အချိန်ဆွဲပြီး လုပ်တတ်တဲ့အကျင့်ဆိုးကြောင့်လည်း ပါပါတယ်။ အဲဒီအကျင့်ဆိုးကြောင့် ကျွန်တော့်ဘ၀မှာ ဆုံးရှုံးမှုတွေ အများကြီးတွေ့ခဲ့ရပေမယ့်လည်း အခုထိမ ပြင်နိုင်ဖြစ်နေတယ်။

အင်တာနက်သတင်းတွေနဲ့ ကင်းကွာတဲ့နေရာမှာ ကျွန်တော်ရောက်နေခဲ့တော့ အက်ဖ်အမ်ရေဒီယိုလိုင်း ကိုပဲနားထောင်ဖြစ်ပါတော့တယ်။ အဲဒီမှာ အိုလံပစ်မီးရှုးတိုင်နဲ့ပတ်သက်ပြီး တွေးစရာ၊ ပြောစရာဖြစ်လာပါတယ်။ ထိုင်းမှာအိုလံပစ်မီးရှုးတိုင်လှည့်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်နဲ့ မီဒီယာတွေက ဆန္ဒပြမဲ့သူတွေ ကို အပစ်တင်ပြောဆိုကြပြီး ဒီအစီအစဉ်ကိုအကြောင်းပြုလို့ ထိုင်း-တရုတ်ဆက်ဆံရေးတိုးတက်အောင် အားထုတ်ကြိုးစားကြတာ နားထောင်လိုက်ရပါတယ်။ တရုတ်နိုင်ငံကလည်း ဒီမီးရှုးတိုင်နဲ့ပတ်သက်ပြီး ဘယ်သူ တွေက တရုတ်ရဲ့မိတ်ဆွေတု/စစ်ဆိုတာ ပေါ်လွင်ထင်ရှားမယ်လို့ ခြိမ်းခြောက်သလို၊ အပြစ်တင်သလို စကား ခင်းလာပါတယ်။

တချို့ကလည်း အားကစားနဲ့နိုင်ငံရေး ဘာမှမဆိုင်ကြောင်း၊ ခွဲခြားထားသင့်ကြောင်း ပြောကြဆိုကြပါ တယ်။ ဒီတော့ ကျွန်တော့်အနေနဲ့စဉ်းစားမိတာက အားကစားနဲ့နိုင်ငံရေးဟာ တကယ်ပဲဘာမှမဆိုင်ကြဘူးလား.. အစိုးရတွေအနေနဲ့ (ငွေတွေအများကြီးကုန်ကျခံပြီး)အားကစားပွဲတွေ ကျင်းပပြုလုပ်တဲ့ရည်ရွယ်ချက်ဟာ တကယ်ပဲ နိုင်ငံရေးနဲ့မပတ်သက်ဘူးလားဆိုတာ မေးစရာဖြစ်လာပါတယ်။ ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်ကို ကြည့် မယ်ဆိုရင် စက်တင်ဘာအရေးအခင်းကစပြီး ပြန်ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ ဗုဒ္ဓဘာသာ အထူးသဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်တာချင်းလည်းတူတာတောင်မှ အထွဋ်မြတ်ထားရတဲ့ သံဃာတော်တွေ ရိုက်နှက် စော်ကားခံရတာကို ဘာမှအရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ သာသနာထက် ဓါတ်ငွေ့စီးပွါးရေးက ပိုပြီးအရေး ကြီးတယ်လို့ ခံယူကြသလားမသိပါ။

ထိုင်းအပြင်တခြားထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတွေကလည်း သိပ်ပြောပလောက်အောင် လှုပ်ရှားမှုတွေ မရှိခဲ့ကြပါဘူး။ အခြားဘာသာ ကိုးကွယ်တဲ့သူတွေကတော့ ကိုယ်ကျိုးစီးပွါးထက် ဘာသာရေးကို အလေးထားပါ တယ်။ ဘာသာရေးနဲ့ပတ်သက်လာရင် ဖါသိဖါသာနေလေ့မရှိကြပဲနဲ့ စည်းလုံးညီညွတ်မှုများစွာ ရှိကြပါတယ်။ အနာဂတ်ကာလအတွက် စဉ်းစားစရာတွေအများကြီးပါပဲ။ တိဗက်အရးအခင်းနဲ့ပတ်သက်ပြီး ဘယ်ဗုဒ္ဓဘာသာ နိုင်ငံကမှ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ခြင်းလည်းမရှိကြပါဘူး။ အခုဆန္ဒပြကြတာဟာလည်း အိုလံပစ် ပွဲထက် တရုတ်အစိုးရရဲ့ မတရားမှုတွေကို တရုတ်ပြည်သူတွေသိအောင် လုပ်ဆောင်နေကြတယ်လို့ပဲယူဆမိပါ တယ်။ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးမှာ တရားမျှတမှုဆိုတာထက် ကိုယ်ကျိုးစီးပွါးတွေက ရှေ့တန်းရောက်ပြီး ကိုယ် ကျင့်တရားတွေ နိမ့်ကျခေါင်းပါးနေကြတာ(အထူးသဖြင့်) နိုင်ငံ့ခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်တွေ ကိုယ်ကျင့်တရား ဖြူစင်ရိုးသားမှုတွေ နည်းပါးနေကြတာတွေဟာ လူသားမျိုးနွယ်တခုလုံးအတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

ကျွန်တော့်ရေးသားချက်တွေဟာ ဆရာကြီးလုပ်ချင်တဲ့ပုံစံမျိုးဖြစ်ခဲ့ရင်တော့ သည်းခံခွင့်လွှတ်ပါခင်ဗျာ။ ကျွန်တော်ရိုးသားစွာတွေးမိတာကိုပဲ မိတ်ဆွေများဝေဖန်သုံးသပ်နိုင်ဖို့တင်ပြခြင်းဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ တရုတ်အပါအ၀င် အာစီယံနိုင်ငံတွေ(ခေါင်းဆောင်တွေ) ကို ချဉ်နေမိပါတယ်။ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်းသင့်တဲ့ အကြောင်းအရာတွေပဲလို့ယူဆမိကြောင်းပါခင်ဗျား။ မင်္ဂလာပါ..

0 comments:

 

©2009 မောင်ကျည်ပွေ့ | Template Blue by TNB